လာမည့်နှစ်တွင် ASEAN MRA ၌ မြန်မာနိုင်ငံ ပါဝင်ရန် လက်မှတ်ရေးထိုးမည်ဖြစ်၍ ပြည်တွင်းထုတ်နှင့် ပြည်ပတင်သွင်းယာဉ်များ Emission Standards သတ်မှတ်မည်

1190

လာမည့်နှစ်တွင် ASEAN MRA တွင် ပါဝင်ရန် လက်မှတ်ရေးထိုးမည်ဖြစ်ရာ ပြည်တွင်းထုတ် ယာဉ်နှင့် ပြည်ပတင်သွင်း ယာဉ်များအတွက် Emission Standards သတ်မှတ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။

 

လက်ရှိအချိန်တွင် မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် ASEAN Mutual Recognition Arrangement (MRA) On Type Approval For A Product ကို အာဆီယံနိုင်ငံများမှ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။ MRA တွင် စည်းမျဉ်း ၁၉ ခု ပါဝင်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း စံချိန်စံညွှန်းများ သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကာ ၂ဝ၁၈ ခုနှစ်တွင် Emission Standards EURO 3 အဆင့်ကို အနိမ့်ဆုံးထား သတ်မှတ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

 

”မော်တော်ယာဉ် ပူးပေါင်းဆောင်ရွက်မှုမှာ စက်မှုဝန်ကြီးဌာနမှ Focal အနေနဲ့လိုက်ပါ ဆောင်ရွက်နေပါတယ်၊ ၂ဝ၁၈ ခုနှစ်ထဲမှာ MRA လက်မှတ် ရေးထိုးမှာဖြစ်ပြီး အာဆီယံနိုင်ငံတွေနဲ့ တန်းတူ သတ်မှတ် Timeline တွေမှာ လိုက်ပါဆောင်ရွက်နိုင်ဖို့ အစိုးရဌာနတွေ၊ ပုဂ္ဂလိက အသင်းအဖွဲ့တွေ၊ မော်တော်ယာဉ် ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ Exhaust Emission သတ်မှတ်ချက်တွေနဲ့ Fuel Properties တွေကို စံသတ်မှတ်ချက်တွေ ထုတ်ပြန်သွားပါမယ်၊ အနိမ့်ဆုံး EURO 3 အဆင့် သတ်မှတ်သွားမှာ ဖြစ်ပါတယ်”ဟု ‘အမှတ်(၁)စက်မှုလုပ်ငန်း’ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်က ပြောသည်။

 

MRA တွင် လက်မှတ်ရေးထိုးပြီးပါက မော်တော်ယာဉ် ထုတ်ကုန်ပစ္စည်းများမှာ အပြန်အလှန် အသိအမှတ်ပြုနိုင်မည်ဖြစ်၍ မြန်မာ့မော်တော်ယာဉ် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။          ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here