လာမည့်နှစ်တွင် လုပ်ငန်းသုံးယာဉ်တင်သွင်းမှု သုံးနှစ်မှ ငါးနှစ်အတွင်း မိုဒယ်တိုးမြွင့်သတ်မှတ်ရန် စီစဉ်

341

လာမည့်နှစ်တွင် လုပ်ငန်းသုံးယာဉ် တင်သွင်းမှုကို သုံးနှစ်မှ ငါးနှစ်အတွင်း မိုဒယ်တိုးမြ§င့် သတ်မှတ် ရန် စီစဉ်နေကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယခုနှစ်အတွင်း လုပ်ငန်းသုံး ယာဉ်များတင်သွင်းရာတွင် ရောက် ရှိမိုဒယ်နှင့်အောက် ၁ဝ နှစ် သတ် မှတ်ထားသော်လည်း လာမည့်နှစ် မှစ၍ သုံးနှစ်ဖြစ်စေ၊ ငါးနှစ်ဖြစ်စေ မိုဒယ်တိုးမြ§င့်ပြီး တင်သွင်းခွင့်ပေး ရန်ရှိကြောင်း သိရသည်။

”လာမယ့်နှစ်ကစပြီး လုပ်ငန်း သုံးကားတွေကို ပုံမှန်အတိုင်း တစ် နှစ်ခုန်မှာ မဟုတ်တော့ဘဲ သုံးနှစ် ဖြစ်ဖြစ်၊ ငါးနှစ်ဖြစ်ဖြစ် ခုန်မှာဖြစ် ပါတယ်၊ မိုဒယ်ခုန်သွားတာနဲ့ တချို့ လုပ်ငန်းသုံးကားတွေက ဘယ် မောင်းပဲ တင်သွင်းလို့ရမှာ ဖြစ်ပါ တယ်၊ လာမယ့်နှစ်အတွက် မော် တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မို ဒယ်သတ်မှတ်ချက်တွေ ရေးဆွဲ ပြီးရင် ပြည်ထောင်စုဝန်ကြီးကနေ တစ်ဆင့် ပြည်ထောင်စုလွှတ်တော် ကို တင်ပြမှာဖြစ်ပါတယ်၊ ပြည် ထောင်စုလွှတ်တော် အတည်ပြု ချက် ရပြီးရင်တော့ တရားဝင်ထုတ် ပြန်ပေးမှာ ဖြစ်ပါတယ်”ဟု ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

လုပ်ငန်းသုံးယာဉ်များ တင် သွင်းခွင့်ပြုရန်အတွက် ပါမစ်ချပေး ရာတွင်လည်း ကုမ္ပဏီလိုင်စင်ဖြင့် တင်သွင်းခြင်းကို တစ်လလျှင် တစ် စီးနှုန်းဖြင့် ကန့်သတ်လိုက်သလို လာမည့်နှစ်တွင်လည်း ပုံမှန်အတိုင်း မဟုတ်ဘဲ မိုဒယ်တိုးမြ§င့်မည်ဆိုပါက လုပ်ငန်းသုံးကားများမှာ ဈေးမြင့် တက်သွားဖွယ်ရှိကြောင်း ကားတင် သွင်းသူများက သုံးသပ်ထားကြ သည်။

ကိုဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here