လမ်းကြောင်းလုမောင်းရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော အဆိုတော် ပြစ်ဒဏ်ကျခံရဖွယ်ရှိ

589

2017 X Factor ပြိုင်ပွဲတွင် နောက် ဆုံး လေးဦးအဆင့်အထိ တက် ရောက်နိုင်ခဲ့သော ထွန်းသစ်စ ဗြိတိန် အဆိုတော် Matt Linnen သည် လမ်းကြောင်းလုမောင်းရာမှ အခြား ကားတစ်စီးနှင့် တိုက်မိကာ ယာဉ် တိုက်မှုဖြစ်ပွားခဲ့ကြောင်း စက်တင် ဘာ ၃ဝ ရက်တွင် The Sun သတင်းစာက ရေးသားဖော်ပြသည်။

အသက် သုံးဆယ်အရွယ် Linnen သည် ၂ဝ၁၈ ခုနှစ်အတွင်း လင်ကွန်းရှိုင်းယားဒေသ၊ ဂရိတ် ပွန်တန်မြို့မှ A1 လမ်းမပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အနောက်မှ လိုက်ပါလာသော ကားတစ်စီးမှရရှိသည့် ဗီဒီယိုဖိုင် မှတ်တမ်းအရ Linnen မောင်းနှင် လာသော Citroen Picasso ကား သည် လက်ဝဲဘက်အခြမ်းမှ Dominic Eaton ဆိုသူ မောင်းလာ သော Ford ကားကို ကျော်တက် ကာ အရှေ့မှ မောင်းနှင်ခဲ့သည်။ ထိုသို့ပြုလုပ်သည်ကို မကျေနပ် သော Eaton က ဒေါသထွက်ကာ ပြန်လည်ကျော်တက်ရန် ကြိုးစား ခဲ့ရာ လမ်းဘေး အကာအရံကို တိုက်မိပြီးနောက် Linnen ၏ ကားရှေ့ပိုင်းအားတိုက်မိကာ နှစ်စီး စလုံး လမ်းဘေးထိုးကျသွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် နှစ်ဦး စလုံး ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရခြင်းမရှိဘဲ ယာဉ်ထိန်းရဲ တပ်ဖွဲ့က တရားစွဲခဲ့ပြီး ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာ ၃ဝ ရက်က တရား ရုံးသို့ ဆင့်ခေါ်ကာ နှစ်ဖက် လျှောက် လဲခဲ့ကြသည်။ ယာဉ်တိုက်မှုမဖြစ်မီ တွင် Linnen မှာ Eaton ၏ကား ကို ကော်ဖီခွက်၊ မြေပဲစေ့များဖြင့် ပစ်ပေါက်ခဲ့ပြီး နှစ်ယောက်စလုံး ထောင်ဒဏ်ကျခံရဖွယ် ရှိနေသည် ဟု သိရသည်။
Ref: The Sun

LEAVE A REPLY

Please enter your comment!
Please enter your name here