လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

352

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြသွားမှာကတော့ Suzuki Swift ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Suzuki Swift ဆိုတာ …
ဒီတစ်ပတ်ဖော်ပြမယ့် ကားကတော့ Suzuki Motor ကထုတ်လုပ်တဲ့ မြို့ တွင်းသုံးဖို့နဲ့ ကားစမောင်းသူတွေအတွက် မောင်းရလွယ်၊ ပါကင်ထိုးရလွယ် တဲ့ Hatchback အမျိုးအစား Swift ပဲဖြစ်ပါတယ်။ Suzuki Swift ကို ၁၉၈၃ ခုနှစ် စတင်ထုတ်လုပ်ခဲ့ပြီး ပေါ့ပါးမှု၊ လှပမှု၊ လူကြိုက်များမှုတွေကြောင့် ယခုအချိန်ထိ ဆက်ပြီးထုတ်လုပ်နေဆဲပဲ ဖြစ်ပါတယ်။ စာရေးသူတို့ နိုင်ငံမှာ ရေပန်းစားလူကြိုက်အများဆုံး Generation ကတော့ Third Generation (၂ဝ၁ဝ-၂ဝ၁၇)ပဲ ဖြစ်ပါတယ်။ 1.2L ၊ 1.4L ၊ 1.6L စတဲ့ အင်ဂျင်ပါဝါသုံးမျိုး ထုတ်လုပ်ထားပြီး1.2L အင်ဂျင်ကတော့ ရေပန်းစား လူကြိုက်အများဆုံးပဲဖြစ်ပါတယ်။ Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇)မိုဒယ် Third Generation မှာ Grade တွေကတော့ XG ၊ XL ၊ XS ဆိုပြီး Grade သုံးမျိုး ထုတ်လုပ်ထားပါတယ်။ Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ်ရဲ့ Grade တွေမှာပါဝင်တဲ့ ရေပန်းစားလူကြိုက်များ အချက်အလက် တွေကို ဖော်ပြမှာဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသောအချက်များ

၁။ စိတ်ကြိုက်ဖိုင်းလို့ရတဲ့ ကားရဲ့ ဖွဲ့စည်းမှု
Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ်ရဲ့ ဒီဇိုင်းကို Hatchback ကားတွေထဲမှာ ဆင်ရင်ဆင်သလိုရုပ်ထွက်ပြီး နဂိုပုံစံအတိုင်းလည်း လှပသလို Skirt တွေ စိတ်ကြိုက်တပ်ဆင်ပြီး ချစ်စရာ Sport Type ပြိုင်ကား အသေးလေးလိုလည်း ဖန်တီးလို့ရပါတယ်။ လူငယ်၊ လူကြီးတွေအတွက် ကြိုက်နှစ်သက်စရာ ပုံစံလေးနဲ့ ဖွဲ့စည်းပေးထားတဲ့ ကားရဲ့ ဒီဇိုင်းကြောင့် လက်ရှိအချိန်ထိ Hatchback ကားထဲမှာ လူကြိုက်များ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

၂။ Motor Steering Gun
Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ်မှာ ပုံမှန်ကားတွေလို Hydraulic Gun အစား Motor Gun ကို အဆင့်မြင့် တပ်ဆင်ပေးထားတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ကားစတင်မောင်းသူတွေအပြင် မြို့တွင်းကားကျပ်တဲ့ နေရာမျိုးတွေမှာ ကားစတီရင်လှည့်ရတာလည်း အဆင်ပြေစေတဲ့အတွက် Hatchback ကားတစ်စီးဝယ်ယူမယ်ဆိုရင် Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ်ရဲ့ စတီယာရင် မိုတာရဲ့ ပေါ့ပါးမှုကြောင့် ရေပန်းစား ရွေးချယ်ဝယ်ယူကြတာပဲ ဖြစ်ပါတယ်။

၃။ Push Start, Aircon Digital, 6 Speakers
ပုံမှန်အားဖြင့် Hatchback ကားအများစုဟာ တန်ဖိုးသက်သာအောင် ထုတ်လုပ်ထားတဲ့ကားတွေဖြစ်တဲ့အတွက် ဆီစားသက်သာမှုကို ဦးစားပေးထုတ်လုပ်ထားပြီး Function ပိုင်း အားနည်းလေ့ရှိပါတယ်။Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ်မှာတော့ Grade အားလုံးမှာကို Push-start ၊ Smart Key System ၊ Digital Aircon နဲ့ Audio ကောင်းကောင်းကြိုက်သူတွေအတွက် စပီကာခြောက်လုံး တပ်ဆင်ပေး ထားပါတယ်။ ဒီလို စုံစုံလင်လင်ထည့်ပေးထားတဲ့အတွက် Hatchback ကားဝယ်ယူသုံးစွဲသူ အများစုကြားမှာ လက်ရှိအချိန်ထိ Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ်က ရေပန်းစားလာတာပဲ ဖြစ်ပါတယ်။

၄။ CVT Gearbox ပါဝင်လာခြင်း
ကားထုတ်လုပ်တဲ့ ကုမ္ပဏီအများစုဟာ ယခုအချိန်ထိ ကားထုတ် လုပ်ရာမှာ ကုန်ကျစရိတ်သက်သာတဲ့ ATF Gearbox ကို ထည့်သွင်း အသုံးပြုနေဆဲဖြစ်ပြီး ကုန်ကျစရိတ်မြင့်မားတဲ့ CVT Gearbox ကို ထည့်သွင်းထုတ်လုပ်ခြင်းဟာ Hatchback ကားတွေမှာ အတော်ကိုနည်း ပါတယ်။ Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ်မှာတော့ CVT Gearbox ကို ထည့်သွင်းပေးထားပြီး ကားမောင်းနှင်တဲ့အခါမှာ ဂီယာအချိန်း အပြောင်း ချောမွေ့စေပါတယ်။ ဒီလိုပါဝင်မှုကြောင့်လည်း Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ်ကို ယခုအချိန်ထိ ရေပန်းစား ကြိုက်နှစ်သက်ကြ တာပဲ ဖြစ်ပါတယ်။

၅။1.2L အင်ဂျင်နဲ့ မလိုက်တဲ့ပေါ့ပါးမှု
Hatchback ကားအများစုဟာ 1.3L ၊1.5L Engine ကို အများ ဆုံးထည့်သွင်း ထုတ်လုပ်ကြပါတယ်။ Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ်မှာ ထူးခြားစွာပဲ 1..3L ထက် လျော့ပေါ့ပြီး 1.2L အင်ဂျင်နဲ့ ထုတ်လုပ်ထားပါတယ်။ အင်ဂျင်သေးလို့ ကားမဆွဲဘူး ထင်ရပေမဲ့ တကယ်မောင်းကြည့်လိုက်တဲ့အခါမှာ တခြား Hatchback ကားတွေနဲ့ တန်းတူပေါ့ပါးပြီး ဆီစားသက်သာတာကတော့ တကယ်ကို အံ့မခန်းပါပဲ။ ဒီအင်ဂျင်ရဲ့ အရုန်းအဆွဲကောင်းမှုနဲ့ ဆီစားသက်သာမှုတွေကြောင့်လည်း ရေပန်းစားရွေးချယ်ဝယ်ယူကြတာပဲ ဖြစ်ပါတယ်။

၆။ ဆီစားသက်သာစေသော ECO Mode
Hatchback ကားအများစုကို ပေါ့ပါးမှုနဲ့ဆီစားသက်သာဖို့အတွက် အဓိကထား ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ်မှာလည်း ပုံမှန် Hatchback ကားတွေထက်ကို အင်ဂျင်ပါဝါ အနည်းငယ်လျော့ထုတ်ထားပြီး ဒီအင်ဂျင်ကိုပဲ ဆီစားပိုမိုသက်သာ အောင်Auto Eco Mode System ထည့်သွင်းပေးထားပါတယ်။ ဒီ လိုဆီစားသက်သာအောင် ပြုလုပ်ဖန်တီးပေးထားတာကြောင့်လည်း ရေ ပန်းစားစေတာပဲ ဖြစ်ပါတယ်။

၇။ ပေးရတဲ့စျေးနဲ့ တန်တဲ့ခံစားမှု
Hatchback ကားတွေဟာ ပေါ့ပေါ့ပါးပါး သုံးစွဲလိုသူတွေအတွက် ထုတ်လုပ်ထားတဲ့ ကားတွေဖြစ်လို့ စျေးနှုန်းတွေလည်း သက်သာအောင် ထုတ်လုပ်ထားပါတယ်။ Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မို ဒယ်ကိုလည်း တခြား Hatchback ကားတွေထက် စျေးနှုန်းသက်သာတာချင်းတူပေမဲ့ ကားမှာပါတဲ့ Function တွေ ပိုပြီး စုံလင်တဲ့အတွက် ပေးရတဲ့စျေးနှုန်းနဲ့ တန်တဲ့ခံစားမှုကြောင့် လူငယ် အများစု ရေပန်းစားရွေးချယ် ဝယ်ယူလာကြတာပဲ ဖြစ်ပါတယ်။

Suzuki Swift (၂ဝ၁ဝ-၂ဝ၁၇) မိုဒယ် Hatchback ကားလေးဟာ ရုပ်ထွက်ဒီဇိုင်းလှပခြင်း၊ အတွင်း Function စုံလင်ခြင်း၊ မောင်းနှင်ရ လွယ်ကူပေါ့ပါးခြင်း၊ အင်ဂျင်နဲ့မလိုက်အောင် အရုန်းအဆွဲကောင်းမွန်ခြင်း ရေပန်းစားရွေးချယ်ဝယ်ယူလာကြတာပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ် ‘လူကြိုက်များသောကားတို့၏ ရေပန်းစားသည့်ပါဝင်မှုများ’မှာ ဘယ်လို ကားအမျိုးအစားရဲ့ ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့ စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုဖို့ေြပာရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here