လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

248

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ
အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Honda Fit Hybrid ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Honda Fit Hybrid မိုဒယ်ဆိုတာ …
Honda Fit Hybrid ကို Honda ကုမ္ပဏီကနေ Economy Hatchback အဖြစ် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပြီး 1.3L ၊ 1.5L အင်ဂျင်ကို Hybrid နည်းပညာနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Honda Fit Hybrid (First Generation) ကို ၂၀၁၀ ပြည့်နှစ် ကနေ ၂၀၁၂ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး စာရေးသူတို့နိုင်ငံမှာလည်း First Generation ကို ရေပန်းစားလူကြိုက်များခဲ့ပါတယ်။ အင်ဂျင် နှစ်မျိုး ထုတ်လုပ်ထားရာမှာ 1.3L Hybrid အင်ဂျင်ကို ရေပန်းစား နှစ်သက်ကြတာ တွေ့ရပါတယ်။ Honda Fit Hybrid Hatchback (1.3L) ကို Grade အနေနဲ့ Base ၊ Smart Selection ၊ SHE’s ၊ XH Selection ၊ Hybrid 10th Anniversary ၊ Navi Premium ဆိုပြီး စုံစုံလင်လင် ထုတ်လုပ် ထားပါတယ်။ Basic Grade က အနိမ့်ဆုံး Grade ဖြစ်ပြီး Navi Premium ကတော့ Honda Fit Hybrid Hatchback ရဲ့ ရေပန်းစား လူကြိုက်များတဲ့အချက်တွေ အများဆုံးပါတဲ့ Grade ပဲဖြစ်ပါတယ်။ ဒါကြောင့် Honda Fit Hybrid Hatchback ရဲ့ လူကြိုက်များ ရေပန်းစားတဲ့ အချက်တွေဟာ Grade တစ်ခုစီတိုင်းမှာ ဘယ်လိုပြောင်းလဲပါဝင်သလဲ ဆိုတာ ရေးသားဖော်ပြပါမယ်။

ရေပန်းစား လူကြိုက်များသောအချက်များ
၁။ ကားရဲ့ ဒီဇိုင်းအသွင်အပြင်ဖွဲ့စည်းပုံ
Honda Fit Hybrid Hatchback ရဲ့ပုံစံဟာ Hatchback Type ဖြစ်တဲ့အတွက် အရင်လူကြိုက်များတဲ့ Honda Fit GE6 (၂၀၁၁-၂၀၁၂) မိုဒယ်နဲ့ အတော်များများဆင်တူဖြစ်ပြီး Hybrid ကားမှန်း သိသာစေတဲ့ အချက်ကတော့ အရှေ့ရှဲလ်(Grill)ကို Hybrid မှန်းသိသာစေအောင် ဖန်ပြားနဲ့ ပြုလုပ်ထားတဲ့ အကြည်ရောင်ပြားလေး တပ်ဆင်ထားလို့ နေရောင်မှာ ရပ် ထားတဲ့အခါ ပုံမှန်အင်ဂျင် Honda Fit ထက် လှပကွဲပြားပါတယ်။ ကားရဲ့ နောက်ပိုင်းမီးလုံးတွေကိုလည်း မီးလုံးကာဗာ အကြည်တွေနဲ့ ဖွဲ့စည်း ထားပြီး LED မီးလုံးတွေ ထည့်သွင်းထားတာကလည်း Hybrid Fit မှန်း သိသာစေပါတယ်။ ဒါ့ပြင် ကားရဲ့ပတ်လည်ပါးခြမ်းမှာ Hybrid သင်္ကေတ စတစ်ကာတွေ တပ်ဆင်ပေးထားပါတယ်။ ပုံမှန်အင်ဂျင်သီးသန့် Honda Fit ထက် လှပဆန်းသစ်မှုကို ကြိုက်သူတွေအကြား ရေပန်းစားတဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်းမှုပဲ ဖြစ်ပါတယ်။

၂။ အတွင်းခန်းပါဝင်မှု
Honda Fit Hybrid (၂၀၁၁-၂၀၁၂) ကားလေးမှာ ပုံမှန် Honda Fit GE6 ထက် ထူးခြားတာက ကားရဲ့အနိမ့်ဆုံး Grade မှာကို အဲကွန်း အဖွင့်၊ အပိတ်အတွက် ဒစ်ဂျစ်တယ်စနစ် ထည့်သွင်းပေးထားပြီး စတီယာ ရင်မှာလည်း Cruise Control ပါဝင်တဲ့အပြင် ဘက်မှန်အဖွင့်/အပိတ် ခလုတ်လည်း တပ်ဆင်ပေးထားလို့ Honda Fit GE6 ထက် ပါဝင်မှုစုံလင် တဲ့အတွက် ရေပန်းစားကြိုက်နှစ်သက်ကြပါတယ်။

၃။ HDD Honda Navigator TV
HDD Honda Navigator TV ကို Honda Fit Hybrid (၂၀၁၁-၂၀၁၂) NAVI Premium Grade မှာ အများဆုံး ထည့်သွင်းပေးထားပြီး တခြား Grade မှာတော့ Customer Optional ဖြစ်မှပဲ ပါဝင်ပါတယ်။ ဒီ TV ရဲ့ထူးခြားချက်က CD Original ခွေထည့်လိုက်တဲ့အခါမှာ စက်ရဲ့ Hard Disk ထဲ အလိုအလျောက်ကူးထည့်ပေးပြီး ဆယ်မိနစ်လောက် ကြာရင် အခွေမလိုဘဲ စက်ရဲ့ Hard Disk ကနေ စိတ်ကြိုက်ရွေးပြီး ဖွင့်နိုင်ပါ တယ်။ ဒါကြောင့် သီချင်းတွေ သွင်းထားရင် ခရီးသွားရင်း နားဆင်တဲ့အခါ အခွေထစ်တာမျိုး၊ အခွေပြောင်းထည့်ပေးရတာမျိုးတွေနဲ့ အလုပ်မရှုပ်တော့ တဲ့အတွက် ကားမောင်းသူရော၊ ဘေးမှာ လိုက်ပါသူပါ အဆင်ပြေစေ ပါတယ်။ Bluetooth ချိတ်ပြီး ဖုန်းအဝင်အထွက်တွေလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ နောက်ထူးခြားချက်ကတော့ HDD Honda Navigator TV အအပြင် Original Back Camera ၊ Steering Control တွေလည်း ချိတ် ဆက်ပါဝင်လာတဲ့အတွက် ရေပန်းစား လူကြိုက်များတဲ့ TV ပဲဖြစ်ပါတယ်။

၄။ Paddle Shifter Gear Transfer
Honda Fit Hybrid ရဲ့ အမြင့်ဆုံး Grade ဖြစ်တဲ့ Navi Premium Grade မှာ ထူးခြားစွာပဲ ကားရဲ့ ဂီယာအချိန်းအပြောင်းကို Auto & Manual စနစ် ထည့်သွင်းပေးထားပါတယ်။ ဂီယာခုနစ်ချက်ကို ပြောင်းလဲ စေဖို့ ကားရဲ့စတီယာရင်ကို နာမည်ကြီးပြိုင်ကားတွေမှာ ထည့်သွင်းလေ့ရှိ တဲ့(+/-) Paddle Shifter ခလုတ်ကလေးတွေကို စတီယာရင်ရဲ့ အနောက် တစ်ဖက်တစ်ချက်စီမှာ ထည့်သွင်းပေးထားလို့ Sport Type မောင်းလိုတဲ့ လူငယ်တွေအကြား ရေပန်းစားစေတဲ့ ပါဝင်မှုတစ်ခုပဲ ဖြစ်ပါတယ်။

၅။ Chassis နဲ့ပတ်သက်ပြီး အမည်တွင်ခြင်း
စာရေးသူတို့နိုင်ငံမှာ ကားနာမည်ပေးသူတွေက Honda ကား အများစုကို ကားရဲ့ Chassis အရှေ့စာလုံးတွေကို အဖျားစွတ်ပြီး အမည် ပေး ခေါ်တွင်ကြတာတွေ့ရပါတယ်။ ဥပမာအားဖြင့် Honda Fit အင်ဂျင် သီးသန့်ကားဆို အရှေ့ Chassis စာလုံး GE6 ကို အဖျားစွတ်ပြီး Fit GE6 ၊ Honda Fit Hybrid ဆိုလည်း အရှေ့စာလုံး GP1 ကိုထည့်ပြီး Fit GP1 လို့ ရောင်းသူ/ဝယ်သူကြား သုံးနှုန်းပြောဆိုကြတာ တွေ့ရပါတယ်။ ဒါကြောင့် Honda Fit Hybrid ကိုလည်း Chassis ရဲ့ အရှေ့စာလုံး GP1 ကို အဖျားစွတ်ပြီးခေါ်ဝေါ်ကြတဲ့ Fit GP1 ဆိုတဲ့အမည်က ရောင်းသူ/ ဝယ် သူတို့ကြား ရေပန်းစားလှတဲ့ အမည်နာမပဲ ဖြစ်ပါတယ်။

၆။ ကားရဲ့ ဆယ်ပြားစေ့ပုံစံ နောက်မီးလုံး
ဒီမီးလုံးပါတယ်ဆိုရင် Honda Fit Hybrid Hatchback က 2008 Late(၂၀ဝ၉)ကစတင်ပြီး အများအခေါ် ပုံပြောင်းလို့ ခေါ်ကြပါတယ်။ အရင် ၂၀ဝ၆-၂၀ဝ၈ မှာတော့ နောက်မီးလုံးက ရိုးရိုးအဝိုင်းပုံနဲ့ပဲ လာပါတယ်။ ကားရောင်းသူ/ဝယ်သူများကြားမှာ ‘ဆယ်ပြားစေ့ မီးလုံးဖြစ်လား’ ဆိုတဲ့ စကားလေးနဲ့ ရေပန်းစားစေတဲ့အချက်ဆိုလည်း မမှားပါဘူး။

၇။ Autostop , Battery Assist & Charge System
Honda Fit (GP1) ဟာ Hybird ကားဖြစ်တဲ့အတွက် မီးပွိုင့်မှာ ကားခဏရပ်တဲ့အခါ ကားရဲ့စက်ကို ဘရိတ်နင်းလိုက်ချိန် ယာယီရပ်ပေးပြီး ဘရိတ်လွှတ်လိုက်ရင် အလိုအလျောက် စက်ပြန်နှိုးပေးတဲ့ Auto Stop စနစ်ပါရှိပါတယ်။ ကားရဲ့ Hybrid ဘက်ထရီအားပြည့်တဲ့အချိန်မှာ ကား ရဲ့1.3L အင်ဂျင်ကို ဘက်ထရီမိုတာက Assist လုပ်ပြီး ကူရုန်းပေးတဲ့ အတွက် အရုန်းအဆွဲမှာ 1.3L အင်ဂျင် ပုံမှန်ကားတွေထက် ပိုပြေးစေပါ တယ်။ လီဗာပြန်လျှော့တဲ့အချိန်မှာ ပိုသွားတဲ့စွမ်းအင်တွေကို ဘက်ထရီဆီ Charging ပြန်လုပ်ပေးပါတယ်။ ဒီလို ထူးခြားကောင်း မွန်တဲ့ Hybrid စနစ်တွေကြောင့်လည်း Honda Fit (GP1)ကို ရေပန်းစား လူကြိုက်များစေတာ ဖြစ်ပါ တယ်။

၈။IMA Error
Honda Hybrid ကားအများစု IMA နဲ့ပတ်သက်တဲ့ Error တစ်မျိုးစီ ရှိတတ်ကြပါတယ်။ IMA ရဲ့အရှည်ကတော့ Integrated Motor Assist ပါ။ မြန်မာလိုအလွယ်ပြောရင် အင်ဂျင်ကို မိုတာက ကူရုန်းပေးတာပါ။ Honda ရဲ့ Hybrid ကားတွေအားလုံး IMA Error ဖြစ်ပါတယ်။ Honda Fit (GP1) မှာတော့ Honda Civic Hybrid လို ဘက်ထရီ Error မဖြစ်ဘဲ ဘက်ထရီစနစ်ကို အအေးခံပေးတဲ့ IPU Fan Motor အပျက်များတာပဲ ဖြစ်ပါတယ်။ ပြန်ပြင်လို့ရတာရှိသလို အသစ်လဲရတာလည်း ရှိပါတယ်။ Honda Fit (GP1) IMA Error မီးလင်းတယ်ဆိုရင် IPU Fan Motor ဖြစ်တာများတဲ့အတွက် လဲလှယ်ပြုပြင်ရခြင်းမှာလည်း ရေပန်းစားနာမည် ကြီးတဲ့ Error တစ်ခုပဲဖြစ်ပါတယ်။

၉။ ဆီစားသက်သာခြင်း
Honda Fit (GP1)က ပုံမှန် Honda Fit (GE6) နဲ့ အင်ဂျင်ပါဝါတူညီ ပေမဲ့ Hybrid စနစ်ဖြစ်လို့ 1.3L Normal Engine ကားတွေထက်ကို သိသိသာသာ ဆီစားသက်သာပါတယ်။ ဒီလို ဆီစားသက်သာစေမှုကြောင့် လည်း ရေပန်းစား လူကြိုက်များကြပါတယ်။
Honda Fit (GP1) (၂၀၁၁-၂၀၁၂)ကို Hatchback ထဲမှာ ဆီစားသက်သာမှု၊ ပုံမှန် အင်ဂျင်ပါဝါအသေး Hatchback တွေထက် ကျယ်ဝန်းမှု၊ Function စုံလင်မှု၊ ပေါ့ပါးမှု၊ မောင်းနှင်ရ လွယ်ကူမှု၊ လှပ တဲ့ဖွဲ့စည်းမှု၊ လူကြီးရော၊ လူငယ်အတွက်ပါ သင့်တော်စေခြင်း စတာတွေကြောင့် ယခုအချိန်အထိ ရေပန်းစားလူကြိုက်များပြီး ရွေးချယ်ဝယ်ယူနေကြတာပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ် လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့်ပါဝင်မှုများမှာ ဘယ်ကားအမျိုးအစားမှာ ဘယ်လိုရေပန်း စားပြီး လူကြိုက်များတဲ့စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှု ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here