လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

1064

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေအကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြသွားမှာကတော့ Mitsubishi Pajero SUV မိုဒယ်ရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Mitsubishi Pajero SUV မိုဒယ်ဆိုတာ …
ဒီတစ်ပတ် ရေပန်းစားလူကြိုက်များကားကဏမှာ ဖော်ပြမယ့်ကားကတော့ အကြမ်း၊ အချော နှစ်မျိုးစလုံးသုံးလို့ရပြီး SUV ကားထဲမှာ လူကြိုက်များ ရေပန်းစားစေတဲ့ Mitsubishi Pajero Suv ကားပဲ ဖြစ်ပါတယ်။ လူကြိုက်များ ရေပန်းအစားဆုံးမိုဒယ်ကတော့ Third Generation ဖြစ်တဲ့ ၁၉၉၉-၂ဝဝ၆ မိုဒယ်ပဲ ဖြစ်ပါတယ်။ 2-Door နဲ့ 4-Door နှစ်မျိုး ထုတ်လုပ်ထား ပြီး 4-Door ကတော့ လူကြိုက်များရေပန်းစားသလို အဝယ်လည်း များပါတယ်။ Grade တွေကတော့ Exceed ၊ Super Exceed ၊ Long Exceed ၊ 20th Anniversary Premium Package ၊ HDD Navi Edition ၊ Active Field Edition စတဲ့ Grade တွေ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ အင်ဂျင်ကိုလည်း သုံးစွဲသူအကြိုက် ဒီဇယ်နဲ့ ဓာတ်ဆီ နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ Mitsubishi Pajero (၁၉၉၉-၂ဝဝ၆)မိုဒယ်မှာပါဝင်တဲ့ ရေပန်းစားလူကြိုက်များ အချက်အလက်တွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသော အချက်များ

၁။ SUV ကားတစ်စီးရဲ့ ဝင့်ကြွားတဲ့ ရုပ်ထွက်
Mitsubishi Pajero (၁၉၉၉-၂ဝဝ၆)မိုဒယ်ရုပ်ထွက်က အရင် Generation တွေလိုမဟုတ်ဘဲ ဒီဇိုင်းပိုပြီးလှပအောင် ကပ်ဖရိမ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် တကယ့်ကို ခံ့ညားလှပြီး ပြည့်ပြည့်ဖောင်းဖောင်း ဖားပြုပ်တစ်ကောင်ရဲ့ ထခုန်တော့မယ့် အသွင်အပြင်မျိုး မြင်တွေ့ရတဲ့အတွက် ကားအရောင်းအဝယ်စျေးကွက်မှာ ဖားပြုပ်ဆိုပြီး တင်စား ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ တခြား SUV အမြင့်ကာတွေနဲ့မတူဘဲ ပြည့်ပြည့်ဖောင်းဖောင်းနဲ့ ခံ့ညားလှပမှု၊ ဆန်းသစ်မှုတို့ကြောင့်လည်း ရေပန်းစားစေတာပဲ ဖြစ်ပါတယ်။

၂။ ဓာတ်ဆီ၊ သို့မဟုတ် ဒီဇယ်ရွေးချယ်နိုင်မှု
Mitsubishi Pajero ၁၉၉၉-၂ဝဝ၆ မိုဒယ်ကို ကားဝယ်ယူသုံးစွဲ သူတွေ အကြိုက် ဓာတ်ဆီ၊ ဒါမှမဟုတ် ဒီဇယ်နှစ်မျိုး ထုတ်လုပ်ထားတဲ့ အတွက် ဆီစားမှာမကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ အထ ကောင်းတာကို ကြိုက်သူတွေအနေနဲ့ ဓာတ်ဆီ အင်ဂျင်ကိုရွေးချယ်နိုင်ပြီး ဆီစားမှာ ကြောက်တဲ့သူတွေအတွက်တော့ စီးစီးပိုင်ပိုင်နဲ့ အငြိမ်မောင်းနိုင်မယ့် ဒီဇယ်အင်ဂျင်ကို ရွေးချယ်နိုင်ပါတယ်။ ဒီလိုရွေးချယ်နိုင်တဲ့အတွက်လည်း ရောင်းသူ/ဝယ်သူ အကြား ရေပန်းစားလာတာပဲ ဖြစ်ပါ တယ်။

၃။ ခုံသုံးတန်းပါဝင်မှု
Mitsubishi Pajero (၁၉၉၉-၂ဝဝ၆)မိုဒယ် 4-Door ကားတိုင်းမှာ ခုံသုံးတန်းပါဝင်တဲ့အတွက် လူရှစ်ယောက် အေးအေးဆေးဆေး တင်ဆောင် နိုင်ပါတယ်။ ပစ္စည်းများများ တင်မယ်ဆိုရင်လည်း အနောက်ဆုံးခုံတန်းကို အလွယ်တကူ ခေါက်သိမ်းလို့ရပါတယ်။ ဒီလို ခုံသုံးတန်းပါဝင်မှုကလည်း လူများများတင်ဆောင်လိုသူတွေအတွက် ရေပန်းစားစေတဲ့ပါဝင်မှုပဲ ဖြစ်ပါ တယ်။

၄။Round Aircon
Mitsubishi Pajero (၁၉၉၉-၂ဝဝ၆) မိုဒယ်မှာ ကားရဲ့အဲကွန်းစနစ်က အရှေ့တင်မဟုတ်ဘဲ အနောက်ခုံတွေအထိ အဲကွန်းစနစ် ပါဝင်တဲ့အတွက် လူများများတင်ဆောင်ထားလည်း ကားရဲ့ Round Aircon က လုံလုံလောက်လောက် အေးစေပါတယ်။ နောက်ပိုင်း ကားဝယ်သူအများစုဟာ Round Aircon စနစ် ပါဝင်တဲ့ကားတွေကို ပိုပြီးရေပန်းစားဝယ်ယူကြတာပဲ ဖြစ်ပါတယ်။

၅။ ကောင်းမွန်သော အောက်ပိုင်းစနစ်
Mitsubishi Pajero (၁၉၉၉-၂ဝဝ၆)မိုဒယ်က SUV ကားတစ်စီး ဖြစ်တာနဲ့အညီ အကြမ်း၊ အချောသုံးဖို့အတွက် Mitsubishi ရဲ့ Pajero ကားတွေရဲ့ အောက်ပိုင်းကို တခြားမိုဒယ်တွေထက် ပိုပြီးတောင့်တင်းခိုင်ခံ့ အောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ လမ်းအကြမ်းတွေမှာ စိတ်ကြိုက် ပစ်မောင်းနိုင်ပြီး လမ်းကောင်းတဲ့နေရာတွေမှာလည်း အမြင့်ကားတစ်စီးနဲ့ မလိုက်အောင် အရှိန်နှုန်းမြင့်မြင့်နဲ့ မောင်းနှင်နိုင်ပါတယ်။ ဒီလိုမောင်းနှင် နိုင်မှုဟာ ကားရဲ့ကောင်းမွန်တဲ့ အောက်ပိုင်းစနစ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

၆။ Auto & Manual နှစ်မျိုးပါဝင်မှု
Mitsubishi Pajero (၁၉၉၉-၂ဝဝ၆)မိုဒယ် Auto Gear စနစ် ကားတွေအားလုံးမှာ Auto ကနေ တောင်ဆင်းတောင်တက်၊ လမ်းကြမ်း တွေမှာလည်း လိုအပ်သလို Manual Gear ပြောင်းလဲမောင်းနှင်နိုင်မှာ ဖြစ်တဲ့အတွက် ကားမောင်းသူတွေအကြိုက် ရေပန်းစားတဲ့ပါဝင်မှုပဲ ဖြစ်ပါ တယ်။

၇။ 4WD Transfer ပါဝင်မှု
Mitsubishi Pajero (၁၉၉၉-၂ဝဝ၆)မိုဒယ်မှာ ပုံမှန် SUV မဟုတ်ဘဲ လမ်းကြမ်း၊ လမ်းချောအတွက် အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ကား ဖြစ်တဲ့အတွက် နေရာဒေသအပေါ်မူတည်ပြီး လိုအပ်သလို စိတ်ကြိုက် ပြောင်းလဲနိုင်တဲ့ 4WD Transfer ကို ထည့်သွင်းပေးထားပါတယ်။ 4 Wheels Drive မလိုအပ်တဲ့အခါမှာလည်း 2 Wheels Drive ကို ပြောင်း လဲထားနိုင်မှာ ဖြစ်တဲ့အတွက် ဒီလိုပါဝင်မှုဟာ အမြင့် ကားမောင်း သူတွေအတွက် တော့ ရေပန်းစားစေတဲ့ရွေးချယ်စရာပဲ ဖြစ်ပါတယ်။

၈။ GDI Pump
Mitsubishi Pajero (၁၉၉၉-၂ဝဝ၆)မိုဒယ်ရဲ့ ဓာတ်ဆီအင်ဂျင်ကို ဆီစားသက်သာစေအောင် Mitsubishi က ဆန်းသစ်ဖန်တီးထားတဲ့ GDI နည်းပညာ အသုံးပြု Pump ကို ထည့်သွင်းထားပါတယ်။ ဒီ Pump ရဲ့ အားသာချက်ကတော့ ဆီစား အရမ်းသက်သာစေပါတယ်။ အားနည်းချက် ကတော့ ဆီမသန့်တဲ့အခါမျိုးမှာ Pump ကြောင်ပြီး ပျက်ပြီဆိုရင် အဲဒီ အချိန်က အသစ်ပြန်လဲဖို့ ပစ္စည်းရှားပါးတဲ့အတွက် Mitsubishi Pajero (၁၉၉၉-၂ဝဝ၆)မိုဒယ် (ဖားပြုပ်) GDI ဆို ကြောက်တယ်ဆိုပြီး ရေပန်းစား စေတာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပစ္စည်းတွေလည်း ပေါများပြီး အလွယ်တကူပြင်နိုင်ပြီဖြစ်တဲ့အတွက် အဲဒီအခက်အခဲတွေ မရှိတော့ပါဘူး။

Mitsubishi Pajero (၁၉၉၉-၂ဝဝ၆)မိုဒယ်ကို SUV ကားထဲမှာ အကြမ်းခံမှု၊ ဝင့်ကြွားလှပသော ရုပ်ထွက်ရှိမှု၊ အောက်ပိုင်းတောင့်တင်းမှု၊ လူများများ တင်ဆောင်နိုင်မှု၊ ခံ့ညားလှပတဲ့ ဂုဏ်ဒြပ်ရှိမှု၊ ဇိမ်ခံကားတစ် စီးရဲ့ လိုအပ်တဲ့အင်ဂျင်ပါဝါကို အသုံးပြုပေးထားမှု၊ လမ်းအကွေ့တွေမှာ တည်ငြိမ်စွာ မောင်းနှင်နိုင်မှုတွေကြောင့် ရေပန်းစားရွေးချယ်စရာ SUV ကားတစ်စီးအဖြစ် ရွေးချယ်လာခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ် ‘လူ ကြိုက်များသောကားတို့၏ ရေပန်းစားသောပါဝင်မှုများ’မှာ ဘယ်ကား အမျိုးအစားမှာ ဘယ်လိုရေပန်းစားလူကြိုက်များတဲ့ စနစ်တွေ ပါဝင်တယ် ဆိုတာကို စောင့်ေမျှာ်ဖတ်ရှုဖို့ေြပာရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here