လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

263

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေအကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Crown Majesta ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Crown Majesta မိုဒယ်ဆိုတာ …
Crown Majesta ကို ၁၉၉၁ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ယခုအချိန်အထိ ရေပန်းစားလူကြိုက်များနေတဲ့ ဇိမ်ခံကားတစ်စီးအဖြစ် နာမည်ကြီး နေဆဲပါ။ ၂၀၁၈ ခုနှစ်မှာတော့ Crown Majesta ထုတ်လုပ်တာကို ရပ်တန့်ခဲ့ပါတယ်။ စာရေးသူတို့နိုင်ငံမှာတော့ ဈေးနှုန်းအရသက်သာပြီး ရေပန်းစားတဲ့ Generation က ၁၉၉၉-၂၀ဝ၄ မိုဒယ် Third Generation ပဲ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ 3.0L နဲ့ 4.0L နှစ်မျိုး ထုတ်လုပ်ထား ပါတယ်။

ရေပန်းစားလူကြိုက်များသော အချက်များ
၁။ ကားရဲ့နာမည်ထည်ဝါမှုနဲ့ ဂုဏ်သရေရှိမှု
Toyota Crown Majesta (၁၉၉၄-၂၀ဝ၄)မိုဒယ်ရဲ့ထည်ဝါမှုကတော့ Crown ဆိုတဲ့အသုံးအနှုန်းကို မြင်လိုက်တာနဲ့ ထည်ဝါမှုနဲ့ ကားစီးနင်းသူ တို့အပေါ် ဂုဏ်ကျက်သရေတိုးတက်စေပြီး ပွဲလယ်တင့်စေတဲ့ ကားအမျိုး အစားအဖြစ် ရည်ရွယ်ထုတ်လုပ်ထားလို့ တကယ့်ကို အရှိန်အဝါကောင်း ကောင်းနဲ့ သရဖူဆောင်းတဲ့ကားတစ်စီးပဲ ဖြစ်ပါတယ်။ ဒီကားက ပုံမှန် Crown ထက် ပိုပြီးခံ့ထည့်အောင် ပြုလုပ်ထားတဲ့အတွက် ကားစီးနင်းသူတွေ အနေနဲ့ အတော်ကို ရေပန်းစား ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။

၂။ Safety အားကောင်းမှု
Toyota Crown Majesta (၁၉၉၉-၂၀ဝ၄)မိုဒယ်မှာ Safety ပိုင်းအတွက် ကားမတော်တဆထိခိုက်မှုကို ကာကွယ်ပေးစေတဲ့ Airbag တွေကို အနိမ့်ဆုံး Grade မှာ Airbag အနည်းဆုံး ခြောက်လုံး ထည့် သွင်းပေးထားပြီး Grade အမြင့်မှာ ရှစ်လုံး ထည့်သွင်းပေးထားပါတယ်။ ဒါ့ပြင် ကားရဲ့ကိုယ်ထည်ကိုလည်း ထူထဲတဲ့ သံဘော်ဒီသားတွေနဲ့ တည်ဆေက်ထားလို့ Safety ပိုင်းအနေနဲ့ ရေပန်းစားရွေးချယ်စရာ ကောင်းတဲ့ ကားပဲ ဖြစ်ပါတယ်။

၃။ ငြိမ့်ညောင်းမှုရှိသော အသံထွက်စနစ်
Toyota ရဲ့ Crown Majesta ကို Luxury အဖြစ် ထုတ်လုပ်ထားလို့ ကားပေါ်လိုက်ပါသူတွေ စိတ်ပင်ပန်းသမျှ ပြေပျောက်စေအောင် ကားရဲ့ အသံထွက်စနစ်ကို Super Live Sound System ထည့်သွင်းပေးထား တဲ့အတွက် Relax လုပ်ချင်သူတွေအကြား ရေပန်းစား လူကြိုက်များစေတဲ့ အသံထွက်စနစ်ပဲ ဖြစ်ပါတယ်။

၄။ Air Suspension ပါဝင်မှု
Toyota Crown Majesta (၁၉၉၉-၂၀ဝ၄)မိုဒယ်မှာ Suspension ပိုင်းကို Air Suspension စနစ်နဲ့ ထုတ်လုပ်ထားပါတယ်။ ဒီစနစ်က အတော်လေးငြိမ့်ညောင်းမှုရှိသလို လေအိတ်ပေါက်တာမျိုးတွေလည်းရှိတဲ့ အတွက် စာရေးသူတို့နိုင်ငံမှာတော့ ငြိမ့်ညောင်းမှုထက် ပြင်ရဆင်ရလွယ် ကူအောင် Air Suspension လေအိတ်အများစုကို ရှော့ဘားစနစ်ပြောင်းသုံးကြတာ တွေ့ရပါတယ်။ ကားရောင်းဝယ်သူအများစုကြားမှာ ရှော့ဘား ပြောင်းပြီးသားဆိုတဲ့ စကားနှုန်းလေးကတော့ ရေပန်းစားစေပါတယ်။

၅။HUD (Head Unit Display)
HUD စနစ်ကို Toyota Crown မှာတော့ ပါဝင်ခြင်းမရှိဘဲ Toyota Crown Majesta (၁၉၉၉-၂၀ဝ၄) မိုဒယ်မှာ Head Unit Display စနစ် ထည့်သွင်းပေးထားပါတယ်။ ဒီစနစ်က ကားမောင်းသူရဲ့ရှေ့မှန်မှာ ကားရဲ့ကီလိုမီတာကို ရှေ့မှန်အကွက်လေးမှာ ဒစ်ဂျစ်တယ်စနစ်နဲ့ ပြသ ပေးထားတာကလည်း ညပိုင်းကားမောင်းတဲ့အခါ တကယ့်ကိုအထာကျ စေပြီး စာရေးသူတို့နိုင်ငံအခေါ်ဆိုရင် Night View လို့လည်း ခေါ်ဆိုကြ ပါတယ်။ ကားဝယ်သူအများစုက ကားဝယ်တဲ့အခါမှာ ဒီစနစ်လေးကို သတိတရနဲ့ Night View အလုပ်လုပ်လားဆိုပြီး ကားဝယ်ယူတဲ့အခါမှာ မေးမြန်းတာကလည်း Crown Majesta ရဲ့ ရေပန်းစားတဲ့အချက် တစ်ချက် ဖြစ်ပါတယ်။

၆။ သက်သောင့်သက်သာ မောင်းနှင်နိုင်ခြင်း
Sedan ကားအများစုဟာ ကားမောင်းသူရော၊ ကားပေါ်လိုက်ပါ လာသူရော သက်သောင့်သက်သာဖြစ်အောင် ဖန်တီးပေးထားကြပါတယ်။ Toyota Crown Majesta (၁၉၉၉-၂၀ဝ၄)မိုဒယ်မှာတော့ ပုံမှန် Sedan တွေထက်ကို မောင်းနှင်မှုတွေ အချိန်မည်မျှကြာမြင့်ပါစေ၊ သက်သောင့် သက်သာဖြစ်စေမယ့် ထိုင်ခုံ၊ စတီယာရင်စနစ်တွေကြောင့် တခြားကားပြန် မမောင်းချင်လောက်အောင် Crown Majesta ပဲ တန်းတန်းစွဲဖြစ်တဲ့အထိ ရေပန်းစားစေတဲ့ သက်သောင့်သက်သာ မောင်းနှင်နိုင်မှုပဲ ဖြစ်ပါတယ်။

၇။ Seat Motor Adjustment
Toyota Crown Majesta (၁၉၉၉-၂၀ဝ၄)မိုဒယ်မှာ ပုံမှန် Grade ရိုးရိုးမှာ ရှေ့ထိုင်ခုံနှစ်လုံးကို မိုတာစနစ်(Seat Motor Adjustment) ထည့်သွင်းပေးထားပြီး Grade အမြင့်မှာတော့ အနောက်ထိုင်ခုံတွေကိုပါ မိုတာစနစ်(Seat Motor Adjustment) ထည့်သွင်း ထားပါတယ်။ ဇိမ်ခံကားတွေမှာ Seat Motor Adjustment စနစ် ထည့်သွင်းတာကလည်း ရေပန်းစားစေမှုတစ်ခုပဲ ဖြစ်ပါတယ်။

၈။ V8 4.0 Engine & 3.0 D4 Engine
Toyota Crown Majesta (၁၉၉၉-၂၀ဝ၄)မိုဒယ်ကို ဇိမ်ခံကား တစ်စီးမှာ ရှိသင့်ရှိထိုက်တဲ့ အင်ဂျင် 4.0L 1UZ-FE VVT-i (V8) အမျိုး အစား ထည့်သွင်းပေးထားပါတယ်။ ဆီစားနှုန်းကတော့ ဒီအင်ဂျင်နဲ့ မလိုက် အောင် ဆီစားသက်သာပါတယ်။ မောင်းနှင်ရတာလည်း စီးစီးပိုင်ပိုင်ရှိပြီး စာရေးသူတို့နိုင်ငံမှာတော့ ဆီစားမှာစိုးတဲ့အတွက် ကားဝယ်ယူတဲ့အခါမှာ 3.0 D4 အင်ဂျင်ကိုပဲ ရေပန်းစားရွေးချယ် ဝယ်ယူကြလေ့ရှိပါတယ်။

၉။ ဈေးနှုန်းသက်သာခြင်း
စာရေးသူတို့နိုင်ငံမှာ အင်ဂျင်ပါဝါကြီး ကားအများစုကို တခြားနိုင်ငံ တွေနဲ့မတူညီဘဲ ဆီစားမှာစိုးရိမ်လို့ ဝယ်ယူမှုနည်းပါးကြတာ တွေ့ရပါ တယ်။ Toyota Crown Majesta (၁၉၉၉-၂၀ဝ၄)မိုဒယ်ကိုလည်း ဆီစား မှာစိုးလို့ Mark 2 ရိုးရိုး Crown 2.5 ၊ 2.0 လောက်ကိုပဲ ဦးစားပေး ဝယ်ယူကြတဲ့အတွက် Toyota Crown Majesta ဇိမ်ခံကားတစ်စီးကို ကျပ် သိန်း ၁၃၀-၁၇၀ ဝန်းကျင်လောက်နဲ့ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူ ရရှိနိုင်တာကလည်း ဇိမ်ခံကားတစ်စီး ဈေးသက်သက်သာသာနဲ့စီးချင်သူ တွေအကြား ကွက်ပျောက် ဇိမ်ခံကားတစ်စီးအဖြစ် ရေပန်းစားစေပါတယ်။
Toyota Crown Majesta (၁၉၉၉-၂၀ဝ၄)မိုဒယ်ကို Seden ကားထဲမှာ ခံ့ညားလှပမှု၊ ဂုဏ်အရှိန်အဝါရှိမှု၊ ငြိမ့်ညောင်းမှု၊ ဈေးနှုန်း သက်သာမှု၊ Safety ကောင်းမွန်မှုတို့ကြောင့် ရေပန်းစားရွေးချယ်စရာ Seden ကားတစ်စီးအဖြစ်ရွေးချယ်လာခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ် ပတ် လူကြိုက်များသောကားတို့၏ ရေပန်းစားသည့်ပါဝင်မှုများမှာ ဘယ် ကားအမျိုးအစားမှာ ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့ စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုဖို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here