လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

282

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Toyota Mark X ရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။
Toyota Mark X ဆိုတာ …
Toyota Mark X ကို ၂ဝဝ၄ ခုနှစ်၊ အောက်တိုဘာလမှာ Toyota ရဲ့ Mark 2 မျိုးဆက်နေရာမှာ အစားထိုးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကားရဲ့ အသွင်အပြင် ဒီဇိုင်းအားလုံးက အရင် Mark 2 မျိုးဆက်နဲ့ အသွင်အပြင် လုံးဝ ကွဲထွက်သွားပြီး ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ အင်ဂျင်အနေနဲ့က တော့ 2.5 နဲ့ 3.0 ဆိုပြီး အင်ဂျင်နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ မြန်မာ ပြည်ကားစျေးကွက်မှာလည်းMark X ကို Mid-Size Sedan Saloon အဖြစ် လက်ရှိအချိန်အထိ စျေးကွက်မှာ ရေပန်းစား လူကြိုက်များနေဆဲပါ။ ဒါကြောင့် စာရေးသူအနေနဲ့ Toyota Mark X ကို စျေးကွက်မှာ ရွေးချယ် သူအများစု ရွေးချယ်ဝယ်ယူကြတဲ့ 2004-2008 Model Year (First Generation) မှာပါဝင်တဲ့ ရေပန်းအစားဆုံးအချက်တွေကို ရေးသား ဖော်ပြမှာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း ရေပန်းစားအချက်လေးတွေ မတိုင်ခင် Grade အနေ နဲ့ အကြမ်းဖျင်းဖော်ပြရရင် 2.5 Engine မှ2.5 G ၊ 2.5 GF Package ဆိုပြီး ရှိပါတယ်။3.0 Engine မှာတော့ 3.0 G ၊ 3.0 G Premium ၊ 3.0 G Premium S Package ဆိုပြီး ရှိပါတယ်။ လူကြိုက်များ ရေပန်း စားတဲ့ Function တွေကတော့ 2.5 GF Package နဲ့ 3.0 G Premium S Package တွေမှာ အများဆုံး ပါဝင်ပါတယ်။

ရေပန်းစား လူကြိုက်များသောအချက်များ
၁။ ကားရဲ့ဒီဇိုင်း အသွင်အပြင်နဲ့ ဖွဲ့စည်းပုံ
သူ့ရဲ့ ဒီဇိုင်းပုံစံက Toyota Mark X မျိုးဆက် အစားထိုးထုတ်လုပ် ထားတယ်ဆိုပေမဲ့ အရင် Mark 2 ပုံစံတွေနဲ့မတူဘဲ ကားရဲ့မီးလုံးဒီဇိုင်း လေးကသေးပြီး လှပနေတာကို တွေ့ရပါတယ်။ ကားရှေ့မီးလုံး(Head Light)ကိုလည်း လင်းအားကောင်းစေမယ့် LED မီးတွေ သုံးပေးထား တာဟာ ညဘက်ကားမောင်းသူတို့အတွက် အကြိုက်တွေ့စေမယ့်အချက်ပဲ ဖြစ်ပါတယ်။ ကားအရှေ့ရုပ်ကိုလည်း လေခွင်းအားကောင်းမယ့်ပုံစံမျိုး ဦးစားပေးထုတ်လုပ်ထားပြီး ကားနောက်ပိုင်းပုံစံကိုလည်း ခေတ်မီ မိုဒယ်မြင့် ကားတစ်စီးအဖြစ် သိသာအောင်ဖန်တီးထားပါတယ်။ ဒါကြောင့် ကားရဲ့ အနောက်ပိုင်းကို အဝေးကနေ ကြည့်လိုက်တာနဲ့ Toyota Mark X ဆိုတာ သိရှိနိုင်တဲ့အချက်က ရေပန်းစားမှုတစ်ခုဆိုလည်း မမှားပါဘူး။

၂။ အင်ဂျင်ပါဝါနဲ့မလိုက်တဲ့ ဆီစားသက်သာမှု
Toyota ရဲ့ ကားထုတ်လုပ်မှုအပေါ် နည်းပညာအဆင့်အတန်းတွေ ပိုမိုပြီးမြှင့်တင်ပေးလာတဲ့အတွက် အခု Toyota Mark X မှာလည်း အသုံး ပြုပေးတဲ့ အင်ဂျင်ပါဝါ 2.5 Engine နဲ့3.0 Engine (V6 VVT-I Engine) တွေက အင်ဂျင်ပါဝါနဲ့မလိုက်တဲ့ ဆီစားသက်သာမှု၊ အရုန်းအဆွဲကောင်းမှု၊ တည်ငြိမ်မှုတွေကြောင့် Toyota Mark X ရဲ့အင်ဂျင်က ရေပန်းစားလူကြိုက် များပြီး ဝယ်ယူကြတာ ဖြစ်ပါတယ်။ Toyota Mark X ရဲ့စီနီယာမိုဒယ်ဖြစ်တဲ့ Toyota Mark 2 နဲ့ ယှဉ်တဲ့အခါမှာ ဆီစားနှုန်း သိသိသာသာလျော့နည်းတာ ကို တွေ့ရပါတယ်။

၃။Gearbox System
ွသပသအ ြေေမု ဌ ရဲ့ Gearbox System မှာပါဝင်တဲ့ ဂီယာအရေ အတွက်တွေကတော့ All Wheels Drive (4wd)မှာ 5 Speed ဖြစ်ပြီး 2wd Drive မှာတော့ 6 Speed ဖြစ်သွားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တော့ 2wd ကို လူကြိုက်များပါတယ်။ 2wd ဖြစ်ပြီး Gear 6 Speed ပါဝင်တဲ့အတွက် Highway မှာ ဒီ Gearbox ကြောင့် ဆီစား အထူးသက် သာတာကို တွေ့ရပါတယ်။ RPM1800-2000 နဲ့100-120 Km အထိ ရောက်တဲ့အတွက် ခရီးဝေးထွက်သူတွေကြား ရေပန်းစားလူကြိုက်များပြီး ဆီစားအထူးသက်သာတဲ့ကားအဖြစ် ရွေးချယ်ဝယ်ယူကြခြင်းဖြစ်ပါတယ်။

၄။Mark X’s Interior
Toyota Mark X ကို Toyota Mark 2 အစား ပြောင်းလဲထုတ် လုပ်ခဲ့တယ်ဆိုပေမဲ့ ကားအတွင်းခန်းဖွဲ့စည်းပုံတွေက အရင်စီနီယာ Mark 2 နဲ့မတူဘဲ တကယ့်ကိုလှပပြီး ဆွဲဆောင်မှုရှိပါတယ်။ ထိုင်ခုံအသားတွေ က အရင်ထက်ပိုပြီး ထိုင်ရတာ သက်သောင့်သက်သာရှိသလို ကျယ်ဝန်း လာတာလည်း တွေ့ရပါတယ်။ ဘေး Door Size Cover တွေကလည်း တော်တော်လှပနေတဲ့အပြင် ကားရဲ့ Gear Position နေရာလေးကို အရင် Mark 2 Design နဲ့ခွဲထွက်ပြီး အလှဆင်ပေးထားတာကလည်း ကားချစ် သူတို့အတွက် စွဲမက်မှုတစ်ခုအဖြစ် ရေပန်းစားစေပါတယ်။ ကားရဲ့ Steering မှာ Control ခလုတ်တွေ အစုံပါဝင်ပြီး ကားရဲ့Display ဒိုင်ခွက် ကလည်း အခုအချိန်ထိကို ခေတ်မီနေတဲ့ပုံစံမျိုးဖြစ်လို့ ကားမောင်းသူတိုင်း အကြိုက်တွေ့စေအောင် ပြုလုပ်ထားတာပါ။

၅။ ကားရဲ့ Room Light
Toyota Mark X ရဲ့ Grade အမြင့် S Package ၊ Premium တို့မှာပဲ ထည့်သွင်းပေးထားတဲ့ ကားအတွင်းခန်းမီးက တော်တော်လေးကို လှပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီမီးလေးကို ဗန်းစကားအနေနဲ့ လေယာဉ် အတွင်းခန်း အပေါ်မီးလုံးနဲ့ ဆင်တဲ့အတွက် လေယာဉ်မီးလို့ ခေါ်ကြပါတယ်။ ကားရောင်းသူနဲ့ ဝယ်သူရော ဒီလေယာဉ်မီးဆိုတာလေးပါတဲ့ Grade ဆို ရင် ပုံမှန် Grade ထက် ရေပန်းစားလူကြိုက်များတယ်ဆိုတာလည်း ကား ချစ်သူတို့အနေနဲ့ သိထားသင့်ပါတယ်။

၆။ 6 Disc Changer Player
Toyota Mark X ကို သီချင်းခွေတွေ ကြိုက်နှစ်သက်သူတို့အတွက် ခရီးသွားတဲ့အခါမှာ အခွေ ခဏခဏ ထုတ်လိုက်သွင်းလိုက် မလုပ်ရအောင် ဖန်တီးပေးထားတဲ့ 6 Disc Changer Player ပါရှိပါတယ်။ မိမိစိတ်ကြိုက် CD ခြောက်ချပ်ကို Player ထဲထည့်ပြီး ခရီးသွားတဲ့အခါမှာ အထာကျကျနဲ့ စိတ်ကြိုက် သီချင်းခွေထည့်ပြီး ကားမောင်းလို့ရစေမှာ ဖြစ်ပါတယ်။

၇။ Nice Sound System
Sedan Saloon ကားတွေမှာ Sound System ကလည်း အရေး ပါပါတယ်။ ကျွန်တော်တို့ ကားမောင်းသူပဲဖြစ်ဖြစ်၊ ဘေးမှာ လိုက်ပါစီးနင်း သူပဲ ဖြစ်ဖြစ် ကားပေါ်မှာ သီချင်းဖွင့်လိုက်တဲ့အခါ စိတ်ကို အနည်းနဲ့အများ တော့ Relax ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း ကားပေါ်မှာရှိတဲ့ အချိန်မှာ ပိုပြီး သီချင်းနားထောင်ဖြစ်ပါတယ်။ ဒါပေမဲ့ ကားရဲ့ Sound System မကောင်းတဲ့အခါ သီချင်းနားထောင်ရတာ Relax မဖြစ်စေဘဲ ပိုပြီး နားညည်းစေတာကို သတိထားမိကြမှာပါ။ သီချင်းကတူပေမဲ့ ကားအသေး လေးတွေမှာ ဖွင့်ရင် နားထဲမှာဆူညံနေပြီး Lucury ကားတွေပေါ် ရောက် တဲ့အခါမှာတော့ နားထောင်ရတဲ့သီချင်းသံက ဘယ်သီချင်းပဲဖြစ်ဖြစ် လုံးဝ နားထောင်ကောင်းနေတာကို သတိထားမိမှာပါ။ အခု Toyota Mark X ရဲ့ Sound System ကလည်း Mid-size Sedan ထဲမှာတော့ တကယ့်ကို သောတဆင်လို့ကောင်းတဲ့ Sound System ဖြစ်လို့ ကား ပေါ်မှာ သီချင်းနားထောင်တတ်သူတွေရဲ့ ရေပန်းစားတဲ့ရွေးချယ်မှုထဲက တစ်ခုအဖြစ် ပါဝင်မယ်လို့ ပြောပါရစေ။

၈။ Auto & Manual Gear Position
Toyota Mark X ကို လူကြိုက်များစေတဲ့ နောက်အချက်တစ်ခု ကလည်း အခုနောက်ပိုင်း ကားတွေမှာAuto Gear ကနေ Manual Gear ကိုပြောင်းပြီး မောင်းတဲ့စနစ်ကို ရေပန်းစားနေတာ တွေ့ရပါတယ်။ Toyota Mark X 2WD မှာပါဝင်တဲ့ Auto & Manual (6 Speed) ကို Auto Gear ကနေ Sport Type ဆန်ဆန်၊ ဒါမှမဟုတ် Manual ကြိုက်နှစ်သူတွေအတွက် နှစ် မျိုးနှစ်ဖုံ စိတ်ကြိုက်ရွေး ချယ် မောင်းနှင်လို့ရ တဲ့ Auto & Manual System ကလည်း တကယ့်ကို အထာ ကျတဲ့ ရေပန်းစားမှုပဲ ဖြစ်ပါတယ်။

၉။ Auto Packing
Auto Packing ဆိုတာ ကားပါ ကင်မထိုးတတ်တဲ့သူတွေအတွက် အလိုအလျောက် ပါကင်ထိုးပေးမယ့် စနစ်ဖြစ်ပါတယ်။ နိုင်ငံခြားကားထဲမှာပဲ တွေ့ဖူးတယ်။ အပြင်မှာ တကယ် ရှိလို့လားလို့ ကားချစ်သူတို့ မေးခွန်းထုတ်မိလိမ့်မယ်။ အခု Toyota Mark X & ရဲ့ 3.0 G Premium S Package နဲ့ 2.5 G F Package Grade တွေမှ Auto Packing စနစ်ကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ တကယ်စမ်းကြည့်ပြီး အသုံးပြုတဲ့အခါမှာလည်း ကောင်းမွန်စွာအလုပ် လုပ်ပြီး အလိုအလျောက် ပါကင်ထိုးပေးတာကို တွေ့ရပါတယ်။ ကားစပြီး မောင်းခါစသူတွေအတွက် တကယ့်ကို ကြိုက်နှစ်သက်ပြီး အသုံးဝင်မယ့် ရေပန်းစားစနစ်ပါပဲ။

၁ဝ။ Cruise Control
Cruise Control ဆိုတာကတော့ သတ်မှတ်ကီလိုအတွင်းမှာ ခလုတ် ကို ဖွင့်ပေးလိုက်ရင် လီဗာကို ခြေထောက်ကနင်းစရာမလိုဘဲ သတ်မှတ် ထားတဲ့ကီလိုအတွင်း လီဗာကို အလိုအလျောက် ချိန်ပေးပြီး ခရီးဝေးထွက် တဲ့အခါ(အမြန်လမ်းလိုနေရာမျိုး)မှာ ကားမောင်းသူအတွက် အရမ်းကို သက်သာစေပါတယ်။ Toyota Mark X မှာလည်း Cruise Control စနစ် ထည့်သွင်းပေးထားပါတယ်။ Cruise Control စနစ် ပါဝင်တဲ့ ကားတွေကို ကားချစ်သူတွေက နှစ်သက်ကြပြီး ဦးစားပေးဝယ်ယူကြလေ့ရှိပါတယ်။

၁၁။ Smart Key & Push Start
Smart Key & Push Start စနစ်ကိုတော့ Toyota Mark X ရဲ့ Grade မြင့်ကားတွေမှာ ထည့်သွင်းပေးထားပြီး သော့မလိုဘဲ ကားတံခါး အဖွင့်အပိတ်နဲ့ စက်နှိုးခြင်းတွေကို Smart ကျကျလုပ်စေနိုင်တဲ့ ရေပန်း စားတဲ့စနစ်လည်း ဖြစ်ပါတယ်။ ခုလို Smart Key & Push Start ရဲ့ Smart ဖြစ်မှုကပါ Toyota Mark X မှာပါဝင်လာတဲ့အတွက် အဲဒီစနစ် ပါဝင်တဲ့ Grade က ပုံမှန် Key Remote နဲ့လာတဲ့ Grade ထက် စျေးကွက်မှာပိုပြီး ရေပန်းစားရွေးချယ်ဝယ်ယူကြတာကို တွေ့ရပါတယ်။

၁၂။ Dual Aircon System
အရင် Toyota Mark 2 မျိုးဆက်မှာတော့ ကားရဲ့နောက်ခန်း ထိုင်သူတွေအတွက် Aircon ပေါက်တွေ မပါရှိခဲ့ပါဘူး။ အခု Toyota Mark X မှာတော့ ကားရဲ့ နောက်ခန်းထိုင်သူတွေ အေးစေဖို့အတွက် အရှေ့ ကားမောင်းသူရဲ့ လက်တင်အနောက်မှာ Aircon ပေါက် နှစ်ခုထည့် ပေးထားတာ တွေ့ရပါတယ်။ နေပူထဲမှာ ကားကိုကြာရှည်စွာရပ်ပြီး ကားထဲဝင်တဲ့အခါ အရှေ့ Aircon တင်မဟုတ်ဘဲ အနောက်ကပါအချိန် ခဏလေးအတွင်း အေးစေနိုင်တဲ့အတွက် ဒီစနစ်ကိုလည်း ကားနောက်ခန်း မှာထိုင်တဲ့သူတွေ အထူးကြိုက်နှစ်သက်ကြပါတယ်။

Toyota Mark X ကို ငြိမ့်ညောင်းမှု၊ ခံ့ညားလှပတဲ့ဒီဇိုင်း၊ စုံလင် လှတဲ့ Function တွေ၊ အင်ဂျင်ပါဝါကြီးပေမဲ့ အင်ဂျင်ပါဝါနဲ့မလိုက်တဲ့ ဆီစားသက်သာမှု၊ မောင်းနှင်ရတာလွယ်ကူပြီး စီးစီးပိုင်ပိုင်ရှိမှု၊ ခရီးဝေး သွားတဲ့အခါမှာ သက်သောင့်သက်သာရှိစေမှုတို့ကြောင့်Mid-size Seden ထဲမှာ ယခုအချိန်ထိရေပန်းစားလူကြိုက်များပြီး ရွေးချယ်ဝယ်ယူနေ ကြတာပဲဖြစ်ပါတယ်။ နောက်တစ်ပတ် ‘လူကြိုက်များသောကားတို့၏ ရေပန်းစားသော ပါဝင်မှုများ’မှာ ဘယ်လိုကားအမျိုးအစားရဲ့ ရေပန်းစားပြီး လူကြိုက်များတဲ့ စနစ်တွေပါဝင်တယ်ဆိုတာကို ေစာင့်ေမျှာ်ဖတ်ရှုဖို့ ေြပာရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here