ကမ္ဘာ့ဆိုင်ကယ်ထုတ်လုပ်မှု တတိယ အများဆုံး(အဆင့် ၃) ဟု သတ်မှတ်ခံထားရသော အိန္ဒိယနိုင်ငံထုတ် Bajaj ဆိုင်ကယ်များကို လာမည့် အောက်တိုဘာ ၁ ရက်မှစ၍ ဒီဇင် ဘာလကုန်အထိ သုံးလအတွင်း ဝယ်ယူသော Customer များကို တန်ဖိုးကြီးလက်ဆောင်များပေး၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း Easy Rider Motorbike ကုမ္ပဏီမှ သိရသည်။
”ပွင့်လင်းရာသီမှာ အရောင်း မြင့်တင်တဲ့သဘောရော၊ Bajaj အမှတ်တံဆိပ် မိတ်ဆက်ရင်းနဲ့ရော တန်ဖိုးကြီး လက်ဆောင်တွေ ထည့်ပေးဖို့ စီစဉ်ဖြစ်သွားတာပါ၊ လက်ဆောင်ပစ္စည်းတွေချည်း ငွေတန်ဖိုးနဲ့တွက်ရင် အနည်းဆုံး ကျပ်သုံးသောင်း ဝန်းကျင်ရှိပါမယ်၊ အရစ်ကျဝယ် ဝယ်၊ လက်ငင်းဝယ်ဝယ် တန်ဖိုးကြီးလက်ဆောင်တွေ ပေးအပ်သွား မှာပါ”ဟု ‘ Easy Rider Motorbike ကုမ္ပဏီ’ ဒါရိုက်တာ ဦးတင်ကျော်နန္ဒက ပြောကြားသည်။
လာမည့် အောက်တိုဘာ ၁ ရက်မှစ၍ Bajaj ၏ မည်သည့် ဆိုင်ကယ်အမျိုးအစားမဆို ဝယ်ယူသူတိုင်းကို ဆောင်းရာသီအတွင်း ဆိုင်ကယ်နှင့် ခရီးသွားသူတိုင်း အဆင်ပြေစေရန် မိုးကာသားပုံစံ ဂျာကင်အကျၤီတစ်ထည်၊ မျက်နှာ ပြည့်ဦးထုပ်(Helmet) တစ်လုံး၊ Spectrol အင်ဂျင်ဝိုင် တစ်ဘူး၊ Key Chain တစ်ခုစသော တန်ဖိုးကြီး လက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ပြီး မန္တလေး၊ ပဲခူး၊ မြိတ်စသော မြို့များအပြင် နယ်မြို့အသီးသီးရှိ Bajaj Showroom တိုင်းတွင်ဝယ်ယူသူအားလုံး အကျုံးဝင်ကြောင်း အထက်ပါကုမ္ပဏီမှ ထပ်မံသိရသည်။
”လက်ရှိ ကုမ္ပဏီပိုင် Showroom က လေးခုရှိတယ်၊ နယ်အရောင်းကိုယ်စားလှယ်ဆိုင်က ၁၄ ဆိုင်ရှိတယ်၊ ဘယ်ဆိုင်မှာပဲ ဝယ်ဝယ် တန်ဖိုးကြီးလက်ဆောင် ပစ္စည်းတွေကို တစ်ပြေးညီရရှိပါမယ်၊ အဓိက ကတော့ ဆောင်းတွင်းရောက်တော့မှာမို့ ရာသီဥတုနဲ့ကိုက်ညီတဲ့ ပစ္စည်းတွေကို ရွေးချယ်ပေးဖြစ်တာပါ”ဟု ယင်းကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်ကျော်နန္ဒက ထပ်မံဆိုသည်။
လက်ရှိ အိန္ဒိယနိုင်ငံထုတ် Bajaj ဆိုင်ကယ်များကို Easy Rider Motorbike ကုမ္ပဏီမှ မြန်မာပြည် တစ်ဦးတည်းကိုယ်စားလှယ်ဖြင့် တင်သွင်းဖြန့်ချိနေပြီး Pulsar NS200 ၊ Pulsar NS200 160 ၊ Avenger Cruise 220 ၊ Boxer 150 ၊ V 15 စသော အင်ဂျင်ပါဝါအမြင့် ဘီးကြီးဆိုင်ကယ်များကို ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ကျော်ကျော်အောင်(ကလေးမြို့)