လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

355

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ ထပ်မံပေါ်ထွက်လာတဲ့ အသစ်အသစ်သော မိုဒယ်မြင့်ကားသစ်တွေအကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Chevrolet Captiva ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Chevrolet Captiva မိုဒယ်ဆိုတာ …
ဒီတစ်ပတ်ဖော်ပြမယ့်ကားကတော့ အစိုးရရဲ့ ဘယ်မောင်းကား တင်သွင်းခွင့်မှာ ရေပန်းစားလူကြိုက်များနေတဲ့ Chevrolet ရဲ့ SUV ကားတစ်စီး ဖြစ်တဲ့ Captiva ကားလေးပဲဖြစ်ပါတယ်။ ၂၀ဝ၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး စာရေးသူတို့နိုင်ငံမှာ ၂၀၁၉-၂၀၂၁ မိုဒယ် Second Generation ထဲကမှ ၂၀၂၀-၂၀၂၁ မိုဒယ်ကို ၂၀၂၀ ကားတင်သွင်းခွင့်မှာ အများဆုံး တင်သွင်းလာကြတာပဲဖြစ်ပါတယ်။ တရုတ်မှာ တပ်ဆင်ထုတ်လုပ်တယ်ဆိုပေမဲ့ Chevrolet ဆိုတဲ့ Brand အရှိန်အဝါကြောင့် ၂၀၂၀ ပြည့်နှစ် ကားတင်သွင်းခွင့်မှာ ရေပန်းစားလူကြိုက်များပြီး တင်သွင်းလာတာပဲဖြစ်ပါတယ်။ အင်ဂျင်ကလည်း ဆီစားသက်သာတဲ့ 1.5 Turbo Gasoline အင်ဂျင်ဖြစ်ပါတယ်။ Grade ကတော့ LS ၊ LT ၊ PREMIER ဆိုပြီး Grade တွေရှိပါတယ်။ LS က အနိမ့်ဆုံး Grade ဖြစ်ပြီး PREMIER ကတော့ အမြင့်ဆုံး Grade ဖြစ်ပါတယ်။ ဒါကြောင့် Chevrolet Captiva (၂၀၂၀-၂၀၂၁)မိုဒယ်မှာ ဘယ်လို လူကြိုက်များ ရေပန်းစားတဲ့ အချက်တွေ ပါဝင်လဲဆိုတာ ကားချစ်သူတို့အတွက် တင်ဆက်ဖော်ပြမှာဖြစ်ပါတယ်။

၁။ လှပပြီးဆန်းသစ်သည့်ဒီဇိုင်း
Chevrolet Captiva (၂၀၂၀-၂၀၂၁)ရဲ့ဒီဇိုင်းက အရင် Generation နဲ့မတူဘဲ မိုဒယ်မြင့်ကားသစ်တစ်စီးရဲ့ အသွင်အပြင်လို့ ဆိုရ လောက်အောင် ရှေ့မီးလုံးတွေမှာ Daylight LED မီးတွေပါဝင်ပြီး Main Headlight ကိုတော့ ထူးခြားစွာပဲ ပုံမှန် Foglight ထားတဲ့နေရာမှာ ထည့်သွင်းပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာတော့ အတော်ဆွဲဆောင်မှုရှိပြီး လှပနေပါတယ်။ ကားတစ်စီးလုံးဒီဇိုင်းကို ခြုံငုံကြည့်ရင် လှပနေပေမဲ့ အားနည်းချက်ကတော့ ကားရဲ့နောက်ပိုင်း မီးလုံးနဲ့ နောက်ဖုံးပုံစံလေးက အရှေ့ပိုင်းနဲ့ယှဉ်ရင် လိုအပ်ချက်တချို့ရှိပြီး တစ်စီးလုံးခြုံကြည့်ရင်တော့ ခပ်ဆန်းဆန်းဒီဇိုင်းဖြစ်နေတာက ရေပန်းစား ပါတယ်။

၂။ ခုံသုံးတန်းပါဝင်မှုနှင့် Aircon နိုင်နင်းမှု
စာရေးသူတို့နိုင်ငံမှာ SUV ကားတွေ ဝယ်ယူတဲ့အခါ ခုံသုံးတန်း ပါဝင်တဲ့ SUV ကားတွေ ပိုပြီးဝယ်ယူကြတာ တွေ့ရပါတယ်။ Chevrolet Captiva (၂၀၂၀-၂၀၂၁) မိုဒယ်မှာလည်း ခုံသုံးတန်းကို သက်သောင့် သက်သာထိုင်နိုင်ပြီး ဒုတိယခုံတန်းမှာလည်း အဲကွန်းပါဝင်တာကြောင့် ခရီးသွားတဲ့အခါ ခုံအပြည့် အေးစေနိုင်တဲ့အချက်ကလည်း ရေပန်း စားပါတယ်။

၃။ ကျစ်လျစ်သည့်သံသားနှင့်
ဖွဲ့စည်းထားသောကိုယ်ထည်
Chevrolet မိုဒယ်မြင့် ကားအများစုမှာ ဘော်ဒီသံသား ပါးတာတွေလည်း ရှိတာကို တွေ့ရပါတယ်။ Chevrolet Captiva (၂၀၂၀-၂၀၂၁)ကတော့ ထူးခြားစွာပဲ တရုတ်မှာ ဆင်တယ်လို့ ပြောကြပေမဲ့ သံအရည်အသွေးကောင်းတာနဲ့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းထားတဲ့ဘော်ဒီကြောင့် ကားတင်သွင်းခွင့်မှာ ရေပန်းအစားဆုံး တင်သွင်းလာကြတာ ဖြစ်ပါတယ်။

၄။ LT ၊ PREMIER တို့ပါဝင်မှု
Chevrolet Captiva (၂၀၂၀-၂၀၂၁)ရဲ့ LT ၊ PREMIER တွေက Grade အမြင့်တွေဖြစ်ပြီး Smart Key ၊ Push-start System ထည့်သွင်း ပေးထားပြီး အဲကွန်းစနစ်ကိုလည်း LS Grade လိုမဟုတ်ဘဲ ဒစ်ဂျစ်တယ် စနစ် ထည့်သွင်းပေးထားပါတယ်။ Premier မှာဆိုရင်လည်း Driver Seat ကို Motor စနစ် ထည့်သွင်းပေးထားပါတယ်။ ဒီအတွက်ကြောင့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကားတင်သွင်းခွင့်မှာ LT ၊ PREMIER ကို အများဆုံး ရေပန်းစား တင်သွင်းလာကြတာ ဖြစ်ပါတယ်။

၅။ ဆီစားသက်သာသည့် အင်ဂျင်
Chevrolet Captiva (၂၀၂၀-၂၀၂၁) မိုဒယ်က SUV ကားတစ်စီး ဖြစ်ပြီး ပုံမှန် SUV ကားတွေနဲ့မတူညီဘဲ နည်းပညာမြင့်မိုဒယ်မြင့်ကားတစ် စီးဖြစ်တာနဲ့အညီ ဆီစားအရမ်းသက်သာတဲ့ 1.5 Turbo (Gasoline) အင်ဂျင် ထည့်သွင်းပေးထားပါတယ်။ အဲဒီအင်ဂျင်က ဆီစားသက်သာတဲ့ အပြင် အရုန်းအဆွဲလည်း ကောင်းမွန်လို့ လူကြိုက်များပြီး ၂၀၂၁ ခုနှစ်မှာ ရေပန်းစားစွာ ရွေးချယ်လာကြမယ့် မိုဒယ်ဖြစ်လာတာပါ။

၆။ Cruise Control စနစ်
မိုဒယ်မြင့်ကားအများစုမှာ Cruise Control စနစ်ကို မဖြစ်မနေ ထည့်သွင်းပေးလာကြပါတယ်။ Chevrolet Captiva (၂၀၂၀-၂၀၂၁) မိုဒယ်ရဲ့ Grade အားလုံးမှာလည်း အလိုအလျောက် အရှိန်ထိန်းမောင်း နှင်တဲ့စနစ်ဖြစ်တဲ့ Cruise Control စနစ်ကို ထည့်သွင်းပေးထားခြင်းကလည်း ရေပန်းစားတဲ့ ပါဝင်မှုတစ်ခုဖြစ်စေပါတယ်။

၇။ Tyre Pressure Monitoring System (TPMS)
Chevrolet Captiva (၂၀၂၀-၂၀၂၁)မိုဒယ်မှာ နည်းပညာမြင့်ကား တွေမှာ မပါမဖြစ်ပါဝင်တဲ့ Tyre Pressure Monitoring System(လေ ပေါင်ချိန်တိုင်းတာပြီး ပြသပေးသောစနစ်)ကို ထည့်သွင်းပေးထားပါတယ်။ ဒီစနစ်ကြောင့် ကားရဲ့ တာယာလေပေါင်ချိန်တွေကို သိရှိနိုင်တဲ့အပြင် ဘီးလေလျော့တဲ့အခါမှာလည်း Monitor ကတစ်ဆင့်သိရှိနိုင်တဲ့အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်တာကြောင့် ကားစီးနင်းတဲ့အခါ မတော် တဆမှု ကင်းရှင်းစေမှာပဲဖြစ်ပါတယ်။ ဒီစနစ်ပါဝင်မှုကြောင့်လည်း Safety ပိုင်းကို ဦးစားပေးသူတွေက ရေပန်းစားရွေးချယ် တင်သွင်းကြတာ ဖြစ်ပါတယ်။

၈။ ဝန်ထမ်းပါမစ်နှင့် တင်သွင်းမှု
Chevrolet Captiva (၂၀၂၀-၂၀၂၁) မိုဒယ်ကို ဒုတိယညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးအဆင့် ဝန်ထမ်းများပါမစ်နဲ့ သွင်းလို့ရပါ တယ်။ ကားတင်သွင်းရာမှာလည်း ဈေးနှုန်းသင့်တော်လို့ ဝန်ထမ်းပါမစ် တင်သွင်းမှုရဲ့ အများဆုံး ရွေးချယ်တင်သွင်းတဲ့စာရင်းမှာ ရေပန်းစားနေတာက Chevrolet Captiva (၂၀၂၀-၂၀၂၁)မိုဒယ်ပါပဲ။

၉။ ဈေးနှုန်းသင့်တော်မှု
Chevrolet Captiva (၂၀၂၀-၂၀၂၁) မိုဒယ် Brand New Kilo Zero SUV ကားသစ်တစ်စီးကို လိုင်စင်အပြီး အစီးဈေးနှုန်း Grade အပေါ်မူတည်လို့ ကျပ်သိန်း ၃၉၀-၄၇၀ ဝန်းကျင်နဲ့ ဝယ်ယူရရှိနိုင်တဲ့အတွက် SUV ကားသစ်ဝယ်မယ့်သူတွေအကြား Chevrolet Captiva (၂၀၂၀-၂၀၂၁)ကို ဈေးနှုန်းသင့်တော်မှုကြောင့် ရေပန်းစား ရွေးချယ်ကြတာပဲဖြစ်ပါတယ်။

၁၀။ Infotainment TV
Chevrolet Captiva (၂၀၂၀-၂၀၂၁)မှာ ထည့်သွင်းပေးထားတဲ့ Infotainment TV က အခွေထည့်ဖို့နေရာတော့ မပါဝင်ပါ။ ကားရဲ့ Infotainment TV မှာ Bluetooth ချိတ်ဆက်ခြင်း၊ Iphone အသုံးပြုသူတွေ ဆိုရင်လည်း ဖုန်းကို USB ချိတ်လိုက်တာနဲ့ Apple CarPlay စနစ်ကနေ အလိုအလျောက်ချိတ်ဆက်ပေးပြီး ဖုန်းက Application တွေ ကားရဲ့ TV Screen မှာလာပေါ်ပြီး ဖုန်းတစ်လုံးလို စိတ်ကြိုက်သုံးနိုင်မှာပဲဖြစ် ပါတယ်။ Google Maps ကိုလည်း အသုံးပြုနိုင်တဲ့အတွက် လူကြီး၊ လူ ငယ်တွေ ရေပန်းစားကြိုက်နှစ်သက်ကြမှာပဲ ဖြစ်ပါတယ်။
Chevrolet Captiva(၂၀၂၀-၂၀၂၁)ကို Mid-Size SUV ထဲမှာ ဆန်းသစ်သောဒီဇိုင်းနှင့်လှပခြင်း၊ လမ်းအနိမ့်များတွင် မောင်းနှင်နိုင်ခြင်း၊ မိုဒယ်မြင့်ခြင်း၊ Feature စုံလင်ခြင်း၊ အင်ဂျင်အရုန်းအဆွဲ ကောင်းမွန်ခြင်း၊ ခုံသုံးတန်းပါဝင်ခြင်း၊ Eurpe Brand SUV ကားသစ်တစ်စီးကို ကျပ်သိန်း ၃၉၀-၄၇၀ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်ခြင်းတို့ကြောင့် ရေပန်းစားရွေးချယ်စရာ Mid-size SUV ကားတစ်စီးအဖြစ် ရွေးချယ်လာခြင်းပဲဖြစ်ပါတယ်။ နောက်တစ်ပတ် ‘လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင် မှုများ’မှာ ဘယ်ကားအမျိုးအစားက ဘယ်လိုရေပန်းစားပြီး လူကြိုက် များတဲ့ စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုဖို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here