လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

259

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြသွားမှာကတော့ Daihatsu Hijet Mini Truck ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Daihatsu Hijet Mini Truck မိုဒယ်ဆိုတာ …
ဒီတစ်ပတ်ဖော်ပြမယ့်ကားကတော့ အိမ်စီးကားမဟုတ်ဘဲ လုပ်ငန်းသုံး ကားတစ်စီးဖြစ်တဲ့ Daihatsu က ထုတ်လုပ်ထားတဲ့ Hijet Mini Truck ပဲ ဖြစ်ပါတယ်။ ဒီကားတွေကို ၁၉၆ဝ ပြည့်နှစ်ကနေ လက်ရှိအချိန်အထိ ထုတ်လုပ်ပြီး ရေပန်းစားနေတဲ့ လုပ်ငန်းသုံးကားအမျိုးအစားလည်း ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကလည်း 660CC ဖြစ်တဲ့အတွက် ဆီစားသက်သာပြီး ရေပန်းစားတဲ့ကားအမျိုးအစားဖြစ်လာတာပဲဖြစ်ပါတယ်။ Daihatsu Hijet Mini Truck ကို စာရေးသူတို့နိုင်ငံမှာ သုံးစွဲကြတဲ့မိုဒယ် ကတော့ ငြညအ့ ွနညနမအေငသည ဖြစ်တဲ့ ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ပဲဖြစ်ပါတယ်။ Daihatsu Hijet Mini Truck ဟာ စာရေးသူတို့နိုင်ငံမှာ ဘယ်လိုအချက်တွေကြောင့် လုပ်ငန်းသုံးကားလေးအဖြစ် ရေပန်းစားသလဲဆိုတာ ဖော်ပြမှာဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသောအချက်များ
၁။ ခွေးဘီလူးတစ်ကောင်နဲ့တူတဲ့ ရှေ့ရုပ်ထွက်
Daihatsu Hijet ရဲ့ ရှေ့ရုပ်ထွက်ဟာ ခွေးဘီလူးတစ်ကောင်ရဲ့ ခေါင်းပုံစံမျိုးမြင်ရတဲ့အတွက် သူ့ရဲ့ပုံစံလေးကို မြင်တွေ့သူတိုင်း ခွေးဘီလူးဆိုပြီး တင်စားခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။ Daihatsu Hijet မှ မဟုတ်ပါဘူး၊ Japan က ထုတ်လုပ်တဲ့ Mini Truck ကားအများစုရဲ့ ဒီဇိုင်းပိုင်းဟာ တူညီတဲ့ပုံစံမျိုးရှိတဲ့အတွက် ဒီလိုကားမျိုးလေးတွေ ဝယ်ယူတဲ့အခါမှာ ရောင်းသူ/ဝယ်သူကြားမှာ အဲဒီပုံစံလေးကိုအစွဲပြုပြီး ‘ခွေးဘီလူးကားလေးတွေ’ လို့ တင်စားခေါ်ဝေါ်ကြတာကတော့ သူ့ရဲ့ ကားပုံစံနဲ့ ရေပန်းစားမှုပဲ ဖြစ်ပါတယ်။

၂။ မောင်းနှင်ရလွယ်ကူမှု
Mini Truck ဆိုတဲ့အတိုင်း ပုံမှန်လုပ်ငန်းသုံး Truck ကားတွေလို ကားမောင်းရတာ ခက်ခဲမှုမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့မြို့တွင်းရော၊ မြို့ပြင်မှာပါ အသုံးပြုရတာအဆင်ပြေစေပါတယ်။ ကားမောင်းတတ်ခါစသူတွေ၊ ဒါမှမဟုတ် ယာဉ်မောင်းသင်တန်းတချို့မှာ ကားမောင်းတဲ့အခါ လွယ်ကူပြီး ထိခိုက်မှုသက်သာစေတဲ့အတွက် Daihatsu Hijet Mini Truck လေးတွေကို အများစုအသုံးပြုကြတာကလည်း ရေပန်းစားတဲ့အချက် ဖြစ်ပါတယ်။ ဒီကားလေးရဲ့ မောင်းနှင်ရလွယ်ကူမှုကြောင့် ရေပန်းစားပြီး ဝယ်ယူကြတာဖြစ်ပါတယ်။

၃။ Auto Gear နှင့် Manual Gear
Daihatsu Hijet ကားလေးကို ပိုပြီးလူကြိုက်များ ရေပန်းစားစေတာကတော့ Auto Gear နှင့် Manual Gear စနစ်ဆိုပြီး နှစ်မျိုးထုတ်လုပ်ပေးထားလို့ပဲ ဖြစ်ပါတယ်။ လုပ်ငန်းသုံးဖို့အတွက် ရည်ရွယ်တဲ့ အမျိုးသားတွေကတော့ Manual Gear စနစ်ကို ပိုရွေးချယ်ကြပြီး ပစ္စည်းနည်းနည်း ပါးပါးတင်လိုပြီး Manual မမောင်းတတ်သူအများစုကလည်း Auto Gear စနစ်ပါတဲ့ မိုဒယ်ကို ပိုပြီးရေပန်းစားရွေးချယ်ဝယ် ယူကြတာပဲ ဖြစ်ပါတယ်။

၄။ ကားမူးတတ်သူများအတွက်အဆင်ပြေစေမှု
Daihatsu Hijet Mini Truck လေးကို နယ်ဘက်မှာ အသုံးပြုသူ အများစုဟာ လုပ်ငန်းသုံးကားအဖြစ်အသုံးပြုကြသလို အားလပ်ရက်တွေမှာဆိုရင်လည်း နယ်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ကားရဲ့အနောက် ပစ္စည်းတင်တဲ့နေရာမှာ လိုက်ပါစီးနင်းပြီး ဘုရားဖူးကား၊ ဒါမှမဟုတ် ခရီးစုသွားကြတဲ့ကားအဖြစ် အသုံးပြုလို့ရကြလို့ ကားမူးတတ်သူအများစု ရေပန်းစားကြိုက်နှစ်သက်ကြတဲ့ကားပဲ ဖြစ်ပါတယ်။

၅။ အရင်းအနှီးအနည်းငယ်နှင့် စီးပွားရှာနိုင်မှု
Daihatsu Hijet Mini Truck ကားတွေဟာ ငွေအရင်းအနှီးအနည်းငယ်နဲ့ လုပ်ငန်းလုပ်နိုင်တဲ့အတွက်ကြောင့် ကားလမ်းနေရာ တော်တော်များများမှာလည်း ပြေးလွားနေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ခေါက်တိုပြေးဆွဲနေတဲ့ကားလေးတွေအဖြစ်လည်း အသုံးပြုနိုင်တဲ့အတွက် ကျပ်သိန်းတစ်ရာဝန်း ကျင်ငွေလေးနဲ့ ကားဝယ်ယူမယ့်သူတွေအနေနဲ့ ဒီကားလေးကို ရေပန်းစား ရွေးချယ်ဝယ်ယူကြတာပဲ ဖြစ်ပါတယ်။

၆။ ပြင်ဆင်စရိတ်သက်သာခြင်း
Mini Truck အမျိုးအစားကားဖြစ်တဲ့အတွက် ပြင်ဆင်ရတဲ့စရိတ်တွေမှာလည်း တခြားအိမ်စီးကားတွေနဲ့မတူဘဲ ပါဝင်မှုလည်း ထူးထူးခြားခြား မပါဝင်တဲ့အတွက် စိတ်ကြိုက်သုံးပြီး ပြင်ဆင်ရတဲ့စရိတ် နည်းပါးစေပါတယ်။ ကားအသုံးပြုသူအများစုဟာ ပြင်ဆင်စရိတ်နည်းပါးတဲ့ကားကို ရေပန်းစားရွေးချယ်ဝယ်ယူကြလေ့ရှိတာပဲ ဖြစ်ပါတယ်။

၇။ Safety အားနည်းမှု
Daihatsu Hijet Mini Truck ကားကို ထုတ်လုပ်ထားတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြို့တွင်းပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက် ဖြစ်လို့ Safety ပိုင်းမှာ Airbag ပါဝင်တဲ့ မိုဒယ်ရှိသလို မပါဝင်တဲ့ မိုဒယ်တွေလည်း ရှိပါတယ်။ ကားလေးကို မြို့တွင်းလုပ်ငန်းသုံးကားအဖြစ် ထုတ်လုပ်ထားတာဖြစ်လို့ ကားခေါင်းခန်းတိုတဲ့အတွက် မောင်းနှင်တဲ့အခါ မထိခိုက်အောင် ဖြည်းဖြည်းဂရုတစိုက် မောင်းနှင်ဖို့လိုပါတယ်။ မတော်တဆထိခိုက်တဲ့အခါလည်း Safety အားနည်းတဲ့အတွက် ထိခိုက်မှုများ စေတာကလည်း သတိပြုရမယ့် ရေပန်းစားတဲ့အချက်တစ်ခု ဖြစ်ပါတယ်။

Daihatsu Hijet Mini Truck ကို လုပ်ငန်းသုံးကားထဲမှာ မောင်းနှင်ရလွယ်ကူမှု၊ ပြင်ဆင်စရိတ်သက်သာမှု၊ ဆီစားသက်သက်မှု၊ ပစ္စည်း များတင်ဆောင်နိုင်မှု၊ အပိုပစ္စည်းပေါများမှု၊ စျေးနှုန်းသက်သာမှု စတာတွေကြောင့် လုပ်ငန်းသုံး Budget ကားတစ်စီးအဖြစ် ရေပန်းစားစေတာပဲဖြစ်ပါတယ်။ နောက်တစ်ပတ် ‘လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့်ပါဝင်မှုများ’မှာ ဘယ်ကားအမျိုးအစားက ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့စနစ်တွေပါဝင်တယ်ဆိုတာကို စောင့်မျှော် ဖတ်ရှုဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here