လိုက်ထရပ်ကဲ့သို့  နောက်ဖွင့်ယာဉ်များဖြင့် ကျောင်းကြို/ပို့ပြေးဆွဲခြင်း ရှိ၊  မရှိ YRTA  နှင့်  ယာဉ်ထိန်းရဲတပ်ဖွဲ့တို့  ပူးပေါင်း၍ စောင့်ကြည့်စစ်ဆေးမည်

901

ရန်ကုန်၊ မေ

လာမည့် ကျောင်းဖွင့်ရာသီအစဖြစ်သည့် ဇွန် ၁ ရက်မှစတင်ကာ School Bus စနစ်သစ် ဖော်ဆောင်မည့်ကျောင်းများတွင် လိုက်ထရပ်ယာဉ်ကဲ့သို့ နောက်ဖွင့်ကားများဖြင့် ကျောင်းကြို/ပို့ ပြေးဆွဲခြင်းရှိ၊ မရှိကို YRTAနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စောင့်ကြည့်စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

လုပ်ငန်းသုံးကားအဖြစ် တင်သွင်းထားသော လိုက်ထရပ်ယာဉ်များသည် လူစီးကားအဖြစ် အသုံးပြုရန် မသင့်တော်သည့်အတွက် ကျောင်းကားစနစ် ဖော်ဆောင်ရာတွင်လည်း ထိုကားများကို ပြေးဆွဲခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။

”လိုက်ထရပ်တွေလို ကားတွေကို ကျောင်းကားအနေနဲ့ပြေးဆွဲခွင့်မပြုဘူးဆိုတာ ပြီးခဲ့တဲ့နှစ်ကတည်းက ညွှန်ကြားခဲ့ပါတယ်၊ ကျောင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးအသိပေးထားပြီး ဖြစ်ပေမဲ့လည်း မသိသေးတဲ့သူတွေ ရှိနေပါတယ်၊ လိုက်ထရပ်တွေနဲ့ ကျောင်းကားပြေးဆွဲတာကို ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စောင့်ကြည့်မယ်၊ လိုအပ်ရင် အရေးယူတာတွေ ပြုလုပ်မယ်၊ အရေးယူမှုအပိုင်းကိုတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ လုပ်ဆောင်မှာပါ၊ ပြစ်ဒဏ် ဘယ်လိုချမှတ်မယ်ဆိုတာတော့ မသိသေးပါဘူး”ဟု ‘ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။

School Bus စနစ်သစ် ဖော်ဆောင်ရန်အတွက် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း TTC) ၊ ပညာ ရေးတက္ကသိုလ် လေ့ကျင့်ရေးသင်တန်းကျောင်း (ကမာရွတ် TTC)၊ အထက(၂) ကမာရွတ်၊ အထက(၂) စမ်းချောင်း၊ အထက(၂) မရမ်းကုန်း၊ အထက(၁) အင်းစိန်၊ မဂင်္ လာဒုံ အောင်ဆန်းသူရိယလှသောင်းကျောင်း၊ အလက(၁) ဒဂုံ၊ အထက (၁) ဒဂုံ၊ အထက(၂) ဒဂုံ(မြို့မ)၊ အထက(၂) လသာ၊ အထက (၁) လသာ၊ အထက(၁) ပန်းဘဲတန်း၊ အထက(၄) ဗိုလ်တထောင်၊ အထက(၅) ဗိုလ်တထောင်၊ အထက(၆) ဗိုလ်တထောင်၊ အထက(၄) ပုဇွန်တောင် ၊ အထက(၄) အလုံ စသည့်ကျောင်းများတွင် ကျောင်းကား စနစ်သစ် ဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here