လက်/ညွှန်နှင့်အောက်ဝန်ထမ်းများကို ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပေးရန် ပြန်လည်သုံးသပ်နေခြင်း မရှိသေး

399

 

ရန်ကုန်၊ ဇန်နဝါရီ
လက်/ညွှန်နှင့်အောက်ဝန်ထမ်းများ ကို ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ပေးရန် ပြန်လည်သုံးသပ် နေခြင်းမရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ညွှန် နှင့်အောက်အဆင့် ဝန်ထမ်းများကို ပါမစ်ထုတ်ပေးရာတွင် SKD ဖြင့် ထုတ်လုပ်သည့် ၁၈၀ဝ စီစီနှင့် အောက်ကားများ (သိန်းသုံးရာနှင့် ညီမျှသော စက်ရုံထုတ်ရောင်းဈေး) နှင့် အရောင်းပြခန်းမှမော်တော် ယာဉ်များ(၁၃၅၀ စီစီနှင့်အောက် ကျပ်သိန်းသုံးရာနှင့် ညီမျှသော CIF တန်ဖိုး)ကိုသာ ဝယ်ယူခွင့် ပေးမည်ဖြစ်သည်။ ထိုအချက်ကို ပြန်လည်သုံးသပ်နေပြီး ပြည်ပမှ တင်သွင်းခွင့်ပေးရန် သို့မဟုတ် ရန်ကုန်လိုင်စင်၊နယ်လိုင်စင်နှစ်သက်ရာဖြင့် ဝယ်ယူခွင့်ပါမစ်ပေးမည်ဟု Online စာမျက်နှာများတွင် ကောလာဟလသတင်းများ ထွက်ပေါ်နေသော်လည်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယင်းပါမစ်များနှင့် ပတ်သက်၍ ပြန် လည်သုံးသပ်နေခြင်း မရှိကြောင်း သိရသည်။

“လက်/ညွှန်နှင့်အောက်အဆင့် ဝန်ထမ်းပါမစ်တွေနဲ့ ပတ်သက်ပြီး Online စာမျက်နှာတွေ အပေါ်မှာ ပြန်လည်သုံးသပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ ဇန်နဝါရီ ၁၂ ရက်အထိတော့ ဆွေးနွေးသုံးသပ်တာတွေ မရှိသေးပါဘူး၊ ဒါကြောင့် ကြေညာထားတဲ့အတိုင်းပဲ SKD ကားဝယ်ယူခွင့်၊ သို့မဟုတ် အရောင်းပြခန်းက ဝယ်ယူခွင့်ပဲပေးမှာပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ နမှ ဝန်ထမ်းပါမစ်များ ထုတ်ပေးရာတွင် အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်ကို ၃၅၀ဝ စီစီနှင့် သိန်း ၅၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၂၅၀ဝ စီစီနှင့် သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ညွှန် ကြားရေးမှူးများကို ၂၀ဝ၀ စီစီနှင့် သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူး များကို ၁၈၀ဝ စီစီနှင့် သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုးကားများ ကို တင်သွင်းခွင့်ပေးနေပြီး လက်ထောက် ညွှန်ကြားရေးမှူးနှင့် အောက်အဆင့်ကို ၁၈၀ဝ စီစီနှင့် အောက်ကားများ (သိန်းသုံးရာနှင့် ညီမျှသော စက်ရုံထုတ်ရောင်းဈေး) နှင့် အရောင်းပြခန်းမှမော်တော် ယာဉ်များ(၁၃၅၀ စီစီနှင့်အောက် ကျပ်သိန်းသုံးရာနှင့် ညီမျှသော CIF တန်ဖိုး)ကိုသာ ဝယ်ယူခွင့်ပေးမည်ဖြစ်သည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here