လုံခြုံမှုတိုးမြှင့်ထားသည့် (ခ) ၊ (ဂ) ၊ (ဃ) နှင့် (င) ယာဉ်မောင်းလိုင်စင် Smart Card များ ဇူလိုင် ၁ ရက်မှစ၍ စတင်ပြောင်းလဲထုတ်ပေး

1133

ရန်ကုန်၊ ဇူလိုင်

လုံခြုံမှု အဆင့်မြှင့်ထားသည့် (ခ)၊ (ဂ)၊ (ဃ) နှင့် (င) ယာဉ်မောင်းလိုင် စင် Smart Card များကို ဇူလိုင်  ၁ ရက်မှစ၍ စတင်ပြောင်းလဲထုတ် ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန၊ မြင်သာရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အ တွင်း ယာဉ်မောင်းလိုင်စင်အတု ပြု လုပ်သည့်စက်များ၊ လိုင်စင်ကတ် အတုများနှင့် ဆက်စပ်ပစ္စည်းများ ကို တရားခံ ၁၇ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ သို့ဖြစ်၍ ယာဉ် မောင်းလိုင်စင် အတုများကို အ လွယ်တကူ ပြုလုပ်၍ မရစေရန်အ တွက် နိုင်ငံတကာ လုံခြုံရေး အစီ အမံများ ပါဝင်သည့် Smart Card ယာဉ်မောင်းလိုင်စင်များကို ဇူလိုင် ၁ ရက်မှစကာ ပြောင်းလဲထုတ်ပေး ခဲ့သည်။

‘‘နိုင်ငံတကာ လုံခြုံရေးစနစ် တွေ ပါဝင်တဲ့ Smart Card ယာဉ် မောင်းလိုင်စင်ကို  ပြောင်းလဲထုတ် လုပ်ပေးရတဲ့ အဓိကရည်ရွယ်ချက် ကတော့ အတုပြုလုပ်တဲ့ မသမာ သူတွေအနေနဲ့ လွယ်လွယ်ကူကူ မပြုလုပ်နိုင်အောင် လုံခြုံရေးတွေ အဆင့်မြှင့်တာ ဖြစ်ပါတယ်’’ဟု ကုန်း လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီး ဌာန၊ မြင်သာကညနရုံး တာဝန် ရှိသူတစ်ဦးက ပြောသည်။

နည်းပညာဆိုင်ရာ လုံခြုံရေး အဆင့် မြှင့်တင်ထားသည့် Smart Card ယာဉ်မောင်းလိုင်စင်များကို ဇူလိုင် ၁ ရက်မှစပြီး ကောက်ခံ သည့်နှုန်းထား ပြောင်းလဲခြင်းမရှိဘဲ ထုတ်ပေးမည် ဖြစ်သည်။ သက် တမ်းရှိ ယာဉ်မောင်းလိုင်စင်ကတ် များကိုလည်း ကိုင်ဆောင်သူ၏ ဆန္ဒအရ အသစ်ကိုင်ဆောင်လို ကြောင်း လျှောက်ထားပါကလည်း ပြောင်းလဲ ထုတ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ရဲထွန်းကေျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here