လုပ်သက် ၂၅ နှစ်အထက်ဝန်ထမ်းများကို ကားတင်သွင်းခွင့် ပေးမည်ဆို၍ အရောင်းအဝယ်အေးစက်သွားသည့် အမြင့်ကားစျေးကွက်

1272
Page(Test)

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများထဲမှ ပထမအဆင့်အနေဖြင့် ညွန်ကြားရေးမှူးချုပ်နှင့်အထက်တို့ကို ကားတင်သွင်းခွင့်ပေးမည်ဖြစ်ပြီး ဒုတိအဆင့်အနေဖြင့် ဒုတိယညွန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့် ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူဝန်ထမ်းများကို ပေးမည်ဖြစ်သည်။ ၄င်းပါမစ်များဖြင့် ကားတင်သွင်းခွင့်ပေးရာတွင် အကောက်ခွန်နှင့် ကနဦးမှတ်ပုံတင်ခကို သက်သာခွင့်ပေးမည်ဖြစ်ပြီး အရာရှိ၏ နေထိုင်ရာသန်း ခေါင်စာရင်းအတိုင်း ရန်ကုန်လိုင်စင်လည်း ခွင့်ပြုပေးမည်ဖြစ်သည်။ ထိုသို့ ခွင့်ပြုပေးမည်ဟု ကြေညာချက်များ ထွက်ပေါ်ပြီးနောက်တွင် ကားအ ရောင်းအဝယ်များ ငြိမ်သက်သွားသည်။ ထို့ပြင် ရာထူးအဆင့်လိုက် ခွင့်ပြုပေးမည့် ကားတန်ဖိုးများလည်း ထွက်ပေါ်လာရာ ကျပ်သိန်း ၅ဝဝ အ ထက်တွင် ပေါက်စျေးရှိသောကားများမှာ အရောင်းအဝယ်မရှိဘဲ ဖြစ်သွား သည်။ လက်ရှိကားအရောင်းအဝယ်စျေးကွက်တွင် စျေးကွက်အကြိုက် ညာမောင်းကားများ အရောင်းအဝယ်အေးနေသလို ပြည်ပမှ CBU ဖြင့် တင်သွင်းသည့် Brand New ကားများနှင့် ပြည်တွင်းထုတ် SKD ကား အချို့လည်း အဝယ်ပြန်အေးသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here