လမ်းသွားလမ်းလာများအတွက် လုံခြုံရေး

74

 

လမ်းသွားလမ်းလာများအတွက် လုံခြုံမှု(Pedestrian Safety)သည် သယ် ယူပို့ဆောင်ရေးကဏ္ဍတွင် အရေးပါသည့် Issue တစ်ခု ဖြစ်သည်။ အမေရိကန်တွင် ၂ဝ၁၃ ခုနှစ်၌ရရှိခဲ့သည့် စစ်တမ်းအရ လမ်းမများထက် ရှိ လမ်းသွားလမ်းလာများ ယာဉ်အန္တရာယ်ကြုံတွေ့မှုများကြောင့် သေဆုံးသူ ၄,၇၃၅ ဦးအထိရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ် စစ်တမ်းထက် ၁၅ ရာခိုင်နှုန်းခန့် များပြားခဲ့သည့်။ အလားတူ USA ရှိ GHSA အဖွဲ့ကြီး၏စစ်တမ်းအရ ယာဉ်မတော် တဆဖြစ်မှုအားလုံး၏ ၄၆ ရာခိုင်နှုန်းခန့် သည် လမ်းသွားလမ်းလာများနှင့် ယာဉ် များ တိုက်မိခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ၂ဝ၁၅ ခုနှစ်၊ သြ ဂုတ်လတွင် GHSA မှ လမ်း သွားလမ်းလာများ အတွက် ဘေးကင်းလုံခြုံရေး ပြည့်စုံမှုရှိ သည့် အစီရင်ခံစာတစ်စောင် ကို ပြုစုခဲ့ပြီး ယင်းတွင် ယာဉ် မောင်းများနှင့် လမ်းသွားလမ်း လာများဟူ၍ အပိုင်းနှစ်ပိုင်းခွဲ ကာ လိုက်နာရမည့် နည်းလမ်း များကို ထည့်သွင်းရေးသားခဲ့ ၏။ ယခုဆောင်းပါးတွင် အဆို ပါ နည်းလမ်းများကို ထုတ်နုတ် ရေးသားမည်ဖြစ်ပြီး ယာဉ်မောင်း များအတွက် အန္တရာယ်များနှင့် လမ်း သွားလမ်းလာများအတွက် အန္တရာယ်များဟူ၍ အဓိက ခေါင်းစဉ်နှစ်ခုဖြင့် ဖော်ပြရေးသားပါမည်။
Dangers For Drives
(ယာဉ်မောင်းများအတွက် အန္တရာယ်များ)
လမ်းသွားလမ်းလာများကို ယာဉ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်မောင်းများ ၏ကဏသည် အရေးပါပြီး လေ့လာမှုများအရ အရှိန်မြင့်စွာမောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့သည် အဓိကအ ချက်များဟု စစ်တမ်းများမှတစ်ဆင့် သိရပါသည်။
‘မောင်းရင်မမူးနဲ့၊ မူးရင်မမောင်းနဲ့’ဟူသည့် ဆောင်ပုဒ်သည် အမြဲ သတိပြုရမည့်ဆောင်ပုဒ်ဖြစ်ပြီး လမ်းသွားလမ်းလာများနှင့် ယာဉ်မတော် တဆမှုတွင် ယာဉ်မောင်းမှ သောက်စားမူးယစ်ခြင်းသည် ဖြစ်လေ့ရှိသည့် Major Case ဖြစ်သည်။ ကမ္ဘာကျော်(NHTSA)အဖွဲ့ကြီး၏ ပုံမှန်လေ့လာ ဆန်းစစ်ချက်အရ လမ်းသွားလမ်းလာများနှင့် လမ်းဘေးအရာများကို အရှိန်ဖြင့် ဝင်တိုက်မိသည့် ယာဉ်မောင်းများ၏ ၁၅ ရာခိုင်နှုန်းခန့်သည် မူးယစ် သောက်စားထားပြီး ၎င်းတို့၏သွေးထဲတွင် Blood Alcohol Con -centration(BAC) သည် အန္တရာယ်ရှိသည့် Limit ဖြစ်သည့် ဝ.ဝ၈ နှင့် အထက်ရှိကြောင်း တွေ့ရသည်။
အရှိန်အလွန်မြင့်မားစွာဖြင့် ယာဉ်မောင်းနှင်မှုသည်လည်း လမ်းသွား လမ်းလာများကို ထိခိုက်စေရန် ရာနှုန်းအလွန်များပါသည်။ လေ့လာမှု များအရ Impact Speed သည် တစ်နာရီ ၁၇ မိုင်နှုန်းဖြစ်ပါက လမ်း သွားလမ်းလာများကို ၁ဝ ရာခိုင်နှုန်းအထိ ထိခိုက်ဒဏ်ရာရစေမည်ဖြစ်ပြီး တစ်နာရီ ၄၈ မိုင်နှုန်းနှင့်အထက်ဆိုပါက ၉ဝ ရာခိုင်နှုန်းအထိ သေဆုံး၊ ဒဏ်ရာရစေမည်ဖြစ်သည်။
ယာဉ်မောင်းနေစဉ် စိတ်ပျံ့လွင့်ခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း၊ ဖုန်း ပြောနေ၍ ရှေ့သို့ဂရုမထားခြင်း စသည့် စိတ်ရှုပ်ထွေးစေသည့် အပြုအမူ များကြောင့် လမ်းသွားလမ်းလာများကို သတိမမူမိကာ ဝင်ရောက်တိုက် မိခြင်းသည် ဖြစ်လေ့ရှိသည့် Case ဖြစ်ပြီး NHTSA ၏ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လေ့လာမှုအရ လမ်းမထက်ရှိ ယာဉ်မတော်တဆမှုများကြောင့် လမ်းသွား လမ်းလာများကို ထိခိုက်စေမှုအားလုံး၏ ၇၆ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရှိရသည်။ ယင်းတွင် ယာဉ်မောင်းမှ အခြားသူနှင့် ကြာရှည်စွာ စကား ပြောခြင်း၊ ယာဉ်မောင်းနေစဉ် အလှပြင်ခြင်း၊ TV ကို အာရုံစူးစိုက်မိခြင်း စသည့်အချက်များလည်း ပါဝင်ပါသည်။
Dangers For Pedestrians
(လမ်းသွားလမ်းလာများအတွက် အန္တရာယ်များ)
ယာဉ်တိုက်မှုဖြစ်စဉ်တွင် လမ်းသွားလမ်းလာပြုသူများအနေဖြင့် ပေါ့ လျော့ခြင်းများရှိကြပြီး အဓိကအားဖြင့် အရက်သေစာ သောက်စားခြင်းနှင့် စိတ်ပျံ့လွင့်ခြင်းတို့ ဖြစ်သည်။ အဆိုပါအချက်နှစ်ချက်အပြင် အခြားသော အကြံပြုချက်များကိုလည်း ထည့်သွင်းထားပါသည်။
မူးယစ်သောက်စားထားပြီး လမ်းလျှောက်ခြင်းသည် များစွာအန္တရာယ် ရှိပြီး ပုံမှန်အားဖြင့် ကောင်းစွာလမ်းဖြတ်ကူးခြင်းကိုပင် မဆောင်ရွက်နိုင် သည့်အပြင် ကြိုတင်သိရှိနိုင်သည့် ယာဉ်မတော်တဆမှုများ၌ သာမန် လူများ ရှောင်ရှားမှုထက် ပို၍နှေးကွေးသည့်အတွက် အသက်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်လေ့ရှိပါသည်။
၂ဝဝ၄ ခုနှစ်တွင် USA ၊ ကနေဒါတို့၌ လေ့လာမှုအရ လမ်းသွား လမ်းလာများ၏ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခြင်းများ၏ ၁ ရာ ခိုင်နှုန်းသည် ၎င်းတို့ Cell Phone ပြောနေစဉ် မရှောင်နိုင်၍ဖြစ်ကြောင်း သိရှိခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် လေ့လာမှုအရ အဆိုပါအချက်ကြောင့် သေဆုံးမှုသည် ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ပါသည်။ အထူး အားဖြင့် လမ်းဖြတ်ကူးစဉ် ယာဉ်ကြောရှုပ်ထွေးသည့်အချိန် လမ်းလျှောက် စဉ်ကဲ့သို့ အခြေအနေများ၌ ယာဉ်တိုက်ခံရခြင်းသည် Phone Screen အပေါ် အာရုံစူးစိုက်မိခြင်း၊ Text Massage ပို့နေစဉ်နှင့် နားကြပ်နှင့် သီချင်းနားထောင်နေစဉ်တို့ဖြစ်ပြီး ထိုအချိန်များတွင် မော်တော်ယာဉ်၏ သတိပေးမီးတောက်ခြင်းနှင့် ဟွန်းတီးမှုများတို့ကို သတိမပြုမိ၍ ထိခိုက်မိခြင်းများ ဖြစ်လေ့ရှိပါသည်။
ယာဉ်ကြောအတိုင်း ကျောပေး၍ လမ်း လျှောက်ခြင်းသည် သီအိုရီအရ ယာဉ်မတော် တဆမှုဖြစ်ပါက လွယ်ကူစွာရှောင်ရှားနိုင်ရန် ခဲယဉ်းသည့်အတွက် ထိခိုက်နိုင်ခြေမြင့် မားပါသည်။ ယာဉ်ကြော၏ မျက်နှာချင်း ဆိုင် အနေအထားဖြင့် လမ်း လျှောက်ပါက ပုံမှန်မဟုတ်သည့် မော်တော်ယာဉ်၏ အနေအ ထားကို လွယ်ကူစွာ သိရှိ နိုင်မည်ဖြစ်၍ အချိန်မီတိမ်း ရှောင်နိုင်ရန် အခွင့်အလမ်း ပိုများပါသည်။
အလင်းရောင် နည်းပါး သည့် လမ်းမမြင်ကွင်းနှင့် ရာ သီဥတုဆိုးရွားခြင်းကြောင့် မြင်ကွင်း မရှင်းလင်းသည့် အနေအထားများတွင် လမ်းသွားလမ်းလာ များသည် ကားအန္တရာယ်ကို ကြုံတွေ့ရနိုင်ပါသည်။ အထူး အားဖြင့် ညဘက်၌ လမ်းလျှောက်ခြင်းသည် များစွာအရေးကြီးပြီး မီး ရောင်အားနည်းသည့် လမ်းမထက်တွင် သွားလာသည့်အခါတွင် လမ်း သွားလမ်းလာများအနေဖြင့် ရောင်ပြန်ပစ္စည်းများ၊ အရောင်တောက်ပ သည့် အဝတ်များ၊ ဓာတ်မီးကဲ့သို့ အလင်းပစ္စည်းများကို ဝတ်ဆင်အသုံး ပြုသင့်သည်။ ထိုမှသာ ယာဉ်မောင်းသူအနေဖြင့် လမ်းလျှောက်သူများကို အဝေးမှမြင်နိုင်ပြီး ကားလာနေကြောင်းကို ဟွန်းသံ၊ မီးတောက်ခြင်းတို့ ဖြင့် ကြိုတင်အသိပေးနိုင်မည်ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here