လမ်းဟောင်းမှ သွားလာမည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို စွယ်တော်ကားကြီးကွင်းတွင် RDT Test Kit ဖြင့် စစ်ဆေးပေးတော့မည်မဟုတ်

88

 

မန္တလေး၊ ဒီဇင်ဘာ
ရန်ကုန်-မန္တလေး လမ်းဟောင်းမှ သွားလာမည့်ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို စွယ်တော်ကားကြီးကွင်းတွင် RDT Test Kit ဖြင့် စစ်ဆေးပေးတော့မည် မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်းမှ သိရသည်။

“အရင်က လမ်းဟောင်းမှာ သွားနေတဲ့ ကုန်တင်ယာဉ်တွေလည်း စွယ်တော်ကားကွင်းမှာ Covid-19 ပိုးရှိမရှိ Test Kit နဲ့ ဝင်စစ်ကြတယ်၊ အခုကျတော့ ထပ်မံညွှန်ကြားချက် အရ စွယ်တော်ကားကွင်းမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းသုံးမယ့် ကုန်တင်ကားတွေရဲ့ ယာဉ် မောင်း၊ယာဉ်နောက်လိုက်တွေကို မစစ်ဆေးပေးတော့ပါဘူး” ဟု အဆိုပါအသင်း ဥက္ကဋ္ဌ ဦးကျော် သူရက ပြောကြားသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း အသုံးပြုနေသောကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို မစစ်ဆေးပေးတော့သော်လည်း ရန်ကုန်-မန္တလေး အမြန်လမ်းမှတစ်ဆင့် နေပြည်တော်၊ ရန်ကုန်နှင့် အခြားတိုင်း ဒေသကြီးများသို့ သွားရောက်မည့် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်မှ ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊
ယာဉ်နောက်လိုက်များကို RDT Test Kit ဖြင့် စစ်ဆေး၍ကျန်းမာရေးကောင်းမွန်ကြောင်း (Swab Negative) ထောက်ခံစာထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မကွေးတိုင်းဒေသကြီးသို့ သွားရောက်မည့် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကိုလည်း စွယ်တော်ကားကြီးကွင်းတွင် စစ် ဆေးပေးသွားမည့်အပြင် ရတနာပုံ တံတားမှတစ်ဆင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်သို့ သွားရောက်မည့် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကိုလည်း RDT Test Kit ဖြင့် စွယ်တော်ကားကြီးကွင်းအတွင်း စစ် ဆေးပေးသွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ ထပ်မံသိရသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းမှ သွားလာမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် Covid-19 ပိုးရှိမရှိကို လမ်းတစ်လျှောက်ရှိ စစ်ဆေးရေး ဂိတ်များတွင်သာ စစ်ဆေးရတော့မည်ဖြစ်သဖြင့် အနည်းငယ် အခက်အခဲရှိကြောင်း ကုန်တင်ယာဉ်မောင်း အချို့က ပြောသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here