လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

1170

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Toyota Crown မိုဒယ်ရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Toyota Crown မိုဒယ် ဆိုသည်မှာ …
Toyota Crown ကို Toyota Company ကနေ Luxury Car အဖြစ် Saloon Type နဲ့ Van Type နှစ်မျိုး ထုတ်လုပ်ခဲ့ပါတယ်။ စာရေးသူတို့ နိုင်ငံမှာတော့ Saloon Type ကို ရေပန်းစားလူကြိုက်များပြီး သူ့ရဲ့ Generation များစွာရှိတဲ့အထဲကမှ လူကြိုက်များပြီး အဝယ်များတဲ့မျိုးဆက်က တော့ Eleven Generation (S170) ၂ဝဝ၁-၂ဝဝ၃ မိုဒယ်ပဲ ဖြစ်ပါတယ်။ Version အနေနဲ့လည်း Athlete ကို စာရေးသူတို့နိုင်ငံမှာ အကြိုက်နည်းပြီး Royal Version ကို ပိုကြိုက်ကြပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ 2.0,2.5,3.0 L ဆိုပြီး သုံးမျိုး ထုတ်လုပ်ထားရာမှာ ရေပန်းအစားဆုံးနဲ့ အရောင်းအဝယ် အဖြစ်ဆုံးကတော့ 2.5L အင်ဂျင်ပဲ ဖြစ်ပါတယ်။ Grade အနေနဲ့ Royal Extra ၊ Royal Extra Limited ၊ Royal Saloon ၊ Royal Extra Four ၊ Royal Saloon G ၊ Royal Saloon Premium ဆိုပြီး ရှိပါတယ်။ Toyota Crown ကို လူကြိုက်များ ရေပန်းစားရွေးချယ် ဝယ်ယူကြတာကတော့ ပွဲတက်အဆောင်အယောင်အဖြစ် ခံ့ညားခြင်း၊ ငြိမ့်ညောင်းခြင်း၊ Luxury Feel ကို အပြည့်အဝရရှိစေခြင်း စတဲ့ ရေပန်းစား လူကြိုက်များတဲ့အချက်တွေ Grade တိုင်းမှာ ထူးခြားစွာပါဝင်တာကြောင့် ဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသော အချက်များ
၁။ ကားရဲ့ ဒီဇိုင်းအသွင်အပြင်ဖွဲ့စည်းပုံ
Toyota Crown (၂ဝဝ၁-၂ဝဝ၃)ဟာ Luxury ကားတစ်စီး ဖြစ်တယ် ဆိုတဲ့အတိုင်း ပုံမှန်ကားတွေလို Toyota တံဆိပ်အစား Crown ဆိုတဲ့ အတိုင်း သရဖူတံဆိပ်ကလေးတွေကို အသုံးပြုပေးထားပါတယ်။ ကားရဲ့ ပုံစံကလည်း တကယ့်ကို ဂန္ထဝင်ဆန်ဆန်ပုံစံနဲ့မြင်တွေ့ရပြီး လူချမ်းသာတို့ရဲ့ အသုံးအဆောင်အဖြစ်အသုံးပြုတဲ့ အဆောင်အယောင် ကားတစ်စီး ပုံစံမျိုးလည်း ဖြစ်ပါတယ်။ Classis ဆန်ဆန် လှပနေပြီး သံဘော်ဒီသား တွေနဲ့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းထားတာကြောင့် Toyota Crown (၂ဝဝ၁- ၂ဝဝ၃)မိုဒယ် ကားရဲ့နောက်မီးလုံးကို ကြည့်လိုက်တဲ့အချိန်မှာ ဂျယ်လီ လိုမျိုး အတုံးလေးတွေနဲ့တူတဲ့အတွက် Crown ဂျယ်လီလို့ ရေပန်းစား စေတာပဲ ဖြစ်ပါတယ်။

၂။ ကားရဲ့ အတွင်းခန်းအပြင်အဆင်နဲ့ ပါဝင်မှု
Toyota Crown (၂ဝဝ၁-၂ဝဝ၃)ဟာ လူချမ်းသာတွေရဲ့ အဆောင် အယောင်အဖြစ် ထုတ်လုပ်ထားတဲ့ကား ဆိုတဲ့အတိုင်းပဲ ကားရဲ့အတွင်း ခန်းတွေကလည်း တကယ့်ကို ခမ်းခမ်းနားနား ပြုလုပ်ထားတာ တွေ့ရပါတယ်။ ကားတံခါးကိုဖွင့်ပြီး အထဲကို ကြည့်လိုက်တဲ့ အချိန်မှာ ကျွန်းကွက်ပတ်လည်နဲ့ အလှဆင်ထားပြီး ကားအတွင်း TV မှာလည်း Aircon အဖွင့်/အပိတ် Control တွေ ထည့်သွင်းပေးထားသလို စတီယာရင်မှာလည်း သရဖူလိုဂိုလေး ထည့်သွင်း ပေးထားပါတယ်။ ထိုင်ခုံတွေကိုလည်း နူးညံ့တဲ့ ရှမွိုင်းသားတွေနဲ့ ပြုလုပ်ထားပြီး G Grade မှာတော့ Leather ကြိုက်နှစ်သက်သူတို့ အတွက် Leather Seat တွေ အသုံးပြုပေးထားပါတယ်။ ကားရဲ့အဲကွန်းမှာလည်း လေကိုဖြန့်ကြက်ပေးတဲ့ Swing Mode ထည့်သွင်းပေးထားတဲ့အတွက် ကားအတွင်းလိုက်ပါသူတွေ အဲကွန်းလေကို အပြည့်အဝရရှိစေမှာဖြစ်လို့ ကားရဲ့ခံ့ညားထည်ဝါမှုနဲ့ ပါဝင်မှုတွေက တကယ့်ကို Luxury ဖြစ်စေတဲ့ ရေပန်းစားမှုတွေပဲ ဖြစ်ပါတယ်။

၃။ သက်သောင့်သက်သာရှိမှု
Toyota Crown (၂ဝဝ၁-၂ဝဝ၃) ဟာ ပုံမှန် Saloon ကားမဟုတ် ဘဲ Luxury Saloon အဖြစ် ထုတ်လုပ်ထားတဲ့ကား ဖြစ်တဲ့အတွက် ငြိမ့် ညောင်းမှုကို အထူးဦးစားပေး ထုတ်လုပ်ထားတဲ့ကား ဖြစ်ပါတယ်။ ကားရဲ့ Suspension ပိုင်းကို Independent Suspension အသုံးပြုပေးထားတဲ့ အတွက် ချိုင့်အကျတွေမှာလည်း ကားပေါ် လိုက်ပါလာသူအတွက် ဇိမ်ရှိရှိနဲ့ ကျယ်ကျယ်ဝန်းဝန်း လိုက်ပါနိုင်ပါပြီး သက်သောင့်သက်သာ ရှိစေမှာဖြစ်လို့ ငြိမ့်ညောင်းမှု သရဖူဆောင်းစေတဲ့ Toyota Crown လို့ ရေပန်းစားစေ ပါတယ်။

၄။ VVT-I Engine
Toyota Crown (၂ဝဝ၁-၂ဝဝ၃) ဟာ Luxury Saloon ကား ဖြစ်တယ်ဆိုပေမဲ့ ပုံမှန် Luxury Saloon ကားတွေထက် ဆီစား သက်သာစေဖို့ Toyota ရဲ့ နာမည်ကြီးတဲ့ VVT-I အင်ဂျင်ကို အသုံးပြု ပေးထားတဲ့အတွက် အင်ဂျင်ပါဝါတူတဲ့ တခြားကားတွေထက် ဆီစား ပိုမို သက်သာတဲ့အချက်က Luxury Saloon ရွေးချယ် ဝယ်ယူကြသူတွေအကြားမှာ ရေပန်းစားစေပါတယ်။

၅။ Royal Sound System
Toyota Crown (၂ဝဝ၁-၂ဝဝ၃) ဟာ Luxury ကားဖြစ်တာနဲ့အညီ ကားရဲ့ Audio CD စက်ကနေ ထွက်လာတဲ့အသံဟာ အခုခေတ်ပေါ်ကား တွေမှာ ထွက်လာတဲ့အသံတွေထက်ကို ပိုကောင်းတဲ့ Royal Sound System အသုံးပြုပေးထားပါတယ်။ ကားပေါ် လိုက်ပါသူတွေရော၊ ကား မောင်းသူတွေရော အကြိုက်တွေ့ ရေပန်းစားစေမယ့် Royal Sound System ပဲ ဖြစ်ပါတယ်။
၆။ Cruise Control
Premium Grade , G Grade တို့မှာ ထည့်သွင်းပေးထားတဲ့ အလိုအလျောက် အရှိန်ထိန်းမောင်းနှင်စနစ် Cruise Control ပဲ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ကားရဲ့မိုဒယ် ၂ဝဝ၁-၂ဝဝ၃ ခုနှစ်ကနေ အခုအချိန်အထိကို ရေပန်းစားလူကြိုက်များတဲ့ Cruise Control စနစ်ပဲ ဖြစ်ပါတယ်။

၇။ All Seat Motor
Toyota Crown (၂ဝဝ၁-၂ဝဝ၃)ရဲ့ Premium Grade , G Grade မှာပဲ ကားရဲ့ ရှေ့နောက်ထိုင်ခုံအားလုံးကို ရှေ့တိုးနောက်ဆုတ် အပေါ်/ အောက် ရွေ့ဖို့အတွက် မိုတာတွေ ထည့်သွင်း အသုံးပြုပေးထားပါတယ်။ Luxury Car တစ်စီးရဲ့ ထိုင်ခုံတွေကို မိုတာနဲ့ ရွေ့နိုင််တဲ့စနစ် ထည့်ပေးထားတာဟာလည်း ကားအသုံးပြုသူ တွေအတွက် အရမ်းကို စမတ် ကျစေလို့ Motor Seat ပါဝင် မှုကို ရေပန်း စား ရွေးချယ် ဝယ်ယူကြပါတယ်။

၈။ Key Security System
Toyota Crown (၂ဝဝ၁-၂ဝဝ၃)ကို Security ပိုင်းအနေနဲ့လည်း နည်းပညာမြင့်စွာ ထုတ်လုပ်ထားပါတယ်။ ကားရဲ့ သော့အတွင်းမှာ ဆင်ဆာ ထည့်ပေးထားတဲ့အတွက် ကားရဲ့သော့ကို ပုံစံတူ Copy ယူပြီး ဆင်ဆာမပါဘဲ ကားကိုဖွင့်၊ စက်နှိုးလို့မရအောင် ပြုလုပ်ထားတဲ့စနစ်က ကားပိုင်ရှင်တွေအတွက် လုံခြုံမှုရှိစေတာကြောင့် ဒီလို Safety ဖြစ်မှု ကလည်း ရွေးချယ်စရာအချက်တစ်ခုပဲ ဖြစ်ပါတယ်။

၉။ စီးစီးပိုင်ပိုင်ရှိတဲ့ မောင်းနှင်မှု
Toyota Crown (၂ဝဝ၁-၂ဝဝ၃)ကို Luxury Saloon အဖြစ် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ကားမောင်းနှင်ရတဲ့ အခါမှာလည်း ကားမောင်းသူအနေနဲ့ စီးစီးပိုင်ပိုင်ရှိပြီး ဘယ်လောက် ခရီးဝေးဝေး သက်သောင့်သက်သာရှိအောင် မောင်းနှင်နိုင်တဲ့အတွက် Toyota Crown မောင်းပြီးရင် တခြားကားမောင်းရတာ အားမရဘူးလို့ အပြောများတဲ့အထိ မောင်းနှင်မှုနဲ့ ပတ်သက်ပြီး ရေပန်းစားစေပါတယ်။

Toyota Crown (၂ဝဝ၁-၂ဝဝ၃)မိုဒယ်ကို Luxury Saloon ထဲမှာ ခံ့ညားမှု၊ လှပမှု၊ တည်ငြိမ်မှု၊ ငြိမ့်ညောင်းမှု၊ သက်သောင့်သက်သာရှိမှု၊ မိုဒယ်နိမ့်သွားပေမဲ့ ပါဝင်တဲ့ Function တွေက အခုအချိန်အထိ လူကြိုက်များဆဲ ဖြစ်တဲ့အတွက် Luxury Saloon ကား အမျိုးအစားတွေထဲမှာ ရေပန်းစားပြီး ရွေးချယ်ဝယ်ယူဖို့ စဉ်းစားစရာ Saloon ကားတစ်စီး ဖြစ်လာ ပါတယ်။

နောက်တစ်ပတ် ‘လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ’မှာ ဘယ်ကားအမျိုးအစားက ဘယ်လိုရေပန်းစားပြီး လူကြိုက် များတဲ့စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်ေမျှာ်ဖတ်ရှုဖို့ ေြပာရင်း နိဂုံး ချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here