လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

294

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေအကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Chevrolet Malibu ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Chevrolet Malibu မိုဒယ်ဆိုတာ …

ဒီတစ်ပတ် ဖော်ပြမယ့်ကားကတော့ အစိုးရရဲ့ ဘယ်မောင်းကားတင် သွင်းခွင့်မှာ ရေပန်းစားလူကြိုက်များပြီး Europe Brand တစ်ခုဖြစ်တဲ့ ဃ့နလမသူနအ ရဲ့ Malibu ဆိုတဲ့ Sedan ကားလေးပဲ ဖြစ်ပါတယ်။ Mid-size Sedan အမျိုးအစားဖြစ်ပြီး ၁၉၆၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါ တယ်။ ယခုအချိန်မှာလည်း လူကြိုက်များမှုကြောင့် ရေပန်းစားနေတဲ့ ကားတစ်စီးအဖြစ် ရပ်တည်နေပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊Malibu ကမ်းရိုးတန်းလေးကိုအစွဲပြုပြီး Chevrolet Malibu လို့ အမည် ပေးခဲ့တာ ဖြစ်ပါတယ်။ Malibu ကို မြောက်အမေရိကဆီ အဓိကထား ရောင်းချခဲ့ပြီး ကားရဲ့ပါဝင်မှုနဲ့ ကြံ့ခိုင်မှုတွေကြောင့် တခြားနိုင်ငံတွေအထိ ပါ ရောင်းအားတက်ခဲ့တဲ့မိုဒယ်လည်း ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ ရေပန်းစားလူကြိုက်များတဲ့ Generation ကတော့ Ninth Generation (၂ဝ၁၆-၂ဝ၁၈) မိုဒယ်ပဲ ဖြစ်ပါတယ်။ 1.5L Turbo , 2.0L Turbo အင်ဂျင်အမျိုးအစား နှစ်မျိုးကိုတော့ လူကြိုက်များရေပန်းစားစေပါတယ်။ တင်သွင်းမှုအများဆုံးကတော့ အမေရိကနဲ့ တောင်ကိုရီးယားကနေ အများဆုံးတင်သွင်းပြီး Grade ကိုတော့ အကြမ်းအားဖြင့် L , RS , LS , LT , LTZ(Premier) , Hybird Grade ဆိုပြီး ထုတ်လုပ်ထားပါတယ်။ Chevrolet Malibu (၂ဝ၁၆-၂ဝ၁၈) မိုဒယ်မှာပါဝင်တဲ့ ရေပန်းစားလူ ကြိုက်များတဲ့အချက်အလက်တွေကို ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသောအချက်များ
၁။ လှပပြီး ဆွဲဆောင်မှုရှိသည့် ဒီဇိုင်း
Chevrolet Malibu (၂ဝ၁၆-၂ဝ၁၈)ရဲ့ ဒီဇိုင်းလေးကတော့ အရင် ွနညနမအေငသည တွေလိုမဟုတ်ဘဲ အဝေးကနေမြင်လိုက်တာနဲ့ လှပပြီး အချိုးအဆစ်ကျတဲ့ ငါးရံ့ကိုယ်လုံးလေးနဲ့ မိန်းမပျိုအလား ဆွဲဆောင်မှုရှိ စေတဲ့အသွင်မျိုးဖြစ်ပါတယ်။ Chevrolet Malibu ဟာ အရှေ့ကားခေါင်းက နေ ကားအနောက်ပိုင်းအထိကို အချိုးအဆစ်အကွေ့အဝိုက်တွေနဲ့ လှပ တဲ့ဒီဇိုင်းပါ။ ကားရဲ့အရှေ့ခေါင်းပုံက ငါးခူခေါင်း၊ ဒါမှမဟုတ် လင်းနို့တစ်ကောင်အလား ထင်မှတ်ရတဲ့ပုံစံကြောင့် ကား Review လုပ်ပေးတဲ့သူ တွေရဲ့အပြောအရ ငါးခူဆိုတဲ့ အခေါ်အဝေါ်လေးအပြင် ကားတင်သွင်း သူရဲ့တင်စားမှုအရလည်း လင်းနို့လေးတွေဆိုပြီး သူ့ရဲ့ ဒီဇိုင်းနဲ့ပတ်သက် လို့ ကျော်ကြားရေပန်းစားစေပါတယ်။

၂။ ရိုးရှင်းသောအတွင်းခန်းနှင့် ပါဝင်မှု
Europe Brandကားတစ်စီးဖြစ်တာနဲ့အညီ ကားရဲ့အတွင်းခန်းက ရှုပ်ယှက်ခတ်မနေဘဲ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိနေပြီး LT , LTZ-(Premier) Grade မှာတော့ ကားရဲ့အတွင်းခုံတွေကို Leather ခုံတွေ တပ်ဆင်ထားပါတယ်။ အလယ်မှာတော့ Infotainment TV ကို အထောင် လေးပြုလုပ်ပေးထားပြီး ကားရဲ့စတီယာရင်ကို Control ခလုတ်တွေ တပ် ဆင်ပေးထားပါတယ်။ ဂီယာဘုသီးကတော့ ပုံမှန်အတိုင်း အချောင်းလေး ပြုလုပ်ပေးထားပြီး Auto & Manual အတွက် + / – ခလုတ်ကလေးကို ဂီယာဘုသီးပေါ်မှာ တပ်ဆင်ပေးထားပါတယ်။ တစ်စီးလုံးခြုံကြည့်ရင် ကားရဲ့အတွင်းခန်းက တည်တည်ငြိမ်ငြိမ်နဲ့ ရိုးရိုးရှင်းရှင်း ကြိုက်နှစ်သက် သူတို့အတွက် ရေပန်းစားရွေးချယ်စရာပဲ ဖြစ်ပါတယ်။

၃။ Grade အမြင့်တွင်ပါဝင်သည့် 2 Seat Motor
LT , LTZ (Premier) Grade မှာတော့ ကားရှေ့ထိုင်ခုံနှစ်လုံးကို အရွေ့အပြောင်းပြုလုပ်ဖို့အတွက် Motor တွေ ထည့်သွင်းထားတာက လည်း ကားမောင်းရင်း ရုတ်တရက်ခုံရွေ့တဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရွေ့လို့ရစေမှာပဲ ဖြစ်ပါတယ်။ ဒီပါဝင်မှုကလည်း Mid-Size Sedan မှာ ရှားပါးတဲ့အတွက် ရေပန်းစားစေတဲ့ ပါဝင်မှုတစ်ခုပဲဖြစ်ပါတယ်။

၄။ Dual Temperature Climate
ကားမောင်းတဲ့အခါ ဘေးမှာ အိမ်သူသက်ထား၊ ဒါမှမဟုတ် သူငယ် ချင်းတွေလိုက်ပါတဲ့အချိန် ကိုယ်က အဲကွန်းအအေးကြိုက်တယ်၊ ဘေးက သူ အအေးမိထားလို့ အအေးလျှော့ချင်တဲ့အခါ ကားအဲကွန်းစနစ်ကို တင်လိုက်လျှော့လိုက်နဲ့ လူ့အလိုနတ်မလိုက်နိုင် ဆိုသလိုပဲ အခက်အခဲ ဖြစ်တတ်ပါတယ်။Malibu ရဲ့ Grade အမြင့်တွေမှာတော့ Dual Temperature Climate Control စနစ်ကို ထည့်သွင်းပေးထားပါတယ်။ ဒီစနစ် ကတော့ အအေးကြိုက်တဲ့သူက ကိုယ့်ဘက်ကို အအေးစိတ်ကြိုက်တင် ထားပြီး အအေးမကြိုက်တဲ့သူကလည်း မိမိဘက်ကို အအေးလျှော့ထား လို့ရပါတယ်။ ဒီစနစ်ကတော့ တကယ်အထာကျပြီး ရေပန်းစားစေတဲ့ စနစ်ပဲ ဖြစ်ပါတယ်။

၅။ Bose Speaker
LT Customer Grade , LTZ (Premier) မှာ Sound System အတွက် အသံထွက်ကောင်းတဲ့ Bose Speaker တွေ ထည့်သွင်းပေး ထားပါတယ်။ Audio အသံအရည်အသွေးကောင်း ကြိုက်နှစ်သက်သူတို့ အတွက် Bose ရဲ့ အသံထွက်ကိုတော့ ကြိုက်နှစ်သက်ပြီး အားရစေမှာပဲ ဖြစ်ပါတယ်။ ဒီအတွက် Malibu ဝယ်ယူတဲ့အခါ Speaker တွေ Bose ဖြစ်လားဆိုတဲ့အမေးလေးက ရေပန်းစားစေပါတယ်။

၆။Infotainment TV
Chevrolet Malibu (၂ဝ၁၆-၂ဝ၁၈) မှာ ထည့်သွင်းပေးထားတဲ့ Infotainment TV က အခွေထည့်ဖို့ နေရာတော့ မပါဝင်ပါဘူး။ ခေတ်မီ ကားတစ်စီးဖြစ်တဲ့အတွက် Wireless စနစ်ကို အသုံးပြုစေချင်လို့ အခွေ အသုံးပြုတဲ့စနစ်ကို မထည့်ခဲ့တာလို့ ပြောလို့ရပါတယ်။ ကားရဲ့ Infotainment TV မှာ Bluetooth ချိတ်ဆက်ခြင်း၊ iPhone အသုံးပြုသူတွေ ဆိုရင်လည်း ဖုန်းကို USB ချိတ်လိုက်တာနဲ့ Apple CarPlay စနစ်ကနေ အလိုအလျောက်ချိတ်ဆက်ပေးပြီး ဖုန်း Application တွေက ကားရဲ့ TV Screen မှာလာပေါ်ပြီး ဖုန်းတစ်လုံးလို စိတ်ကြိုက်သုံးနိုင်မှာပဲဖြစ်ပါ တယ်။ ဒီလို အဆင်ပြေပြေသုံးနိုင်တဲ့အချက်ကိုတော့ လူကြီးတွေထက် လူငယ်တွေကြားမှာ ပိုပြီးရေပန်းစားကြိုက်နှစ်သက်ကြပါတယ်။

၇။ စုံလင်လှသည့် Feature များ
Chevrolet Malibu (၂ဝ၁၆-၂ဝ၁၈) မှာ ကားပုံစံချင်းတူပေမဲ့ ကားရဲ့ Grade အလိုက် ပါဝင်မှုတွေကို ဆန်းသစ်ထားပါတယ်။ Tyre Pressure System , Smart Key , Push-start , Cruise Control စတာတွေက Grade တိုင်းပါဝင်ပြီး Grade အမြင့်တွေဖြစ်တဲ့ LT , LTZ(Premier)တို့မှာ Blind Spot Detection , Lane Assist , 360 Camera တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။Mid-Size Sedan ကားတစ်စီးကို ဒီလိုစုံလင်တဲ့ Feature တွေ ထည့်သွင်းပေးထားတာကတော့ တကယ်ကျေနပ်အားရစေ မယ့် ရေပန်းစားမှုတစ်ခုပဲ ဖြစ်ပါတယ်။

၈။ Suspension
Chevrolet Malibu (၂ဝ၁၆-၂ဝ၁၈) ရဲ့ အောက်ပိုင်း ငြိမ့်ညောင်း မှုကတော့ Luxury ဘက်လည်း သိပ်မဟုတ်ဘဲ Europe Sport ကား တွေရဲ့ အရသာမျိုး ကျစ်ကျစ်လျစ်လျစ် စီးစီးပိုင်ပိုင်လေးနဲ့ တည်ဆောက် ထားတဲ့ Suspension မျိုးဖြစ်တဲ့အတွက် ဒီကားရဲ့ Suspension ကိုတော့ Luxury Feel ထက် Sport Type Feeling ကို ခံစားချင်တဲ့သူတွေ အနေနဲ့ ပိုပြီး ရေပန်းစားကြိုက်နှစ်သက်မယ်လို့ ပြောလို့ရပါတယ်။

၉။ မိုဒယ်မြင့်ပြီး ဈေးနှုန်းသင့်တော်ခြင်း
Chevrolet Malibu (၂ဝ၁၆-၂ဝ၁၈) ကို ဝယ်ယူမယ်ဆိုရင် အစိုးရ က လျှော့ချပေးတဲ့အခွန်တွေကြောင့် ကား Grade အပေါ်မူတည်ပြီး ကျပ်သိန်း ၃၅ဝ ကနေ ၄၅ဝ ဝန်းကျင်အထိရှိတာကို တွေ့ရပါတယ်။ ဒီ ဈေးနှုန်းကတော့ ပုံမှန် Sedan ကားစီးမယ်ဆိုရင် Malibu လောက် မိုဒယ်မြင့်ပြီး စုံလင်တဲ့ကားရဖို့ မလွယ်ပါဘူး။ ဒီအတွက်ကြောင့် အခု နောက်ပိုင်း ဘယ်မောင်းကားတင်သွင်းသူတွေရော ကားဝယ်ယူသူတွေပါ Chevrolet Malibu (၂ဝ၁၆-၂ဝ၁၇) ကို ပေးရတဲ့ဈေးနှုန်းနဲ့ ပြန်ရတဲ့ အနေအထားက တကယ်ကိုအဆင်ပြေတဲ့အတွက် ရေပန်းစားရွေးချယ် ဝယ်ယူကြတာပဲ ဖြစ်ပါတယ်။
Chevrolet Malibu (၂ဝ၁၆-၂ဝ၁၈)ကို Mid-Size Sedan ထဲမှာ ဒီဇိုင်းလှပခြင်း၊ မိုဒယ်မြင့်ခြင်း၊ Feature စုံလင်ခြင်း၊ မောင်းနှင်ရပေါ့ပါး ခြင်း၊ Eurpe Brand Sedan တစ်စီးကို ကျပ်သိန်းလေးရာဝန်းကျင်ဖြင့် ဝယ်ယူနိုင်ခြင်းတို့ကြောင့် ရေပန်းစားရွေးချယ်စရာ Mid-Size Sedan ကားတစ်စီးအဖြစ် ရွေးချယ်လာတာပဲဖြစ်ပါတယ်။ နောက်တစ်ပတ် ‘လူ ကြိုက်များသောကားတို့၏ ရေပန်းစားသည့်ပါဝင်မှုများ’မှာ ဘယ်ကားအမျိုး အစားမှာ ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့စနစ်တွေ ပါဝင်တယ် ဆိုတာကို စောင့်မျှော်ဖတ်ရှုကြဖို့တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here