လာမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ကျောင်းကြို/ပို့ယာဉ်များကို တစ်ဦးပိုင်အဖြစ် ပြေးဆွဲခွင့်ပြုမည်မဟုတ်

825

School Bus စနစ်သစ် ဖော်ဆောင်မည့် ကျောင်းများတွင် လာမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ကျောင်းကြို/ပို့ယာဉ်များကို တစ်ဦးပိုင်အဖြစ် ပြေးဆွဲခွင့် မပြုတော့ကြောင်း သိရသည်။

ယခုပညာသင်နှစ်မှ စတင်၍ School Bus ကျောင်းကားစနစ် သစ်ကို အဆင့်သုံးဆင့်ဖြင့် ပြောင်း လဲသွားမည်ဖြစ်ရာ ပထမအဆင့်ကို စက်တင်ဘာလကုန်တွင် စတင်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်နှင့် တတိယအဆင့်ကို သုံးလတစ်ကြိမ်စီ ပြောင်းလဲသွားမည် ဖြစ်သည်။ ထို့ပြင် လာမည့် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ကျောင်းကြို/ပို့ယာဉ်များကို တစ်ဦးပိုင်များ အဖြစ် ပြေးဆွဲခွင့်မပြုတော့ကြောင်း သိရသည်။

”School Bus စနစ်သစ် အတွက် အများပိုင်ကုမ္ပဏီဖွဲ့ပြီး ပြေးဆွဲပေးမှာပါ၊ ဒီအတွက် ရွှေ လက်ကုမ္ပဏီမှာ အစိုးရကရှယ်ယာ ထည့်ပြီး အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းနေပါတယ်၊ ဘယ်သူမဆို ရှယ်ယာပါဝင်လို့ ရပါတယ်၊  အကောင်းဆုံးကတော့ ငွေနဲ့ ရှယ်ယာ ပါဝင်တာ အကောင်းဆုံးပါ၊ ဒါမှ ကျောင်းကားပုံစံ တစ်ပြေးညီတည်း စနစ်တကျဖြစ်မှာပါ၊ School Bus စနစ်သစ် ပထမအဆင့်ကို စက်တင်ဘာလအကုန်မှာ ပြောင်းလဲ ပြေးဆွဲမှာပါ၊ ဒီနှစ်ထဲမှာပဲ အဆင့် သုံးဆင့်နဲ့ ပြောင်းလဲသွားမှာပါ”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့’မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

School Bus စနစ်သစ် ပြောင်း လဲရန်အတွက် တိုင်းဒေသကြီး အစိုးရမှ ဝယ်ယူထားသည့်  School Bus အစီး နှစ်ရာကို တိုင်းဒေသကြီးအစိုးရပါဝင်သော ကုမ္ပဏီဖွဲ့ စည်း၍ School Bus စနစ်သစ် ပြောင်းလဲရန်လျာထားသည့် အခြေခံ ကျောင်း ၂၂ ကျောင်းထဲမှ မြို့ တွင်းရှိ ဒဂုံ(၁)၊ TTC ကဲ့သို့ ကျောင်းများတွင် စတင်ပြောင်းလဲပြေးဆွဲ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

School Bus ပြေးဆွဲခြင်းကို GOLDEN HAND ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး  တိုင်းဒေသကြီးအစိုးရက ကိုရီးယား နိုင်ငံမှ ဝယ်ယူထားသည့် School Bus အစီး နှစ်ရာကို ရှယ်ယာအဖြစ် ထည့်ဝင်ထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည် သူသယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရ သည်။

ကြည်ပြာ

 

LEAVE A REPLY

Please enter your comment!
Please enter your name here