လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

164

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ ထပ်မံပေါ်ထွက်လာတဲ့ အသစ်အသစ်သော မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Toyota RAV4 ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Toyota RAV4 မိုဒယ်ဆိုတာ …
ဒီတစ်ပတ်ဖော်ပြမယ့်ကားကတော့ Toyota က ထုတ်လုပ်ထားပြီး SUV မှာ ဈေးနှုန်းသင့်တော်သလို လူကြိုက်များကားလေးတစ်စီးဖြစ်တဲ့ Toyota RAV4 ရဲ့ Second Generation မျိုးဆက် (၂၀ဝ၁-၂၀ဝ၅) မိုဒယ်ပဲ ဖြစ်ပါတယ်။ Toyota RAV4 (၂၀ဝ၁-၂၀ဝ၅) ကို တံခါးနှစ်ပေါက်နဲ့ တံခါးလေးပေါက် နှစ်မျိုးထုတ်လုပ်ထားပြီး တံခါးလေးပေါက်ကို ဒီနိုင်ငံမှာ ရေပန်းစားလူကြိုက်များခဲ့ပါတယ်။ 1.8L (Gasoline) ၊ 2.0L (Gasoline) ၊ 2.4L (Gasonline)၊ 2.0L (Diesel) ဆိုပြီး အင်ဂျင်လေးမျိုးထုတ်လုပ်ခဲ့ရာမှ 1.8L (Gasoline) ၊ 2.0L (Gasoline)တို့ကို ရေပန်းစားလူ ကြိုက်များပြီး အကြမ်းသုံးမယ့်သူတွေကတော့ 2.0L (Diesel) အင်ဂျင်ကို ရေပန်းစားရွေးချယ်ကြတာလည်း တွေ့ရပါတယ်။ Grade တွေကတော့ X ၊ J ၊G ၊ Aero Sport Package ၊ V ၊ S Package ဆိုပြီး Grade ခွဲများစွာ ထုတ်လုပ်ထားပါတယ်။ 1.8L (Gasoline) အင်ဂျင်ကိုတော့ 2WD စနစ်ဖြစ်ပြီး 2.0L (Gasoline) (Diesel) အင်ဂျင်တွေကိုတော့ 4WD စနစ်ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဒါ့ကြောင့် Toyota RAV4 (၂၀ဝ၁-၂၀ဝ၅)မှာပါဝင်တဲ့ ရေပန်းစားလူကြိုက်များ အချက်အလက်တွေကို ကားချစ်သူတို့ကို ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသောအချက်များ
၁။ ရုပ်ထွက်ပိုင်းနှင့် စိတ်ဝင်စားစေမှု
Toyota RAV4 (၂၀ဝ၁-၂၀ဝ၅) ရဲ့ပုံစံကို မြင်တာနဲ့ အောက်ပိုင်း မြင့်မားပြီး လမ်းအနိမ့်နဲ့ နယ်ဘက်တွေမှာပါ သုံးလို့ရစေမယ့်ကားတစ်စီးလို့ ကောက်ချက်ချနိုင်ပါတယ်။ ကားရဲ့ရုပ်ထွက်ကို အောက်ပိုင်းမြင့်မားအောင် ပြုလုပ်ပေးထားပြီး အနောက်မှာဆိုရင်လည်း Spare Wheels ကို နောက် ဘော်ဒီတံခါးမှာ ချိတ်ဆွဲပေးထားတာကို မြင်တာနဲ့ SUV ကားဆိုတာ တန်းသိစေတဲ့ပုံစံ ဖြစ်စေပါတယ်။ Toyota Kluger လောက် အရွယ် အစားမကြီးပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ အကြမ်း/အချောသုံးမယ့်သူတွေအတွက် ရေပန်းစားစေမယ့် ရုပ်ထွက်ရှိတဲ့ Mid-Size SUV တစ်စီးပဲဖြစ်ပါတယ်။

၂။ Supension တည်ဆောက်မှု
Toyota ရဲ့ ကားအများစုဟာ အောက်ပိုင်းစနစ် အတော်ကောင်း မွန်တဲ့ကားတွေဖြစ်ပါတယ်။ Toyota Rav4 (၂၀ဝ၁-၂၀ဝ၅)ရဲ့ Suspension တွေကို အရှေ့ပိုင်းမှာ Macpherson Suspension အသုံးပြု ပေးထားပြီး အနောက်ပိုင်းကိုတော့ SUV တို့အတွက် အဆင် ပြေဆုံးဖြစ်တဲ့ Independent Suspension သုံးပေးထားလို့ ချိုင့်အကျတွေနှင့် လမ်းမကောင်းတဲ့ နေရာတွေမှာ စိတ် ကြိုက်မောင်းနိုင်တဲ့ Midsize SUV တစ်စီးဖြစ်စေတာ ပါ။ ဒီလိုကောင်းမွန်မှုကြောင့်လည်း ရေပန်းစားလူကြိုက် များစေတာပဲဖြစ်ပါတယ်။

၃။ ရိုးရှင်းသည့် အတွင်းခန်းဖွဲ့စည်းမှု
Toyota RAV4 (၂၀ဝ၁-၂၀ဝ၅)ဟာ SUV ကားတစ်စီး ဖြစ်တာနဲ့အညီ အတွင်းခန်းဖွဲ့စည်းမှုများမှာလည်း ထူးထူးခြား ခြားဆန်းသစ်မှုတွေ ထည့်သွင်းမပေးထားဘဲ ရှမွိုင်းထိုင်ခုံ၊ ဘက်မှန်ချိန်ညှိ ခလုတ်တွေပါရှိပြီး တခြားအပိုပျက်စီးလွယ်တဲ့ Function ခလုတ်တွေ ထည့်သွင်းပေးထားခြင်းမရှိတဲ့အတွက် နှစ်ကာလကြာရှည်ပေမဲ့ ကားအတွင်း ပိုင်းမှာပါဝင်တဲ့ ခလုတ်တွေ ပျက်စီးခြင်းမရှိဘဲ တာရှည်ခံလို့ နယ်ဘက် မှာ အကြမ်းသုံးသူတွေအကြား Toyota RAV4 (၂၀ဝ၁-၂၀ဝ၅)က ရေ ပန်းစားလူကြိုက်များလာတာပဲ ဖြစ်ပါတယ်။

၄။ ဆီစားသက်သာပြီး ပေါ့ပါးစွာမောင်းနှင်နိုင်ခြင်း
Toyota RAV4 (၂၀ဝ၁-၂၀ဝ၅) မိုဒယ်ကို တခြား SUV တွေလို အင်ဂျင်ပါဝါကြီးထုတ်လုပ်ထားတဲ့ ကားမဟုတ်တဲ့အတွက် ပေါ့ပေါ့ပါးပါး နဲ့ အရုန်းအဆွဲကောင်းမွန်စွာ မောင်းနှင်နိုင်ပြီး ဆီစားသက်သာစေတဲ့ မိုဒယ်ပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် SUV ကားစီးမယ့်သူအများစုဟာ ဆီစားသက်သာတဲ့ ပုံမှန်ကားတွေပဲ ဝယ်ယူဖြစ်ပါတယ်။ Toyota RAV4(၂၀ဝ၁-၂၀ဝ၅) မိုဒယ်ကတော့ ဆီစားသိသိသာသာ သက်သာစေတဲ့ Midsize Suv ဖြစ်တဲ့အတွက် ယခုအချိန်အထိ ရေပန်းစားလူကြိုက်များ နေတာပဲဖြစ်ပါတယ်။

၅။ အပိုပစ္စည်းပေါများခြင်း
ကားတစ်စီး ဝယ်ယူမယ်ဆိုရင် ကားလည်း ကောင်းရမယ်၊ အပို ပစ္စည်းလည်း ပေါရမယ်။ ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ကားအများစုကိုပဲ ဦးစားပေး ဝယ်ယူကြတာ များပါတယ်။ Toyota RAV4 (၂၀ဝ၁-၂၀ဝ၅)ဟာ Toyota ကားတစ်စီးဖြစ်တာနဲ့အညီ အပိုပစ္စည်း အမှန်တကယ် ပေါများပြီး ပြင်ဆင်စရိတ်ပိုင်းမှာလည်း အတော်သက်သာပါတယ်။ အပိုပစ္စည်းကိုလည်း ကားတစ်စီးလုံးနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းအားလုံး အလွယ်တကူရရှိနိုင်တဲ့အတွက် Toyota RAV4 (၂၀ဝ၁-၂၀ဝ၅)ကို ရေပန်းစားရွေးချယ် ဝယ်ယူကြတာပဲ ဖြစ်ပါတယ်။

၆။ Auto & Manual Gear နှစ်မျိုး ထုတ်လုပ်ထားခြင်း
ဒီနေ့ခေတ် ကားဝယ်သူအများစုဟာ အရင်ခေတ်ကလို Manual ကားမောင်းနိုင်သူ ရှားပါးလာတာ တွေ့ရပါတယ်။ Toyota RAV4 (၂၀ဝ၁-၂၀ဝ၅) မိုဒယ်ကို Auto & Manual Gear နှစ်မျိုး ထုတ်လုပ်ထား ပေမဲ့ Auto Gear စနစ်ပါဝင်တဲ့ကားကို ရောင်းသူ/ဝယ်သူကြားမှာ ရေပန်းစား အရောင်းအဝယ်ဖြစ်တာကိုလည်း တွေ့ရပါတယ်။

၇။ သင့်တော်သောဈေးနှုန်း
SUV ကားအုပ်စုအများစုဟာ ပုံမှန်အားဖြင့် ဈေးနှုန်းကြီးမြင့်တာ ကို တွေ့ရပါတယ်။ Toyota Rav4 (၂၀ဝ၁-၂၀ဝ၅)မိုဒယ်ကတော့ SUV ကားလေးဝယ်မယ့်သူတွေအတွက် ကျပ်သိန်း ၁၇၀ ဝန်းကျင်ကနေ ၂၈၀ ဝန်းကျင်ပဲရှိလို့ ဈေးနှုန်းသင့်တော်တာကြောင့် အများစုရေပန်းစားရွေးချယ် ဝယ်ယူဖြစ်တဲ့ ကားအမျိုးအစားတစ်ခု ဖြစ်လာတာပါ။
Toyota Rav4 (၂၀ဝ၁-၂၀ဝ၅) မိုဒယ် ကားလေးဟာ Mid-Size SUV ကားထဲမှာ သက်သောင့်သက်သာ မောင်းနှင်နိုင်တာ၊ ရုပ်ထွက် ဒီဇိုင်းရိုးရှင်းပေမဲ့ အောက်ပိုင်းတောင့်တင်းတာ၊ ဆီစားသက်သာစေတာ၊ အင်ဂျင်ပါဝါကို ဝယ်ယူသူစိတ်ကြိုက် ရွေးချယ်နိုင်တာ၊ အပိုပစ္စည်းပေါများ တာ၊ ရေရှည်အကြမ်းခံတာ၊ ဈေးနှုန်းသင့်တော်တာ စတဲ့အချက်တွေ ကြောင့် ရေပန်းစားရွေးချယ်စရာ Mid-Size SUV ကားတစ်စီးအဖြစ် ရွေး ချယ်လာခြင်းပဲဖြစ်ပါတယ်။ နောက်တစ်ပတ် လူကြိုက်များသောကားတို့ ၏ ရေပန်းစားသည့် ပါဝင်မှုများမှာ ဘယ်ကားအမျိုးအစားက ဘယ်လို ရေပန်းစားပြီး လူကြိုက်များတဲ့စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော် ဖတ်ရှုဖို့တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here