လုပ်ငန်းသုံးကားများအပေါ် ကောက်ခံနေသည့် အကောက်ခွန်နှုန်းထားများ တိုးမြှင့်ရန် စီစဉ်နေ

795

ရန်ကုန်၊ မေ

ပြည်ပမှ တင်သွင်းသည့် လုပ်ငန်းသုံးကားများအပေါ် ကောက်ခံနေသည့် အကောက်ခွန်နှုန်းထားများ တိုးမြှင့်ရန် စီစဉ်နေကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ပြည်တွင်းထုတ်လုပ်မှုကို ကာကွယ်ရန်အတွက် မော်တော်ယာဉ်အပါအဝင် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းအချို့အပေါ် ကောက်ခံနေသည့် အကောက်ခွန်နှုန်းထားများကို တိုးမြှင့်ရန်စီစဉ်နေခြင်းဖြစ်သည်။ ပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်မှုက@ တိုးတက်လာစေရန်အတွက်လည်း ပြည်ပမှတင်သွင်းသော လုပ်ငန်းသုံးကားများအပေါ် ကောက်ခံနေသည့် အကောက်ခွန်နှုန်းထားကို ပြန်လည် သုံးသပ်နေပြီး တိုးမြှင့်ရန်စီစဉ်နေကြောင်း သိရသည်။

”ပြည်တွင်းမှာ မော်တော်ယာဉ်ထုတ်လုပ်သူတွေက ပြည်ပကနေ တင်သွင်းတဲ့ကားတွေအပေါ် အကောက်ခွန်နှုန်းထားတိုးပြီး ကောက်ခံစေချင်ကြတယ်၊ တင်သွင်းသူတွေကတော့ အကောက်ခွန်နှုန်းတွေကို ဖြေလျှော့ပေးစေချင်တယ်၊ အကောက်ခွန်ဦးစီးဌာနအနေနဲ့ကတော့ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ အကောက်ခွန်နှုန်းတွေက နည်းနေသေးတဲ့အတွက် လျှော့ပေးဖို့တော့မရှိပါဘူး၊ တိုးမြှင့်သွားဖို့ပဲရှိတယ်၊ လုပ်ငန်းသုံးကားတွေဆိုရင် အကောက်ခွန် ၁ဝ ရာခိုင်နှုန်းပဲ သတ်မှတ်ထားတာဖြစ်လို့ တိုးမြှင့်ဖို့အတွက် ပြန်လည်သုံးသပ်နေပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်ပမှတင်သွင်းသော လုပ်ငန်းသုံးကားများကို ယခင်က ၃ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ ၁ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့သလို ပြည်တွင်း၌ ကားထုတ်လုပ်မှု မြင့်တက်လာစေရန်အတွက် အခွန်နှုန်းထားများ ထပ်မံတိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here