လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

401

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Honda Fit Shuttle Hybird ရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Honda Fit Shuttle Hybird ဆိုသည်မှာ …
Honda Fit Shuttle ကို Honda Car Company က ၂ဝ၁၁ ခုနှစ်၊ မတ်လမှာ စတင်ထုတ်လုပ် ဖြန့်ဖြူးခဲ့ပါတယ်။ Fit Shuttle လို့ ခေါ်ရတဲ့အကြောင်းကတော့ အရှေ့ရုပ်ထွက်က Honda Fit ပုံစံဖြစ်ပြီး အနောက်ပိုင်းကိုတော့ အလျားပိုရှည်၊ ပစ္စည်းပိုဆံ့စေတဲ့ပုံစံမျိုး လုပ်ထားပါတယ်။ တစ်စီးလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ လွန်းပြန်ယာဉ်ပုံစံလေးနဲ့တူစေတဲ့ အတွက် Shuttle ဆိုတဲ့ စာလုံးလေးထပ်ပေါင်းပြီး Honda Fit Shuttle လို့ ဖြစ်လာတာပါ။ 1.5L Engine ၊ 1.3L Hybrid အင်ဂျင်နှစ်မျိုးထုတ်လုပ် ထားပြီး စာရေးသူတို့ဆီမှာတော့ 1.3L Hybrid အင်ဂျင်က ရေပန်းစားလူ ကြိုက်များစေတဲ့အတွက် 1.3L Hybrid ထဲကမှ အရောင်းအဝယ်အဖြစ်ဆုံး ၂ဝ၁၁-၂ဝ၁၃ မိုဒယ်ကိုပဲ ရှင်းပြသွားမှာ ဖြစ်ပါတယ်။ Honda Fit Shuttle Hybrid ရဲ့ Grade တွေကတော့ C ၊ Hybird ၊ Smart Selection ၊ Smart Selection Fine Line ၊ Premium Grade ဆိုပြီး အမျိုးအစား ခွဲထားပါတယ်။ C ကတော့ Basic Grade ဖြစ်တဲ့အတွက် ရေပန်းစားပါဝင်မှုအနည်းဆုံးဖြစ်ပြီး အမြင့်ဆုံး Grade ဖြစ်တဲ့ Premium Grade မှာ ရေပန်းစားလူကြိုက်များတဲ့ Function တွေ ပါဝင်ပါတယ်။

ရေပန်းစား လူကြိုက်များသောအချက်များ
၁။ ကားရဲ့ ဒီဇိုင်းအသွင်အပြင်ဖွဲ့စည်းပုံ
Honda Fit ရဲ့ ဒီဇိုင်းကိုအခြေခံပြီး ပစ္စည်းပိုဆံ့စေဖို့အတွက် ကားရဲ့ အနောက်ပိုင်းအလျားကို ဆန့်ထုတ်ထားတဲ့ လွန်းပြန်ယာဉ်ပုံစံလေးက လည်း နဂို Honda Fit ချစ်သူတွေအတွက် ပိုမိုကျယ်ဝန်းပြီး အမြင်တစ် မျိုးဖြစ်စေတဲ့ ဒီဇိုင်းဖြစ်လို့ Honda Fit Shuttle Hybrid ကို ရေပန်းစား လူကြိုက်များစေတာ ဖြစ်ပါတယ်။

၂။ အတွင်းခန်းကျယ်ဝန်းမှု
အရင် Honda Fit ကို အနောက်ပိုင်း ပစ္စည်းများများတင်ဆောင် ရာမှာ ပစ္စည်းသိပ်မဆံ့တဲ့ပြသနာကို Honda Fit Shuttle Hybrid က ဖြေရှင်းပေးလိုက်ပြီဖြစ်တဲ့အတွက် ကားနောက်ပိုင်း ပစ္စည်းထားတဲ့အခန်းမှာ ပစ္စည်းများများတင်ဆောင်သူတွေ အကြိုက်တွေ့စေတာ ဖြစ်ပါတယ်။

၃။ Digital Aircon
Honda Fit Shuttle Hybrid ရဲ့ အနိမ့်ဆုံး Grade C ကနေ အမြင့်ဆုံး Grade Premium အထိ အဲကွန်းအဖွင့်/အပိတ်နဲ့ Temperature ချိန်ညှိတဲ့ ခလုတ်အား လုံးကို Digital System ထည့်သွင်းပေးထားတဲ့ အတွက် Digital Aircon ကိုလည်း ရေပန်းစားလူကြိုက်များကြပါတယ်။

၄။ ဆီစားသက်သာစေတဲ့ 1.3L Hybrid Engine
Honda Fit Shuttle Hybrid ကို 1.3L အင်ဂျင်တပ်ဆင်ထားပြီး Hybrid နည်းပညာနဲ့ ပေါင်းစပ် ထုတ်လုပ်ထားတဲ့အတွက် အင်ဂျင် လည် ပတ်မှုအပေါ် Battery ရဲ့ ကူရုန်းပေးနိုင်စွမ်းကြောင့် ပုံမှန် 1.3 Engine တွေထက် ဆီစားပိုသက်သာစေတဲ့အတွက် မြို့တွင်းအသုံးပြုသူရော ခရီး ဝေးထွက်သူတွေပါ အကြိုက်တွေ့စေတဲ့ 1.3L Hybrid Engine ပဲ ဖြစ်ပါ တယ်။

၅။ Half Leather Seat
အနိမ့်ဆုံး C Grade ကလွဲလို့ ကျန်တဲ့ Grade အားလုံးမှာ ပါဝင်တဲ့ Half Leather Seat (ရှမွိုင်းကို လည်သာတစ်ဝက်)ပြုလုပ်ထားတဲ့အတွက် ကားတွေကို ထိုင်ခုံစွပ်တပ်ဆင်တတ်သူတို့အဖို့ တပ်ဆင်စရာမလိုဘဲ လှပ နေစေတာကလည်း Honda Fit Shuttle Hybrid ရဲ့ ရေပန်းစားမှု တစ်ခုပဲ ဖြစ်ပါတယ်။

၅။ Eco Mode
1.3L အင်ဂျင်ကို Hybrid နည်းပညာနဲ့ ထုတ်လုပ်ထားလို့ ဆီစား သက်သာတဲ့အပြင် Honda ကားထုတ်လုပ်သူတွေက ဆီစားသက်သာတဲ့ Eco Mode စနစ် ထပ်ထည့်ထားပြန်တော့ ဆီစားသက်သာသထက် သက်သာစေလို့ အဲဒီအချက်ကလည်း ဟွန်ဒါချစ်သူတို့ စိတ်ကြိုက်တွေ့တဲ့ ရေပန်းစားမှု တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခုသတိချပ်ရမှာက Eco Mode ဖွင့်ထားရင် ဆီစားအတော်သက်သာတာ မှန်ပေမဲ့ အင်ဂျင်ကိုချုပ်ထားတဲ့ အတွက် Slow မောင်းတဲ့အခါမျိုးမှာ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တတ်ပြီး အဲကွန်း အအေးလည်း နည်းနည်းလျော့ပါတယ်။ စာရေးသူအနေနဲ့ ကားချစ်သူတို့ ကို အကြံပေးချင်တာကတော့ Eco Mode ကို မြို့တွင်း ကားပိတ်တဲ့ နေရာမျိုးမှာ မသုံးဘဲ ခရီးဝေးထွက်တဲ့အခါမှာပဲ သုံးပေးတာက ပိုအဆင် ပြေစေမယ်လို့ ထင်ပါတယ်။

၆။ Indicator Display
Honda ရဲ့ Hybrid ကားတွေအားလုံးမှာ Indicator Display ဒိုင်ခွက်ကို အတော်လေး ဆွဲဆောင်မှုရှိအောင် ထုတ်ထားပါတယ်။ Honda Fit Shuttle Hybrid မှာတော့ Insight ၊ Civic လို ကီလိုကို Digital နဲ့ တော့ မပြပါဘူး။ လက်တံလေးနဲ့ပဲပြပြီး ကားမောင်းသူရဲ့ လီဗာနင်းတဲ့ပုံစံ အပေါ်မူတည်လို့ ကားရဲ့ဒိုင်ခွက် အစိမ်း၊ အပြာနု၊ အပြာရင့် ပုံစံသုံးမျိုး ခွဲပြီး ဆီစားသက်သာမှုကိုပြပေးတဲ့အချက်ကလည်း ရေပန်းစားစေတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါ့ပြင် IMA System တွေ အလုပ်လုပ်ပုံ၊ Battery Charging & Assist လုပ်တာတွေကိုလည်း ကြည့်ရှုနိုင်တာတွေက ရေပန်းစားစေတဲ့ဆန်းသစ်မှုပဲ ဖြစ်ပါတယ်။

၇။ Coolbox ပါဝင်မှု
1.3L Hybrid ကားမှာ Coolbox ပါဝင်တယ်ဆိုရင် ကားချစ်သူတို့ အံ့သြသွားမယ် ထင်ပါတယ်။ Honda Fit Shuttle Hybrid ရဲ့ Premium Grade မှာ Coolbox ပါဝင်ပါတယ်။ ဒီကားလေးကို Coolbox ထည့်သွင်း ပေးတာကတော့ Honda Car ထုတ်လုပ်သူရဲ့ ဆန်းသစ်တဲ့အကြံလို့ပြော လို့ရပါတယ်။ ကားမောင်းသူရဲ့ ဘယ်ဘယ်ရှေ့ထိုင်ခုံအပေါ် Dashboard မှာ Coolbox ကို အဲကွန်းပိုက်လိုင်းကနေ ကော်ပြားအထိုင်လေးထည့်ပြီး အဲကွန်းကလာတဲ့လေကို ဝင်စေတာပဲဖြစ်ပါတယ်။ တခြားကြားခံ တစ်ခုမှ မလိုဘဲ Coolbox ကို ရိုးရိုးရှင်းရှင်းနဲ့ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Honda Fit Shuttle Premium Grade ရဲ့ Coolbox ပါဝင်မှုကလည်း ရေပန်းစား လူကြိုက်များစေပါတယ်။

၈။Honda Navi HDD TV
Honda Car တွေရဲ့ Grade မြင့်ကားတွေမှာ ထည့်သွင်းပေးထားတဲ့ Honda Navi HDD TV ပဲ ဖြစ်ပါတယ်။ Honda Fit Shuttle Hybrid မှာလည်း Premium Grade နဲ့ Customer Option Grade တွေမှာ ကားချစ်သူတို့ ရေပန်းစားပြီးကြိုက်နှစ်သက်တဲ့ Honda Navi HDD TV ကို ထည့်သွင်းပေးထားပါတယ်။

၉။ Cruise Control
အနိမ့်ဆုံးဖြစ်တဲ့ C Grade တစ်မျိုးကလွဲပြီး ကျန်တဲ့ Grade အား လုံးမှာ အလိုအလျောက် အရှိန်ထိန်းမောင်းနှင်ပေးတဲ့ Cruise Control ပါဝင်မှုကြောင့်လည်း ရေပန်းစားစေပါတယ်။

၁ဝ။ Smart Key & Push Turn
Smart Selection ၊ Fine Line ၊ Premium Grade တွေမှာတော့ Grade မြင့်ကားတွေမှာ ထည့်သွင်းပေးထားတဲ့ Smart Key စနစ်ပါရှိပြီး စက်နှိုးတဲ့ခလုတ်ကတော့ Push-start မဟုတ်ဘဲ Push Turn (လှည့်၍ နှိုးရသောစနစ်)ဖြစ်ပါတယ်။ ဒီပါဝင်မှုက စတိုင်လ်လည်းကျစေတဲ့အတွက် ရေပန်းစားစေပါတယ်။

Honda Fit Shuttle Hybrid ကို ဒီဇိုင်းလှပပြီး ခေတ်မီခြင်း၊ နည်း ပညာမြင့် ကားတစ်စီးဖြစ်တဲ့အတွက် ဆီစားသက်သာခြင်း၊ အင်ဂျင်ပါဝါ အသေးကားဖြစ်ပေမဲ့ အနောက်ခန်း ပစ္စည်းထည့်တဲ့နေရာ ကျယ်ဝန်း ခြင်း၊ အတွင်းထိုင်ခုံများ ကျယ်ဝန်းခြင်း၊ မောင်းနှင်ရတာ ပေါ့ပါးခြင်း၊ မောင်းရလွယ်ကူခြင်းတွေကြောင့် ကားရောင်းချခြင်း/ ဝယ်ယူခြင်းတွေမှာရေပန်းစားလူကြိုက်များစေတဲ့မိုဒယ်မြင့် Honda Hybrid ကားတစ်စီး ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။ နောက်တစ်ပတ် ‘လူကြိုက်များသော ကားတို့၏ ရေပန်းစားသော ပါဝင်မှုများ’မှာ ဘယ်ကားအမျိုးအစားက ဘယ်လို ရေပန်းစား လူကြိုက်များတဲ့ စနစ်ေတွပါဝင်တယ်ဆိုတာကို ေစာင့်ေမျှာ်ဖတ် ရှုဖို့ တုိက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here