လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

173

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Chevrolet Equinox ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Chevrolet Equinox မိုဒယ်ဆိုတာ …
ဒီတစ်ပတ် ဖော်ပြမယ့်ကားကတော့ အစိုးရရဲ့ ဘယ်မောင်းကား တင်သွင်းခွင့်မှာ ရေပန်းစားလူကြိုက်များပြီး ထိပ်တန်း Brand တစ်ခု ဖြစ်တဲ့ Chevrolet ရဲ့ Equinox ဆိုတဲ့ SUV ကားလေးပဲ ဖြစ်ပါတယ်။ Mid-size SUV အမျိုးအစားဖြစ်ပြီး ၂၀ဝ၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ပါ။ စာရေးသူတို့နိုင်ငံမှာ ရေပန်းစားလူကြိုက်များနေတဲ့ Generation ကတော့ Third Generation (၂၀၁၇-၂၀၁၉) မိုဒယ်ဖြစ်ပါတယ်။ 1.5 L Turbo Gasoline ၊ 2.0L Turbo Gasoline ၊ 1.6L Turbo Diesel အင်ဂျင်အမျိုးအစားသုံးမျိုး ထုတ်လုပ်ထားရာမှာ 1.5 L Turbo Gasoline နဲ့ 2.0L Turbo Gasoline အင်ဂျင်နှစ်မျိုးကိုတော့ လူကြိုက်များ ရေပန်းစားပါတယ်။ USA နှင့် South Korea ကနေ အများဆုံးတင်သွင်း ပြီး Grade ကိုတော့ အကြမ်းအားဖြင့် L ၊ RS ၊ LS ၊ LT ၊ LTZ(Premier)၊ Hybird Grade စသဖြင့် ထုတ်လုပ်ထားပါတယ်။

ရေပန်းစားလူကြိုက်များသောအချက်များ
၁။ ဝင့်ကြွားမှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်း
Chevrolet Equinox (၂၀၁၇-၂၀၁၉)ရဲ့ ဒီဇိုင်းပိုင်းက အရင် Generation တွေလို ပြူးတူးတူးမဟုတ်ဘဲ ကားရဲ့ရှေ့မီးလုံးတွေကို ပုံမှန် အနေအထားအတိုင်း သပ်သပ်ရပ်ရပ် ဖန်တီးထားပြီး အရှေ့ရှဲလ်အလယ်မှာ ကားရဲ့ Brand Logo ကို ရွှေရောင်စာလုံးနဲ့ ကြွားကြွားရွားရွား တပ်ဆင်ပေးထားတဲ့အပြင် ကားရဲ့နောက်ဘက်အထိ ဘော်ဒီကို တစ်ပြေးညီ ဒီဇိုင်း ဆွဲထားပါတယ်။ ကားနောက်မီးလုံးတွေကိုလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ လှပစွာ ဖန်တီးပေးထားပါတယ်။ နောက်ဖုံးအလယ်မှာတော့ Brand Logo ထည့်သွင်း ပေးထားပြီး အောက်ထောင့်ဘယ်ညာမှာ ကားရဲ့ Equinox စာလုံးနဲ့ တစ်ဖက်မှာတော့ Grade အမျိုးအစားကို နီကယ်စာလုံးတွေ ထည့်သွင်း အလှဆင်ထားပါတယ်။ Chevrolet Equinox (၂၀၁၇-၂၀၁၉)ဟာ SUV ကားတစ်စီးဖြစ်တဲ့အပြင် သူ့ရဲ့ဒီဇိုင်းပိုင်းကလည်း ပိုပြီး ဝင်ကြွားတဲ့အတွက် SUV ကားတင်သွင်းသူ အများစုအကြား ၂၀၂၀ ပြည့် နှစ်ကားသွင်းခွင့်မှာ ရေပန်းစားတင်သွင်းကြတာ ဖြစ်ပါတယ်။

၂။ ရိုးရှင်းသော အတွင်းခန်းနှင့် ပါဝင်မှု
Chevrolet Equinox (၂၀၁၇-၂၀၁၉)မိုဒယ်ဟာ အမေရိကန် မြညေိ ကားတစ်စီး ဖြစ်တာနဲ့အညီ ကားရဲ့အတွင်းခန်းက ရှုပ်ယှက်ခတ်မနေဘဲ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိနေပြီး LT , LTZ(Premier) Grade မှာတော့ ကားရဲ့အတွင်းခုံတွေကို Leather ခုံတွေနဲ့ ဆင်ယင်ထားပါတယ်။ အလယ်မှာတော့ Infotainment TV ကို အထောင်လေး ပြုလုပ်ပေးထား ပြီး ကားရဲ့စတီယာရင်ကို Control ခလုတ်တွေ တပ်ဆင်ပေးထားပါတယ်။ ဂီယာဘုသီးကို ပုံမှန်အတိုင်း အချောင်းလေး ပြုလုပ်ပေးထားပြီး Auto & Manual အတွက် +/- ခလုတ်ကလေးကို ဂီယာဘုသီးပေါ်မှာ တပ်ဆင် ပေးထားပါတယ်။ LTZ (Premier) မှာတော့ ကားရဲ့နောက်ဖုံးအဖွင့်အပိတ်ကို မိုတာစနစ် ထည့်သွင်းပေးထားတာကိုလည်း တွေ့ရပါတယ်။ ပုံမှန်အားဖြင့် SUV ကားများမှာ အတွင်းခန်းပါဝင်မှု အားနည်းတာ တွေ့ရပါတယ်။ Chevrolet Equinox (၂၀၁၇-၂၀၁၉) မိုဒယ်မှာတော့ ကားရဲ့အတွင်းခန်း ပါဝင်မှု အားကောင်းတဲ့အတွက် မိုဒယ်မြင့် SUV ကားဝယ်မယ့်သူတွေ ရေပန်းစား ကြိုက်နှစ်သက်စေတာပဲ ဖြစ်ပါတယ်။

၃။ Seat Motor & Blind Spot Detecting
LT, LTZ (Premier) Grade မှာတော့ ကားရှေ့ထိုင်ခုံနှစ်လုံးကို အရွှေ့ အပြောင်းပြုလုပ်ဖို့ Motor တွေ ထည့်သွင်းထားလို့ ကားမောင်းရင်း ရုတ်တရက်ခုံရွှေ့တဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရွှေ့လို့ရစေမှာပဲ ဖြစ်ပါတယ်။ ထိုင်ခုံတွေကိုလည်း Soft Leather တွေ ထည့်သွင်းပေးထားတာကို တွေ့ ရပါတယ်။ LTZ (Premier) မှာတော့ အမြင့်ဆုံး Grade ဖြစ်တာနဲ့အညီ ကားနောက်ကွယ်မြင်ကွင်းကို ဘက်မှန်မှာ မမြင်ရတဲ့အခြေအနေ Blind Spot အတွက် အချက်ပြပေးတဲ့စနစ် ထည့်သွင်းပေးထားပြီး ကားရဲ့ အရှေ့အနောက် အရာဝတ္ထုတစ်ခုခုနဲ့ ထိခါနီးတဲ့အခါမျိုးမှာ Parking Sensor အချက်ပေးတာမျိုးမဟုတ်ဘဲ ကားမောင်းသူရဲ့ထိုင်ခုံ တုန်ခါမှုနဲ့ အချက်ပေးတာမျိုးပါ ပါဝင်တဲ့အတွက် LTZ (Premier) Grade ကို ပုံမှန် Grade တွေထက် ဈေးပိုပေးရပေမဲ့ ရေပန်းစား ကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။

၄။Dual Temperature Climate
ဒီစနစ်ကတော့ စာရေးသူတင်ပြပြီးဖြစ်တဲ့ Chevrolet Equinox (၂၀၁၇-၂၀၁၉)မှာပါဝင်တဲ့ LT Option Grade , LTZ (Premier) တို့မှာ Chevrolet ရဲ့ထုံးစံအတိုင်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Equinox ရဲ့ Grade အမြင့်တွေမှာတော့ Dual Temperature Climate Control စနစ် ထည့်သွင်းပေးထားပါတယ်။ ဒီစနစ်ကတော့ အအေးကြိုက် တဲ့သူက အအေး၊ အအေးမကြိုက်သူက အပူ မိမိ စိတ်ကြိုက် မိမိ ဘက်ကို ချိန်ညှိထားလို့ရပါတယ်။ လက်ရှိ ကားဝယ်သူအများစုဟာ ကားဝယ်ယူရာမှာ Aircon Dual Temperature ဖြစ်လား ဆိုပြီး ရေပန်းစားစွာ မေးလာကြတာ တွေ့ရပါတယ်။

၅။ Bose Speaker
LT Customer Grade, LTZ (Premier) မှာ Sound System အတွက် အသံထွက်ကောင်းတဲ့ Bose Speaker တွေကို ထည့်သွင်းပေး ထားပါတယ်။ အသံအရည်အသွေး Audio ကြိုက်နှစ်သက်သူတို့အတွက် Malibu ရဲ့အသံထွက်ကိုတော့ ကြိုက်နှစ်သက်ပြီး အားရစေမှာပဲဖြစ်ပါတယ်။ ဒီအတွက် Malibu ဝယ်ယူစဉ်မေးကြတဲ့ အမေးလိုပဲ ဝယ်ယူတဲ့အခါ Speaker တွေ Bose ဖြစ်လားဆိုတဲ့အမေးလေးက ရေပန်းစားစေပါတယ်။

၆။ Infotainment TV & Wireless Charger
Chevrolet Equinox (၂၀၁၇-၂၀၁၉)မှာ ထည့်သွင်းပေးထားတဲ့ Infotainment TV က အခွေထည့်ဖို့ နေရာတော့မပါဝင်ပါဘူး။ LTZ (Premier) Grade မှာတော့ ခေတ်မီဖုန်းတွေအားသွင်းဖို့အတွက် Wireless Charger စနစ် ထည့်သွင်းပေးထားပါတယ်။ ကားရဲ့ Infotainment TV မှာ Bluetooth ချိတ်ဆက်ခြင်း၊ iPhone အသုံးပြုသူတွေဆိုရင် လည်းဖုန်းကို USB ချိတ်လိုက်တာနဲ့ Apple CarPlay စနစ်ကနေ အလို အလျောက် ချိတ်ဆက်ပေးပြီး ဖုန်းထဲက Application တွေ ကားရဲ့ TV Screen မှာ လာပေါ်မှာဖြစ်လို့ ဖုန်းတစ်လုံးလို စိတ်ကြိုက်သုံးနိုင်မှာပါ။ ဒီလို အဆင်ပြေပြေသုံးနိုင်မှုကိုတော့ လူကြီးတွေထက် လူငယ်တွေကြား ရေပန်းစားကြိုက်နှစ်သက်ကြမှာပဲ ဖြစ်ပါတယ်။

၇။ Smart Features
Chevrolet Equinox (၂၀၁၇-၂၀၁၉)မှာ ကားပုံစံချင်း တူပေမဲ့ ကားရဲ့ Grade အလိုက် Feature တွေ ထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ Grade အားလုံးမှာတော့ Tyre Pressure System , Smart Key , Push-start , Cruise Control စတာတွေ ပါဝင်ပြီး Grade အမြင့် ဖြစ်တဲ့ LT , LTZ(Premier)တို့မှာ Blind Spot Detection , Lane Assist , 360 Camera စတဲ့ Smart Features တွေကိုလည်း ထည့်သွင်းပေးထားလို့ SUV ဝယ်ယူဖို့ စဉ်းစားသူတွေအတွက် Smart Features တွေ စုံ လင်တဲ့အချက်က ရေပန်း စားစေပါတယ်။

၈။ Comfort Suspension
Chevrolet Equinox (၂၀၁၇-၂၀၁၉)ဟာ SUV ကားသစ်တစ်စီး ဖြစ်တာနဲ့အညီ ပုံမှန်ကားတွေထက် ကားရဲ့အောက်ပိုင်းစနစ်ကိုလည်း ကောင်းမွန်အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ SUV ကားတွေအတွက် အဆင်ပြေစေမယ့် Independent Suspension ကို အသုံးပြုပေးထားလို့ လမ်းကြမ်းတွေမှာလည်း သက်သောင့်သက်သာ မောင်းနိုင်ပြီး Torsion Beam သုံးထားတဲ့ကားတွေလို အကျမကြမ်းဘဲ Comfort ဖြစ်စေတာကြောင့် နယ်ဘက်ခရီးသွားတတ်သူတွေ ရေပန်း စားရွေးချယ်ကျတဲ့ SUV တစ်စီးပဲ ဖြစ်ပါတယ်။

၉။ မိုဒယ်မြင့်ပြီး ဈေးနှုန်းသင့်တော်ခြင်း
SUV ကားဝယ်မယ်ဆိုရင် မိုဒယ်အမြင့်ကားအများစုဟာ ဈေးနှုန်း အတော်များတာကို တွေ့ရပါတယ်။ အခု Chevrolet Equinox (၂၀၁၇-၂၀၁၉) ကို ဝယ်ယူမယ်ဆိုရင် အစိုးရက လျှော့ချပေးတဲ့အခွန်တွေကြောင့် ကား Grade အပေါ်မူတည်ပြီး ကျပ်သိန်း ၃၈၀ ကနေ ငါးရာ ဝန်းကျင် အထိပဲရှိတာကို တွေ့ရပါတယ်။ ပေးရတဲ့ဈေးနှုန်း သင့်တင့်ပြီး ပါဝင်မှု အားရော၊ Brand အနေနဲ့ပါ အားကောင်းတဲ့အတွက် SUV တင်သွင်း မှုမှာ ရေပန်းစားလာတာပဲ ဖြစ်ပါတယ်။

၁၀။ ဝန်ထမ်းပါမစ်နဲ့အတူ ရေပန်းစားခြင်း
Chevrolet Equinox (၂၀၁၈-၂၀၁၉)ကို ဝန်ထမ်းကောင်းပါမစ်နဲ့ တင်သွင်းခွင့်ရရှိထားတဲ့ ဝန်ထမ်းအများစုမှာလည်း SUV ကားတင်သွင်းဖို့ ဦးစားပေးစာရင်းမှာ ရေပန်းစားနာမည်ကြီးစွာ ဖြည့်သွင်းကြတာကို တွေ့မြင်ရပါတယ်။ Chevrolet Equinox (၂၀၁၈-၂၀၁၉) မိုဒယ်ကို တင်သွင်းပြီး စီးမယ်ဆိုရင်လည်း ဝန်ထမ်းပါမစ်နဲ့ ဝယ်ယူဖို့ တကယ်တန် သလို ပြန်ရောင်းတဲ့အခါမှာလည်း လူသိပြီးအမျိုးအစားဖြစ်တဲ့အတွက် ဝန်ထမ်းပါမစ်မှာ ရေပန်းစားစေတဲ့ SUV အမျိုးအစားတစ်ခု ဖြစ်လာ တာပဲဖြစ်ပါတယ်။

Chevrolet Equinox (၂၀၁၇-၂၀၁၉)ကို Mid-Size SUV ထဲမှာ ဝင့်ကြွားလှပခြင်း၊ လမ်းအနိမ့်များတွင် မောင်းနိုင်ခြင်း၊ မိုဒယ်မြင့်ခြင်း၊ Feature စုံလင်ခြင်း၊ အင်ဂျင်အရုန်းအဆွဲကောင်းမွန်ခြင်း၊ အမေရိကန် Brand SUV တစ်စီးကို ကျပ်သိန်းလေးရာဝန်းကျင်ဖြင့် ဝယ်ယူနိုင်ခြင်းတို့ ကြောင့် ရေပန်းစားရွေးချယ်စရာ Mid-Size SUV ကားတစ်စီးအဖြစ် ရွေးချယ်လာတာပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ် လူကြိုက်များသော ကားတို့ရဲ့ ရေပန်းစားသည့်ပါဝင်မှုများမှာ ဘယ်ကားအမျိုးအစားက ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုဖို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here