လာမည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခ ပေးချေခြင်းကို ကတ်စနစ်ဖြင့် ပြောင်းလဲကောက်ခံမည်

331

ရန်ကုန်၊ အောက်တိုဘာ
လာမည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခ ပေး ချေခြင်းကို ကတ်စနစ်ဖြင့် ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများ ပြည်သူ သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

Yangon Payment Service အနေဖြင့် Electronic ငွေ ပေးချေကတ်များကို ကိုယ်ပိုင်၀န် ဆောင်မှု စင်တာများ၊ Agent များ ထားရှိပြီး ဆောင်ရွက်ပေးမည် ဖြစ် သည်။ ၀န်ဆောင်မှုစင်တာများတွင် မှတ်ပုံတင်ယာဉ် ကတ်လျှောက်ခြင်း၊ ကတ်ပျောက်ခြင်း၊ ကတ်နှင့်ပတ် သက်သည့် အချက်အလက်များကို စစ်ဆေးပေးခြင်း၊ စုံစမ်းမေးမြန်း ခြင်းများကို ဖြေကြားပေးခြင်း၊ Agent များထံမှတစ်ဆင့် ကတ်၀ယ်ယူနိုင် ရန် ဆောင်ရွက်ပေးခြင်း၊ ငွေဖြည့် ခြင်း၊ ငွေလက်ကျန်စစ်ခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သည်။ ကတ် စနစ်ကို ကျင့်သုံးရာတွင် ယာဉ်ပေါ် အတက်တစ်ခါ၊ အဆင်းတစ်ခါ ဖြတ် သောစနစ်ဖြင့် ကျင့်သုံးမည်ဖြစ်ပြီး ကတ်ဖြတ်သည့်အခါတိုင်း အသိ ပေးသည့် အသံစနစ်ကို ထည့်သွင်း ထားကြောင်း သိရသည်။

”လာမယ့်နှစ်အစမှာ “ASIA Starmar Transport Intelligent ကုမ္ပဏီကနေ Yangon Payment Service ကို စတင်အကောင် အထည်ဖော် ဆောင်ရွက်မယ်လို့ သိရပါတယ်၊ စက်တပ်ဆင်တာတွေ အပြင် အများပြည်သူ အလွယ်တ ကူ အသုံးပြုနိုင်ဖို့အတွက် အသိ ပညာပေးမယ့် အစီအစဉ်တွေကို လည်း နို၀င်ဘာလထဲ ဆောင် ရွက်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် ၂၀၂၀ နှစ်ဦးပိုင်းကစပြီး ယာဉ်စီးခ ကောက်ခံတာကို ကတ်စနစ်နဲ့ ပြောင်းလဲမှာ ဖြစ်ပါတယ်၊ ပြေးဆွဲ ပေးနေတဲ့ ဘတ်စ်တွေမှာ စက်တပ် ဆင်နိုင်မှုအပေါ် မူတည်ပြီး ငွေပေး ချေကတ်တွေ ဖြနေ့်၀မှာ ဖြစ်သလို ရန်ကုန်မြို့မှာ ဘတ်စ် အသုံးပြုတဲ့ ခရီးသည် ၉၀ ရာခိုင်နှုန်း၀န်းကျင် ကို ကတ်အသုံးပြုနိုင်ဖို့ ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာ၀န်ရှိသူ တစ်ဦးက ပြောသည်။

ASIA Starmar Transport Intelligent ကုမ္ပဏီမှ Electronic ငွေပေးချေကတ်ဖြင့် သယ်ယူပို့ ဆောင်ရေးကဏ္ဍ အားလုံးကို ချိတ် ဆက်ဆောင်ရွက်နိုင်ရန် စီစဉ်ထား ပြီး ကနဦးအစတွင် ဘတ်စ်ကဏ္ဍဖြင့် စတင်ဆောင်ရွက်မည် ဖြစ် သည်။ လက်ရှိတွင် ခရီးသည်တင် ယာဉ်လိုင်းများနှင့် မှတ်တိုင်များ၏ မြေပြင်အခြေအနေ အချက်အလက် များကို စစ်တမ်း ကောက်ယူထားပြီး ဖြစ်ကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here