ရန်ကုန်၊ ဒီဇင်ဘာ ၉
လာမည့်နှစ်တွင်လည်း ယာဉ်အို၊ ယာဉ်ဟောင်းများကို ပုံမှန်အတိုင်း အပ်နှံခွင့် ပေးဦးမည်ဖြစ်ပြီး ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံသည့် ကား အစီး ၂၅၆ç၇၀ဝ ကျော်ရှိရာတွင် ၂၀၂၀ ပြည့်နှစ်အတွင်း အပ်နှံသည့် အစီးရေ ခုနစ်ရာကျော်သာရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံ ခွင့်ကို ၂၀၁၁ ခုနှစ်တွင် စတင်ခွင့် ပြုခဲ့ပြီး ထိုနှစ် လေးလအတွင်း အစီး ၂၃çဝ၀ဝ ကျော် အပ်နှံမှု ရှိခဲ့ သည်။ ထို့နောက် ၂၀၁၂ ခုနှစ်တွင် အစီးရေ ၅၅,ဝ၀ဝ ကျော်၊ ၂၀၁၃ ခုနှစ်တွင် အစီးရေ ၃၉,ဝ၀ဝ ကျော်၊ ၂၀၁၄ ခုနှစ်တွင် အစီးရေ ၅၈,ဝ၀ဝ ကျော်၊ ၂၀၁၅ ခုနှစ်တွင် အစီးရေ ၂၅,ဝ၀ဝ ကျော်၊ ၂၀၁၆ ခုနှစ်တွင် အစီးရေ ၁၇,ဝ၀ဝ ကျော်၊ ၂၀၁၇ ခုနှစ်တွင် အစီးရေ ကိုးထောင် ကျော်၊ ၂၀၁၈ ခုနှစ်တွင် အစီးရေ ခြောက်ထောင်ကျော်၊ ၂၀၁၉ ခုနှစ် တွင် အစီးရေ ၂၄,ဝ၀ဝ ကျော်၊ ၂၀၂၀ ပြည့်နှစ်တွင် ၇၅၅ စီး အပ်နှံခဲ့ကြောင်း သိရသည်။
“လာမယ့်နှစ်မှာလည်း ယာဉ်အို၊ ယာဉ်ဟောင်းကားတွေကို အပ်နှံခွင့်ပေးမှာပါ၊ ပိုင်ရှင်ဆန္ဒအရ မအပ်ချင်သေးဘူးဆိုရင် ယာဉ်ကို ကြံ့ခိုင်မှုကောင်းအောင် ဆောင် ရွက်ထားရမှာဖြစ်ပြီး သက်တမ်း လာတိုးချိန်မှာ ကြံ့ခိုင်မှု ကောင်း တယ်ဆိုရင်တော့ ဆက်ပြီး ခွင့်ပြုပေးမှာပါ၊ လာမယ့်နှစ်မှာ နှစ် နှစ် ဆယ်ပြည့်မယ့် ၂၀ဝ၁ မိုဒယ်တွေ လည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ အစကစပြီး အပ်လို့ရပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လာမည့်နှစ်တွင်လည်း ယာဉ်အို/ဟောင်းကားများကို ဆက်လက် အပ်နှံခွင့်ပေးမည်ဖြစ်ပြီး တိုက်ကြေကားများအပ်နှံခြင်းကိုလည်း စလစ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရ သည်။ သို့သော် စလစ်လိုအပ်ချက်မှာ နည်းလာပြီဖြစ်၍ အပ်နှံသည့်ကားမှာ လာမည့်နှစ်၌ သိသိသာသာ နည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်