လက်/ညွှန်နှင့်အောက်ဝန်ထမ်းများ ကားဝယ်ယူခွင့်အတွက် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်ရမည်

1130

 

ရန်ကုန်၊ ဇန်နဝါရီ
လက်/ညွှန်နှင့်အောက် ဝန်ထမ်းများ ကားဝယ်ယူခွင့်အတွက် အဆင့်နှစ် ဆင့်ဖြင့် ဆောင်ရွက်ရမည် ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်/ညွှန်နှင့်အောက် ဝန်ထမ်းများကို ပါမစ်လျှောက်ထားခွင့် ပြုရာတွင် ပထမအဆင့်တွင် မှတ် ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ အမြဲတမ်း အတွင်းဝန် လက်မှတ်ထိုးသည့်စာ ပါရှိပါက အရောင်းပြ ခန်းမှ ဝယ်ယူခွင့်စလစ်ထုတ်ပေးမည် ဖြစ်သည်။ ယင်းစလစ်ကို သက်တမ်းခြောက်လ ပေးမည်ဖြစ် ပြီး ထိုကာလအတွင်း နှစ်သက်ရာ ကားအရောင်းပြခန်းနှင့် ချိတ်ဆက် ၍ ၁၃၅၀ စီစီနှင့်အောက် CIF တန်ဖိုး ကျပ်သိန်း သုံးရာနှင့် ညီမျှသော ကြိုက်နှစ်သက်ရာ ကားအမျိုးအစားကို တင်သွင်းရမည်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ကားရောက် ရှိလာပါက သက်ဆိုင်ရာ Showroom များမှ Chassis နံပါတ်၊ လိုင်စင်မိတ္တူဖြင့် စီးပွား/ ကူးသန်းတွင် ဝယ်ယူခွင့်ပါမစ်လျှောက်ရမည်ဖြစ်ပြီး နှစ်ဆင့်ဆောင်ရွက်ရမည် ဖြစ်သည်။

“Showroom တွေနဲ့ အ စည်းအဝေးလုပ်တော့ သူတို့ဆီမှာလည်း ဝန်ထမ်းတွေကို ထုတ်ပေး နိုင်တဲ့ ID တို့၊ လိုင်စင်တို့ မရှိဘူး၊ ဘာလို့ဆို လက်ရှိမှာလည်း ကားတွေမရှိဘူး၊ မှာရင်လည်း လေးလလောက်ကြာတယ်လို့ ဆွေးနွေးကြပါတယ်၊ ဒါကြောင့် ဝန်ထမ်းတွေကို အရောင်းပြခန်း ဝယ်ယူခွင့်ပုံစံ သတ်မှတ်ချက်တွေအတိုင်း ဆောင် ရွက်ရမယ်ဆိုရင် ဝန်ထမ်းတွေ အ ခက်အခဲဖြစ်တာပေါ့၊ ဒါကြောင့် ဘာအထောက်အထားမှ မတောင်းတော့ဘဲ မှတ်ပုံတင်မိတ္တူ၊ သန်း ခေါင်စာရင်းမိတ္တူ၊ အမြဲတမ်းအတွင်းဝန် လက်မှတ်ထိုးတဲ့စာရရင် စီးပွား/ကူးသန်းမှာ လျှောက်လို့ရပြီ၊ စီးပွား/ကူးသန်းအနေနဲ့ အဆင့်နှစ်ဆင့်နဲ့ ဆောင်ရွက်ပေးမယ်၊ ပထမ အဆင့်အနေနဲ့ သူတို့ကို အရောင်းပြခန်းကနေပြီး ကားဝယ်ခွင့် စလစ်ဆိုပြီး ထုတ်ပေးမယ်၊ အဲဒီစလစ်မှာ ဘယ် Showroom က ဝယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မပါသလို ကားအမျိုးအစားနဲ့ မိုဒယ်လည်း မပါပါဘူး၊ ဒါပေမဲ့ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ မိုဒယ် ၁၃၅၀ စီစီအောက် CIF တန်ဖိုး ကျပ်သိန်းသုံးရာထက် မများတဲ့ ကားကို ကြိုက်တဲ့ အရောင်းပြခန်းနဲ့ချိတ်ပြီး ခြောက်လအတွင်း ဝယ်ရပါမယ်၊ ကားရောက် လာပြီဆိုရင် Chassis နံပါတ် လိုင်စင်တွေ၊ ID တွေနဲ့ ပြန်လျှောက်ရပါမယ်၊ အဲဒီ ဒုတိယအဆင့်ကို လျှောက်တာကျတော့ အရောင်းပြ ခန်းတွေနဲ့ သက်ဆိုင်ပါတယ်၊ ဒီလို လျှောက်ထားလာတဲ့အခါ ဝယ်ယူခွင့်ပါမစ် ထုတ်ပေးမှာဖြစ်ပြီး ကညနမှာဆက်ပြီး မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ နမှ ဝန်ထမ်းပါမစ်များ ထုတ်ပေးရာတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့်အတွက် ပါမစ်လျှောက်ထားရာ၌ ယခင် ကြေညာချက်တွင် ပါဝင်သည့် ID နှင့် ပါမစ်တင်ပြရမည်ဆိုသည့် အချက်ကို ဖြေလျှော့ပေးထားကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here