လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

257

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Nissan Juke ရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Nissan Juke ဆိုသည်မှာ …
Nissan Juke ကို Nissan Company ကနေ Compact SUV အဖြစ် ၂ဝ၁ဝ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့ပါတယ်။1.5 Engine နှင့် 1.6 DIG Turbo ဆိုပြီး အင်ဂျင်နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ Nissan Juke မှာ Grade အားဖြင့် RS,RX,GT,NISMO ဆိုပြီး ရှိပါတယ်။ 1.6 Turbo ကတော့ Sport Type ဆန်ပြီး အထတွေမှာ တော်တော်ကောင်းလို့ လူငယ်ကြိုက်ပုံစံဖြစ်ပြီး ၁.၅ အင်ဂျင်ကတော့ လူကြီး၊ လူငယ်နှစ်မျိုးကြိုက် ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး အောက်ပိုင်းမြင့်မြင့်လေးနဲ့ ရုပ်ထွက်က ဆိုး တာလား၊ ချစ်ဖို့ကောင်းတာလားလို့ ဒွိဟဖြစ်စေတဲ့ သူ့ရဲ့ဒီဇိုင်းကြောင့် ထူးခြားနေသလို Compact SUV ထဲမှာ စျေးသက်သက်သာသာနဲ့စီးနိုင်တာ ကြောင့် Nissan Juke ရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်တွေ၊ ွမိေန တစ်ခုစီတိုင်းမှာ ဘယ်လို ပြောင်းလဲပါဝင်သလဲဆိုတာ ဖော်ပြမှာ ဖြစ်ပါတယ်။

ရေပန်းစား လူကြိုက်များသောအချက်များ
၁။ ကားရဲ့ ဒီဇိုင်းအသွင်အပြင်ဖွဲ့စည်းပုံ
Nissan Juke ရဲ့ကားပုံစံမှာ ရှေ့ပိုင်းကိုမြင်ရတာက မီးလုံးတွေ အများကြီးနဲ့ စူပုပ်ပုပ်ပုံစံလေးဖြစ်ပြီး ဘေးဘက်မှာလည်း အဖောင်းအကြွ တွေနဲ့ ဖန်တီးထားပါတယ်။ ပတ်လည်မှာတော့ Overfender တွေ Grade တိုင်း ပါဝင်ပါတယ်။ နောက်ဘက်က ကြည့်မယ်ဆိုရင် ဖားတစ်ကောင်းရဲ့ နောက်ပိုင်းနဲ့ သဏဥာန်တူပြီး သူ့ရဲ့ပုံစံကို ခြုံငုံကြည့်ရရင် ဖားတစ်ကောင် ထခုန်တော့မလို၊ ထပျံတော့မလို ပုံစံမျိုးနဲ့ဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီက ကားနာမည်ပေးဆရာတွေ မှည့်ခေါ်တဲ့ ဖားပျံဆိုတဲ့ အမည်နဲ့ ရေပန်း စားလာတာပါ။

၂။ အတွင်းခန်းလှပမှု
RX Grade ရဲ့ အောက်မှာတော့ Urban Selection ၊ RX Type V ၊ Personal Package ၊ Premium White Package စတဲ့ Option Grade ခွဲတွေ ရှိပါတယ်။ ဒီ Grade တွေမှာတော့ RS Grade လို မရှင်းဘဲ အတွင်းခန်းတွေကို အနီရောင်နဲ့ ခဲရောင် နှစ်မျိုးလာပါတယ်။ အတွင်းခန်းအနီရောင်အပြင် ဘေး Side Cover အသားတွေကိုပါ အနီ ရောင်နဲ့ အလှဆင်ထားပြီး ထိုင်ခုံအသားကို အနီနဲ့အနက် ရောစပ်ချုပ် ထားတာကြောင့် Nissan Juke ကို မေးကြတဲ့အခါ ‘အတွင်းခန်းအနီ ဖြစ်လား၊ အနီဆိုလှတယ်’ဆိုတဲ့အချက်က အတွင်းခန်းဒီဇိုင်းကို ရေပန်း စားတာ ပေါ်လွင်လှပါတယ်။

၃။ Control Center
Nissan Juke RX Grade နဲ့ DIG Turbo တွေမှာတော့ ကားရဲ့ Aircon အဖွင့်/အပိတ်ရော၊ Drive Mode နှစ်ခုစလုံးကို ဒီ Control Center ထဲမှာ ထည့်ပေးထားပါတယ်။ Aircon System ထဲဝင်ချင်တဲ့ အခါမှာ Climate ဆိုတဲ့ ခလုတ်လေးကိုနှိပ်လိုက်ရင် Aircon နဲ့ ပတ်သက် တဲ့ Function ခလုတ်တွေကို ပြပေးပြီး D-Mode ခလုတ်ကို နှိပ်လိုက် တဲ့အခါမှာ အရင်ပြပေးတဲ့ခလုတ်တွေကနေ Driving နဲ့ပတ်သက်တဲ့ Setting ခလုတ်တွေ ပြောင်းလဲသွားပါတယ်။ ခလုတ်တွေ အများကြီး ထည့် စရာမလိုဘဲ ဒီ Control Center လေးနဲ့ပဲ Aircon System နဲ့ Drive Mode ကို ချိန်ညှိရအောင် ထည့်သွင်းပေးတဲ့ နည်းပညာကလည်း Nissan Juke စီးတဲ့သူတွေအတွက် ဘာထူးခြားလဲလို့မေးခံရရင် Control Center လေးထူးခြားမှုက ရေပန်းစားတဲ့အဖြေ ဖြစ်စေမှာပါပဲ။

၄။ HR 15 Engine
Nissan Juke (1.5 L Engine)က နည်းပညာမြင့်တဲ့ ကားဆိုပေမဲ့ အင်ဂျင်ကိုတော့ ရိုးရှင်းစွာပဲ Nissan ရဲ့အကြမ်းခံပြီး ပြင်ဆင်ရလွယ်ကူတဲ့ HR15 အင်ဂျင် သုံးပေးထားပါတယ်။ ဒီအင်ဂျင်ဟာဆိုရင် Nissan က ထုတ်လုပ်ထားတဲ့ Nissan Wingroad ၊ AD Van 1.5 ၊ Tiida ၊ Note တို့မှာ အသုံးပြုပေးထားလို့ ကားပြင်ပေးမယ့် ဝပ်ရှော့ဆရာတွေအတွက် ထပ်ပြီး Update လုပ်စရာ မလိုတော့ပါဘူး။ ဒါကြောင့် ပြင်ပေးသူရော၊ ကာယကံရှင်ပါ အင်ဂျင်ဖောက်ရင်တောင် အစားထိုးဖို့ လွယ်ကူစေတဲ့ အတွက် Nissan Juke (1.5 L Engine ) ကို HR 15 အင်ဂျင်ကြောင့် ရေပန်းစားစေပါတယ်။

၅။ 1.6 L Turbo Engine
Nissan Juke (1.6 Turbo) ကို 1.5 အင်ဂျင်နဲ့ ယှဉ်တဲ့အခါမှာ အင်ဂျင်ပါဝါ ၁ဝဝ ပဲကွာလို့ မထူးခြားဘူးလို့ထင်မိတဲ့ အတွေး လုံးဝ မှားသွားပါတယ်။ 1.6 အင်ဂျင်ကို Turbo ရဲ့အစွမ်းနဲ့ အင်ဂျင်ပါဝါ ကားတွေနဲ့ ရုတ်တရက် အထယှဉ်လိုက်တဲ့အခါမျိုးတွေမှာ အံ့မခန်း ွကမဘသ ပွင့်ပြီး အထကောင်းတဲ့အတွက် ကားကိုပြိုင်မောင်းချင်တဲ့ လူငယ် တွေအဖို့ Nissan Juke 1.6L Dig Turbo Engine ကို ရေပန်းစားရွေး ချယ်မိမှာ အမှန်ပဲဖြစ်ပါတယ်။

၅။ Driving Mode (Eco ၊ Normal ၊ Sport)
Nissan Juke ရဲ့ Driving Mode သုံးမျိုးကို ကားမောင်းသူစိတ် ကြိုက် ရွေးချယ်မောင်းနှင်လို့ရတဲ့စနစ် ထည့်သွင်းထားပါတယ်။ နည်း ပညာမြင့်ကားတွေပါလာတဲ့ Drive Mode တွေဖြစ်တဲ့ Eco Mode ဆီစား သက်သာစေသော စနစ်၊ Normal Mode ပုံမှန်အတိုင်း မောင်းနှင်နိုင် သော စနစ်၊ Sport Mode ကတော့ Sport Type ဆန်ဆန်မောင်းနှင်နိုင်ပြီး ကားကျော်တဲ့အခါနဲ့ ပြိုင်မောင်းတဲ့အခါတွေမှာ သိသိသာသာကို ပေါ့ပါး ပြီး အင်ဂျင်၊ ဂီယာဘောက်တွေ ပုံမှန်အနေအထားသာ အလုပ်လုပ်ပေးပါ တယ်။ ဒီလို Drive Mode သုံးမျိုးကို ကားမောင်းနေရင်း ခက်ခက်ခဲခဲ ပြောင်းလဲစရာမလိုဘဲ Digital ခလုတ်ကလေးတွေကို နှိပ်ပြီး အထာကျကျ မောင်းနှင်နိုင်တာက ရေပန်းစားတဲ့ Function ပဲဖြစ်ပါတယ်။

၆။ Xtronic CVT Gearbox
Nissan Juke 1.5 Engine နဲ့ တွဲယှက် အသုံးပြုထားတာကတော့ Xtronic CVT Gearbox ပါ။ ဒီ Gearbox က ပုံမှန် CVT Gearbox ထက်ကို Gear အချိန်းအပြောင်းတွေမှာ ပိုမိုမြန်ဆန်ပြီး ကားရဲ့အရှိန်ကို လျင်လျင်မြန်မြန် မြှင့်တင်ပေးနိုင်သလို အင်ဂျင်ချင်းတူတဲ့ ကားတွေထက် ဆီစား ပိုပြီးသက်သာစေပါတယ်။ ဒါကြောင့် Nissan Juke မှာ သုံးပေးထားတဲ့ Xtronic CVT Gear ရဲ့ နည်းပညာမြင့်မားမှုကလည်း ရေပန်းစားစေပါတယ်။ (Automobile Journal ကားချစ်သူတို့ သတိထားစေချင်တာက Xtronic CVT Gearbox ကို Auto Oil လဲလှယ်တဲ့အခါမှာ ရိုးရိုး CVT ဆီ ထည့်လို့မရပါဘူး။ Nissan NS-3 ဆီ ထည့်ပေးရမှာဖြစ်ပါတယ်။)

၇။ NISMO EDITION
NISSAN JUKE 1.6 Turbo ကားတချို့ကို NISMO အင်ဂျင်နဲ့ ဘော်ဒီ အစိတ်အပိုင်းတွေ ပြန်လည်မွမ်းမံ ထုတ်လုပ်ထားတဲ့အတွက် အင်ဂျင် အရုန်းအဆွဲက ပုံမှန်နဲ့မတူတော့ဘဲ ပိုမိုမြန်ဆန်မှု၊ Body Kit ပတ်လည်နဲ့ လှပမှုတွေကြောင့်လည်း Sport Type ကြိုက်သူတွေအတွက် Nissan Juke NISMO EDITION က ရေပန်းစားစေပါတယ်။

၈။ Indicator Display
Nissan Juke ရဲ့ကားမောင်းသူကို ပြပေးတဲ့ Kilo Meter, Rpm မှာ ထူးခြားမှုမပါပေမဲ့ အထဲမှာထပ်ပြပေးတဲ့ Display ကတော့ ကား မောင်းနေချိန် ပျမ်းမျှဆီစားနှုန်း၊ လက်ကျန်ရှိသောဆီနဲ့ သွားနိုင်တဲ့ ကီလို မီတာ၊ ဆီကုန်ခါနီးတဲ့အခါမှာ စာတန်းလေးထိုးပြီးသွားတဲ့ KM ကို ကား မောင်းသူဆီ ဆီဖြည့်ဖို့အချက်ပေးတဲ့ Indicator Display ကလည်း နည်း ပညာမြင့်တဲ့ ရေပန်းစားမှုတစ်ခုပဲ ဖြစ်ပါတယ်။

၉။ Auto & Manual Gear ပါဝင်မှု
1.6 Dig Turbo မှာတော့ Auto Gear ကနေ Manual ကို Sport Type ဆန်ဆန် ဂီယာခြောက်ချက် ပြောင်းလဲ မောင်းနှင်လို့ရတဲ့ Auto & Manual Gear ထည့်သွင်းပေးထားတဲ့ ပါဝင်မှုကြောင့် Nissan Juke 1.6 Dig Turbo အမျိုးအစားက လူငယ်တော်တော်များများကြား ရေပန်း စား ကြိုက်နှစ်သက်ကြပါတယ်။

၁ဝ။ Smart Key & Push-start
RS Grade ကလွဲလို့ ကျန် Grade မြင့်တွေ အားလုံးမှာ Smart Key နဲ့ Push-start စနစ် ထည့်သွင်းပေးထားပါတယ်။ နောက်ပိုင်းနည်း ပညာမြင့်ကားတွေ အသုံးများလာတဲ့ စာရေးသူတို့နိုင်ငံမှာ ကားဝယ်ယူတဲ့ အခါ Smart Key & Push-start ပါဝင်မှုကြောင့်လည်း ရေပန်းစားပြီး ရွေးချယ်ဝယ်ယူမှုတစ်ခု ဖြစ်လာပါတယ်။

Nissan Juke ကို Compact SUV ထဲမှာ တခြားကားတွေထက် စျေးသက်သာမှု၊ ဆီစားသက်သာမှု၊ အောက်ပိုင်းမြင့်တာ၊ လူအများ သတိထားမိစေတဲ့ ရုပ်ထွက်ဒီဇိုင်း၊ အတွင်းခန်းလှပမှု၊ နည်းပညာမြင့် Function တွေ ထည့်သွင်းပေးထားတာ၊ မြို့ပေါ်တင်မက လမ်းမ ကောင်းတဲ့ နယ်ဘက်မှာလည်း သုံးစွဲနိုင်တာတွေကြောင့် Compact SUV ကားအမျိုးအစားတွေထဲမှာ ရေပန်းစားပြီး ရွေးချယ်ဝယ်ယူဖို့ စဉ်းစားစရာ ကားတစ်စီး ဖြစ်လာပါတယ်။

နောက်တစ်ပတ် ‘လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ’မှာ ဘယ်လိုကားအမျိုးအစားရဲ့ ရေပန်းစားလူကြိုက်များတဲ့ စနစ်တွေကို ဖော်ပြမယ်ဆိုတာ ေစာင့်ေမျှာ်ဖတ်ရှုဖို့ေြပာရင်း နိဂုံးချုပ် လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here