လစာမတိုး၍ Showroom မှ ကားသုံးစီး ခိုးယူခဲ့သော ဝန်ထမ်း ထောင် ၁၀ လကျ

333

 

အင်္ဂလန်နိုင်ငံ၊ ပီတာဘရော့မြို့ရှိ ကားအရောင်းစင်တာ တစ်ခုတွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော အမျိုးသားတစ်ဦးသည် ၎င်းရရှိနေသော လစာနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကာ အရောင်းစင်တာမှ ကားသုံးစီး ကို ခိုးယူရောင်းချခဲ့သောကြောင့် ထောင်ဒဏ် ၁၀ လ ချမှတ်ခံခဲ့ရကြောင်း ပီတာဘရော့ တယ်လီဂရပ်ဖ် သ တင်းစာက အောက်တိုဘာ ၂၅ ရက်တွင် ဖော်ပြသည်။


အကျင့်စာရိတ္တပျက်ယွင်းသည့် အရောင်းဝန်ထမ်းက အသက် ၂၆ နှစ်အရွယ် တိုဘီဖယ်ရီဆိုသူဖြစ်ပြီး လစာ နည်းပါးခြင်းအပေါ် တာဝန်ရှိသူများက ဖြေရှင်းပေးခြင်းမရှိသောကြောင့် တန်ဖိုး ပေါင် ၄၃,၀၀၀ တန်ဖိုးရှိသော ကားသုံးစီးကို ခိုးယူရောင်းချခဲ့ခြင်းဖြစ်သည်။
၎င်းခိုးယူရောင်းချခဲ့သည့် ကားသုံးစီးစလုံးသည် BMW အမျိုးအစား ကားများဖြစ်ပြီး အရောင်းပြခန်းမှ ပိုင်ရှင်များ နှင့် တာဝန်ရှိသူများသည် ယခုနှစ် ဇန်နဝါရီ ၃၀ ရက်က BMW 5 Series ကားတစ်စီး ပျောက်ဆုံးနေသည်ကို သ တိထားမိရာမှ စီစီတီဗွီ မှတ်တမ်းကိုကြည့်ရှုရာ တိုဘီဖယ်ရီ ခိုးယူသွားသည်ကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် ကားအရောင်းစင်တာမှ အမှုဆောင်အရာရှိချုပ်က တိုဘီဖယ်ရီကို ခိုးယူသောကားကို ပြန်လာထား ရန် အသိပေးခဲ့ရာ ၎င်းက ပြန်ပေးခဲ့သည်။ သို့သော်လည်း မသင်္ကာ၍ ကားများအား ပြန်စစ်ဆေးရာ နောက်ထပ် ကားနှစ်စီး ထပ်မံပျောက်ဆုံးလျက်ရှိသည်ကို တွေ့ခဲ့ရသည်။
ယခင် ခိုးယူခဲ့သည့် ကားနှစ်စီးကို တိုဘီဖယ်ရီက ရောင်းချလိုက်ပြီဖြစ်သောကြောင့် ၎င်းကို တရားစွဲဆိုမှုပြု လုပ်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ပီတာဘရော့ တရားရုံးက အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။ တိုဘီဖယ်ရီ သည် ကားခိုးယူမှု၊ အာမခံမရှိဘဲ ကားမောင်းမှု၊ ကားမောင်းရန် အရည်အချင်းမပြည့်မှု စသည့် အချက်သုံးချက် ဖြင့် တရားစွဲခံခဲ့ရသည်။
တရားသူကြီးက ၎င်းကို ထောင်ဒဏ် ၁၀ လကျခံစေရန် အမိန့်ချမှတ်ခဲ့သလို ယာဉ်မောင်းခွင့် ၂၉ လ ပိတ်ပင် သည့် ပြစ်ဒဏ်ကိုလည်း ချမှတ်ခဲ့သည်။
ပီတာဘရော့ ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် လူးဝစ်ဘက်စ်ဘီက “ကျွန်တော်ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကိုယ့်ရဲ့ထုတ်ကုန်တွေ၊ ရောင်းကုန်တွေကို ကာကွယ်ဖို့၊ အမြဲတမ်း နိုးနိုးကြားကြား ရှိနေစေဖို့ အကြံပေးချင်ပါ တယ်၊ နောက်ပြီး ဒီအမှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တာကတော့ အရည်အသွေးမြင့်မားတဲ့ စီစီတီ ဗွီတွေပါပဲ၊ အဲဒီ စီစီတီဗွီတွေကနေ အရေးကြီးတဲ့ သက်သေအထောက်အထားတွေကို ရရှိခဲ့တယ်၊ ဒီနေ့မှာ အမှန်တရားကို လုပ်ဆောင်နိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်” ဟု ပြောသည်။

Ref:Peterborough Telegraph
ဘာသာပြန်- ခွန်ဝဏ္ဏ

LEAVE A REPLY

Please enter your comment!
Please enter your name here