လူငယ်များကို  ဆွဲဆောင်နိုင်ရန်  ရည်ရွယ်သည့်  Cadillac  ကားရောင်းအား  တရုတ်တွင်  ဆက်လက်တိုးတက်ရန်  မျှော်မှန်း

672

တရုတ်နိုင်ငံ၌ လူငယ်များ၏ဝယ်လို အား ကောင်းမွန်မှုကြောင့် ၂ဝ၁၇ ခုနှစ်အတွင်း General Motors ၏ Cadillac  အမှတ်တံဆိပ်ဇိမ်ခံကားများ ရောင်းအား ၆ဝ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်မည်ဟု GM က မျှော်လင့်ထားကြောင်း နိုင်ငံတကာသတင်း မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။

 

တရုတ်နိုင်ငံတွင် ယမန်နှစ်က Cadillac  ကားစက်ရုံ စတင်ဖွင့်လှစ်ခဲ့ပြီး ရောင်းအား ၅ဝ ရာခိုင်နှုန်း အောက်သာရှိခဲ့ကြောင်း သိရသည်။ ဂျာမန် ထိပ်တန်းဇိမ်ခံကား အမှတ်တံဆိပ်များ ဖြစ်ကြသော Audi ၊ BMW နှင့် Mercedes တို့ လွှမ်းမိုးထားသည့် တရုတ်နိုင်ငံ ဇိမ်ခံကားစျေးကွက်တွင် GM ၏ တန်ဖိုးကြီး ဇိမ်ခံကားအမှတ်တံဆိပ် Cadillac  သည် စျေးကွက်ဝင်ရောက်မှု နောက်ကျနေခဲ့ခြင်းဖြစ်သည်။ Cadillac  အနေဖြင့် ယခုနှစ်တွင် အရောင်းကိုယ်စားလှယ် ၁၈ဝ ရှိရာ အရှိန်အဟုန် ဆက်လက်မြင့်တင်ရန် လာမည့် ငါးနှစ်အတွင်း အရောင်းကိုယ်စားလှယ် သုံးရာကျော်အထိ တိုးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

”တရုတ်လူငယ်အများစုက လူကြားထဲမှာ ကွဲကွဲပြားပြားဖြစ်မယ့် အရာကို ရှာဖွေလာကြတယ်၊ အဲဒါကြောင့်လည်း လူငယ်ပရိသတ်ကို အဓိကရည်ရွယ် လုပ်ဆောင်တာပါ၊ ဒါက တခြားနိုင်ငံတွေနဲ့ သိသိသာသာ ပုံစံကွဲထွက်နေပါတယ်၊ ဥရောပနဲ့ အမေရိကတို့မှာ ကျွန်တော်တို့ ကားတွေကို အားပေးနေတဲ့သူတွေ က အသက်ငါးဆယ်တန်းတွေဖြစ်ပေမဲ့ တရုတ်မှာတော့ Cadillac  ဝယ်ယူသူတွေရဲ့ ပျမ်းမျှအရွယ်က ၃၃ နှစ်ဖြစ်ပါတယ်”ဟု တရုတ် Cadillac  အကြီးအကဲ Andreas Schaaf က ပြောသည်။

Ref: Reuters, Auto News China

LEAVE A REPLY

Please enter your comment!
Please enter your name here