လယ်ယာသုံးစက်အပိုပစ္စည်းများကို အကောက်ခွန် တိုးမြင့်ကောက်ခံမည်ဖြစ်သော်လည်း စက်မှုလယ်ယာ ထောက်ခံချက်ဖြင့် အစီးလိုက်တင်သွင်းခြင်းကိုမူ အခွန်ကင်းလွတ်ခွင့်ပြုမည်

533

လယ်ယာသုံး စက်အပိုပစ္စည်းများ ကို အကောက်ခွန်(Custom Duty) တိုးမြွင့်ကောက်ခံမည် ဖြစ်သော်လည်း စက်မှုလယ်ယာထောက်ခံချက်ဖြင့် အစီးလိုက် တင်သွင်းခြင်းကိုမူ အကောက်ခွန် ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

 

ယခု အောက်တိုဘာ ၁ ရက်မှစ၍ ပြောင်းလဲကောက်ခံသည့် အကောက်ခွန်နှုန်းထားအသစ်တွင် လယ်ယာသုံး စက်အပိုပစ္စည်းများကို ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း အထိ တိုးမြွင့်ကောက်ခံမည် ဖြစ်သော်လည်း အစီးလိုက် တင်သွင်းခြင်းကိုမူ အကောက်ခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

 

”ပြောင်းလဲကောက်ခံမယ့် အကောက်ခွန်နှုန်းထားသစ်မှာ လယ်ယာသုံး စက်အပိုပစ္စည်းတွေကို ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင် နှုန်း တိုးမြွင့်ကောက်ခံမှာ ဖြစ်ပါတယ်၊ အစီးလိုက် တင်သွင်းမယ်ဆိုရင်တော့ စက်မှုလယ်ယာရဲ့ ထောက်ခံချက်ပါရင် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားမှာ ဖြစ်ပါတယ်၊ မော်တော်ယာဉ်အပိုပစ္စည်းတွေကတော့ လက်ရှိကောက်ခံနေတဲ့အတိုင်း ၅ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အကောက်ခွန်နှုန်းထား တိုးမြွင့်ကောက်ခံမည့် စာရင်းတွင် Truck နှင့် Bus များကို ၃ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိ၊ လူစီးလျှပ်စစ်ကားများကို ၁ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြွင့်ကောက်ခံရန် သတ်မှတ်ထားပြီး SKD ၊ CKD စနစ်ဖြင့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေသည့် ကားများကိုမူ Custom Duty လျှော့ချပေးထားကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here