လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

180

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေအကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Toyota lexus NX200T ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Toyota lexus NX200T မိုဒယ်ဆိုတာ …
ဒီတစ်ပတ် ဖော်ပြမယ့်ကားကတော့ လူတိုင်းကားဝယ်မယ်ဆိုရင် အိပ်မက် ထဲက စိတ်ကူးဖြစ်တဲ့ Brand တစ်ခုကတော့ Toyota ရဲ့ Europe အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Lexus Brand ပဲဖြစ်ပါတယ်။ အခု တင်ဆက်ပေးမယ့် Lexus က ၂ဝ၁၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ရေပန်းစား လူကြိုက်များတဲ့ Mid-size SUV အမျိုးအစားဖြစ်တဲ့ NX200T ပဲ ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာတော့ ရေပန်းစားတဲ့ မိုဒယ်ခုနှစ်ကတော့ ၂ဝ၁၆-၂ဝ၁၇ မိုဒယ်ပဲဖြစ်ပါတယ်။ အစိုးရရဲ့ ညာမောင်းတင်သွင်းခွင့်ကို ပိတ်သိမ်းပြီး ဘယ်မောင်းတင်သွင်းခွင့်မှာ အသွင်းအများဆုံး ကားအမျိုးအစားလည်း ဖြစ်ပါတယ်။ အင်ဂျင်ကတော့ NX200T ဆိုတဲ့အတိုင်း 2.0L Turbo အင်ဂျင်ဖြစ်ပါတယ်။ Grade အနေနဲ့ကတော့ Luxury ၊ F-Sport ၊ F-Sport Package အနေနဲ့ ထုတ်လုပ်ထားပြီး စာရေးသူတို့နိုင်ငံမှာတော့ ရုပ်ထွက်လန်းတဲ့ F-Sport ၊ F-Sport Package ကို ရေပန်းစား လူကြိုက်များတာ တွေ့ရပါတယ်။ ဒါကြောင့် lexus NX200T (၂ဝ၁၆-၂ဝ၁၇) မိုဒယ်မှာပါဝင်တဲ့ ရေပန်းစားလူကြိုက်များ အချက်အလက်တွေကို ရေး သားဖော်ပြမှာ ဖြစ်ပါတယ်။

ရေပန်းစား လူကြိုက်များသောအချက်များ
၁။ အရမ်းလှပတဲ့ ရှေ့ရုပ်ထွက်ဒီဇိုင်း
lexus NX200T ရဲ့ အရှေ့ရုပ်ထွက်ကတော့ မိုဒယ်မြင့်သွားတဲ့ lexus အများစုရဲ့ဒီဇိုင်းအတိုင်းပဲ အရှေ့ Shell ကို ထင်းနေအောင် အကွေ့အဝိုက်တွေနဲ့ဖန်တီးပေးထားပြီး အဝေးကမြင်တာနဲ့ lexus မိုဒယ်မြင့်ကား ဆိုတာ သိရှိနိုင်သလို အရှေ့ Grille လိုင်းတွေနဲ့ လှပနေတဲ့ ရှေ့ရုပ်ထွက် ဒီဇိုင်းကတော့ ဒီကားကို အထူးရေပန်းစားစေပါတယ်။
၂။ အတွင်းခန်းလှပသေသပ်မှုနှင့် ပါဝင်မှုများ
ကားရဲ့အတွင်းခန်းကိုမြင်တာနဲ့ တကယ့်ကို တန်ဖိုးကြီးကားတစ်စီးရဲ့ အတွင်းခန်းဆိုတာ သိရှိနိုင်အောင် အတွင်းခုံတွေကို Isofix Leather တွေနဲ့ အလှဆင်ပေးထားပြီး ရှေ့ထိုင်ခုံနှစ်လုံး အရွေ့အပြောင်း လွယ်ကူစေဖို့အတွက် Motor ထည့်သွင်းပေးထားတဲ့အပြင် မောင်းသူထိုင်ခုံကို Seat Memory စနစ်ပါ ထည့်သွင်းပေးထားပါတယ်။ ကားအတွင်း Infotainment TV ကိုတော့ အမြှုပ်မဟုတ်ဘဲ အထောင်ပုံစံလေး ပြုလုပ်ပေးထားတာကလည်း တစ်မျိုးဆွဲဆောင်မှုရှိစေပါတယ်။ ထူးခြား ချက်က TV ကို Touch Screen မဟုတ်ဘဲ TV ထဲမှာ Function တွေကို ကားရဲ့ Gear ဘုသီးအနောက်က Touch Pad လေးကနေ Laptop အသုံးပြု သလို ရွေ့ပြောင်းနိုင်အောင် ပြုလုပ်ပေးထားတာ လေးက Lexus ကားတွေရဲ့ ထူးခြားမှုပဲဖြစ်ပါ တယ်။ ဒါ့ပြင် အတွင်းပတ်ပတ်လည် သေသေ သပ်သပ်နဲ့ အဆင့်အတန်းမြင့်မြင့် ဖန်တီးထား တာ တွေ့မြင်တာနဲ့ ရေပန်းစားလူကြိုက်များ စေမှာပဲ ဖြစ်ပါတယ်။
၃။ ထိုင်ခုံ အပူအအေးစနစ်
ပုံမှန်အားဖြင့် နိုင်ငံခြားကတင်သွင်းတဲ့ ကားအများစုက သူတို့နိုင်ငံမှာ အလွန်အေးတဲ့ အတွက် Leather ထိုင်ခုံတွေကို အပူပေးတဲ့စနစ် ထည့်သွင်း ပေးထားတတ်ကြပါတယ်။Lexus NX200T မှာတော့ ထိုင်ခုံအပူပေးစနစ်ရော၊ အအေးပေးစနစ်ရော နှစ်မျိုး စလုံး ထည့်သွင်းပေးထားပါတယ်။ ထိုင်ခုံအပူစနစ်ကို စာရေးသူတို့နိုင်ငံမှာ မလိုအပ်ပေမဲ့ ကားကို အပြင်နေပူမှာရပ်ထားပြီး ကားထဲဝင်တဲ့အခါမှာ Leather ထိုင်ခုံတွေဟာ ပုံမှန်ရှမွိုင်းထိုင်ခုံထက် ပူတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ထိုင်ခုံအအေးစနစ်ကိုအသုံးပြုပေးခြင်းဖြင့် ထိုင်ခုံ ပူလောင်ခြင်းကို ကာကွယ်နိုင်စေပါတယ်။ ဒီစနစ်ပါဝင်မှုကတော့ နေပူပူ မှာ ကားရပ်ထားရတဲ့သူတွေအတွက် ရေပန်းစား အဆင်ပြေစေမယ့်စနစ်ပဲ ဖြစ်ပါတယ်။
၄။ Auto Hold & Auto Hand Brake
Lexus NX200T ဟာတန်ဖိုးကြီးကားတစ်စီးဖြစ်တာနဲ့အညီ ကားရဲ့ ပါဝင်တဲ့နည်းပညာတွေကလည်း အဆင့်အတန်း မြင့်မားပါတယ်။ မီးပွိုင့်မိ တဲ့နေရာတွေ၊ အရှေ့ကား ရုတ်တရက်ရပ်လိုက်တဲ့အခြေအနေမျိုးမှာ ကားရဲ့ Brake အာရုံခံဆင်ဆာကနေ အလိုအလျောက် Brake ဖမ်းပေး တဲ့စနစ် ထည့်သွင်းပေးထားပါတယ်။ ကားကို Parking ရပ်လိုက်တဲ့ အချိန်မှာ Electronic Parking Hand Brake စနစ်ကို အလိုအလျောက် ပြုလုပ်ပေးထားပါတယ်။ ဒီလို Safety System တွေ ပါဝင်မှုကလည်း ကားထိခိုက်မှုအတွက် ကာကွယ်ပေးမယ့် ရေပန်းစားစေတဲ့ပါဝင်မှုတွေပဲ ဖြစ်ပါတယ်။
၅။Rader Cruise Control
Lexus NX200T (၂ဝ၁၆-၂ဝ၁၇)နဲ့ အဝေးပြေးလမ်းမှာ ကား မောင်းတဲ့အခါ အဆင်ပြေပြီး လူသက်သာစေတဲ့ Cruise Control ကို အဆင့်မြှင့်တင်ထားပါတယ်။ ရှေ့ကားသွားတဲ့အတိုင်း အလိုအလျောက် လီဗာ၊ မြုနေ အသုံးပြုပေးတဲ့ Rader Cruise Control ကို ထည့်သွင်း ပေးထားပါတယ်။ ဒီစနစ်ကတော့ Highway ကားမောင်းသူတွေအတွက် လူသက်သာစေလို့ အကြိုက်တွေ့ကြတဲ့ ရေပန်းစားမှုတစ်ခုပဲဖြစ်ပါတယ်
၆။F-Sport Package
F-Sport Package Grade မှာတော့ မိမိတို့ရဲ့ အဆင့်မြင့်ဖုန်းတွေ အားသွင်းဖို့အတွက် Wireless Charger စနစ် ထည့်သွင်းပေးထားပါတယ်။ ဒီစနစ် ထည့်သွင်းပေးထားတာကတော့ ကားပေါ်ရောက်တဲ့အခါ ဖုန်းအားသွင်းကြိုးမရှိလည်း Wireless Charger ကနေ ဖုန်းလေးတင်ပြီး အဆင်သင့်အားသွင်းနိုင်တဲ့ အထာကျတဲ့ ရေပန်းစားခြင်းတစ်ခုပဲ ဖြစ်ပါ တယ်။
၇။ Auto & Manual Gear (Eco Mode?Normal mode,Sport Mode)
နောက်ပိုင်းမိုဒယ်မြင့်ကားအများစုမှာတော့ Auto & Manual နှစ် မျိုးသုံးစနစ်ကို ထည့်သွင်းပေးထားပြီး Lexus NX200T မှာလည်း ဒီ စနစ်ပါဝင်တဲ့အပြင် Steering မှာလည်း Paddle Shifter လေးတွေနဲ့ Gear အချိန်းအပြောင်းလွယ်ကူစေအောင် ထည့်သွင်းပေးထားပါတယ်။ ဒါ့ပြင် လူငယ်တွေ စိတ်ကြိုက်ပြောင်းလဲမောင်းနိုင်တဲ့ Mode(Eco , Normal , Sport) တွေကိုလည်း ခလုတ်လှည့် ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒီလို ပါ ဝင်မှုတွေကြောင့် Lexus NX200T ကို လူကြီးတွေထက် လူငယ်များက ပိုပြီး ရေပန်းစားကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။
၈။ ဆီစားသက်သာခြင်း
Lexus NX200T (၂ဝ၁၆-၂ဝ၁၇) မိုဒယ်က နည်းပညာမြင့်ကား တစ်စီးဖြစ်တဲ့အတွက် အရင်မိုဒယ်အနိမ့် အင်ဂျင်ပါဝါတူတဲ့ကားတွေထက် ဆီစားပိုသက်သာပြီး အရုန်းအဆွဲလည်း ပိုကောင်းတာ တွေ့ရပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဆီစားသက်သာတဲ့အတွက် အဲဒီကားလေးကို လူငယ် အများစု ရေပန်းစား ကြိုက်နှစ်သက်ကြတာပဲဖြစ်ပါတယ်။
၉။ နောက်ဖုံးမိုတာပါဝင်ခြင်း
Lexus NX200T ရဲ့ ကားနောက်ပစ္စည်းထည့်တဲ့အခန်း အဖွင့်/ အပိတ်ကိုလည်း သြအသမ စနစ် ထည့်သွင်းပေးထားပါတယ်။ ဒါ့ပြင် ကား မောင်းသူရဲ့ အရပ်အနိမ့်အမြင့်အပေါ်မူတည်ပြီး နောက်ဖုံးအဖွင့်/အပိတ်ကို Memory ပေး ချိန်ညှိနိုင်ပါတယ်။ ဒီစနစ်ပါဝင်မှုကလည်း ကားထဲကို ပစ္စည်းတွေထည့်တဲ့အခါ အဆင်ပြေစေမယ့် ရေပန်းစားတဲ့စနစ် ဖြစ်စေပါ တယ်။
၁ဝ။ ဝန်ထမ်းပါမစ်နှင့်အတူ ရေပန်းစားခြင်း
Lexus NX200Tကို ပိုပြီးရေပန်းစား နာမည်ကြီးစေတာကတော့ ဝန်ထမ်းပါမစ် ချပေးမယ်ဆိုတဲ့သတင်းထွက်ပြီး သတ်မှတ်ချက်တွေနဲ့အညီ ဝန်ထမ်းပါမစ် ချပေးခဲ့ရင် အများဆုံးတင်သွင်းမယ့်ကားအဖြစ် အများစု ပါးစပ်ဖျားမှာ ရေပန်းစား နာမည်ကြီးလာတာပဲဖြစ်ပါတယ်။
Lexus NX200T (၂ဝ၁၆-၂ဝ၁၇) ကို Mid-size SUV ကားထဲမှာ မောင်းနှင်ရပေါ့ပါးပြီး လွယ်ကူခြင်း၊ ပါဝင်မှုများခြင်း၊ လမ်းကြမ်းလမ်း ချော စိတ်ကြိုက်မောင်းနှင်နိုင်ခြင်း၊ ရုပ်ထွက်လှပခြင်း၊Safety ဖြစ်ခြင်း၊ ဆီစားသက်သာခြင်းတို့ကြောင့် ရေပန်းစားရွေးချယ်စရာ Mid-size SUV ကားတစ်စီးအဖြစ် ရွေးချယ်ကြတာပဲဖြစ်ပါတယ်။ နောက်တစ်ပတ်‘လူ ကြိုက်များသောကားတို့၏ ရေပန်းစားသည့်ပါဝင်မှုများ’မှာ ဘယ်ကား အမျိုးအစားက ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့စနစ်တွေ ပါဝင် တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုဖို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here