လက်တစ်ဖက်မရှိသည့်ဆရာဝန် ဝေးလံခေါင်သီသည့်ဒေသမှ လူနာများအား ဆိုင်ကယ်ဖြင့် လိုက်လံဆေးကုသပေးနေသည်မှာ ၂၇ နှစ်ကျော်ကြာပြီဖြစ်

631

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ Jiangxi ပြည်နယ်မှ Li Yan အမည် ရှိ ဆရာဝန်တစ်ဦးသည် လက်တစ်ဖက် မရှိသော်လည်း ဆိုင်ကယ်စီးပြီး ဝေးလံခေါင်သီသည့်ဒေသမှ လူနာများကို လိုက်လံဆေးကုပေးနေသည်မှာ ၂၇ နှစ်ကျော် ကြာပြီ ဖြစ်ကြောင်း ဧပြီ ၂၈ ရက်တွင် Xinhua သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

Li Yan  သည် အသက် ၂ဝ အရွယ်၌ ေ>ြွမကိုက်ခံရမှုကြောင့် ဘယ်ဘက်လက် ဆုံးရှုံးကာ မသန်စွမ်းဖြစ်ခဲ့သော်လည်း ဆရာဝန်ဖြစ် အောင်ကြိုးစားခဲ့ပြီး တောအရပ် Toupo သို့ လာရောက် ကုသပေးနေခြင်းဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် Toupo ဒေသတွင် လူနာများထံသို့ အမြန်ဆုံးနှင့် စျေးအသက်သာဆုံးရောက်ရန်မှာ ဆိုင်ကယ်စီးခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိကြောင်း Li Yan က ဆို သည်။

လက်တစ်ဖက်သာရှိသည့် Li Yan  သည် လူနာထံမှ ဖုန်းခေါ်ဆိုမှုရသည်နှင့် ဆေးသေတ္တာကို ပခုံးတွင်လွယ်ကာ ဆိုင်ကယ်စီး၍ သွားရောက် ကုသပေးနေသည်မှာ ၂၇ နှစ်ကျော်အတွင်း ကီလိုမီတာ လေးသိန်း အနည်းဆုံးခရီးနှင်ပြီးပြီ ဟု သိရသည်။ မိုးသည်းထန်စွာရွာခြင်း၊ ဖုန်ထူထပ်သည့် လမ်းများ၊ လုံလောက်သည့် လမ်းမီးအလင်းရောင် မရှိမှု၊ လမ်းပေါ်တွင် လှည့်လည်သွားလာတတ်သော တောရိုင်းတိရစ္ဆာန်များ က နေ့စဉ်ကြုံတွေ့နိုင်သည့် အန္တရာယ်များဖြစ်သော်လည်း မိမိလူနာအချို့ မှာ တစ်ကိုယ်တည်းနေ သက်ကြီးရွယ်အိုများဖြစ်သဖြင့် အချိန်မီရောက်ရန် ဆိုင်ကယ်စီးခြင်းဖြစ်ကြောင်း အပ်စိုက်ကုသရာတွင် ကျွမ်းကျင်သည့် Li Yan က ပြောသည်။

လက်ရှိစီးနင်းနေသည့် ဆိုင် ကယ်မှာ ၎င်း၏ဆရာဝန်သက်တမ်း အတွင်း ငါးစီးမြောက်ဖြစ်ကာ ယခင် စီးနင်းခဲ့သည့် ဆိုင်ကယ်များကို လုံးဝစီး၍မရတော့သည့် အခြေအနေ ရောက်မှသာ အသစ်ဝယ်ယူစီးနင်းခြင်းဖြစ်ကြောင်း Li Yan  က ပြော သည်။

Ref : Xinhuanet.com

LEAVE A REPLY

Please enter your comment!
Please enter your name here