ရှေးဟောင်း Aston Martin ပြိုင်ကားကို ဒေါ်လာ ၁၁ သန်းဖြင့် ရောင်းချမည်

117

 

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆယ်ဂဏန်းဝန်းကျင်သာ ကျန် တော့သည့် ရှေးဟောင်း Aston Martin DB4 GT Zagato ပြိုင်ကားကို အမေရိကန်ဒေါ်လာ ၁၁ သန်းဖြင့် လေလံတင်ရောင်းချသွား မည်ဖြစ်ကြောင်း Robb Report ဝက်ဘ်ဆိုက်က သြဂုတ် ၂၄ ရက်တွင် ဖော်ပြသည်။

၁၉၆၁ မိုဒယ်အနီရင့်ရောင် အဆိုပါပြိုင်ကားကို ဗြိတိန်ကုမ္ပဏီ Aston Martin နှင့် အီတလီ ဒီဇိုင်းပညာရှင်များက ပူးပေါင်းဖန် တီးတည်ဆောက်ထားခြင်းဖြစ်ပြီး ၁၉၆ဝ မှ ၁၉၆၃ ခုနှစ်အတွင်း ၂၅ စီးသာ ထုတ်လုပ်ခဲ့သည်။ လက်ရှိ ဆယ်ဂဏန်းသာ ကျန်တော့သည့် အဆိုပါပြိုင်ကားတွင် မြင်းကောင် ရေ ၃၁၄ ကောင်အား 3.7 L aluminium inline-six အင်ဂျင် တပ်ဆင်ထားပြီး တစ်နာရီ ၁၅၄ မိုင်နှုန်းအထိ မောင်းနှင်နိုင်ရာ ၁၉၆ဝ ပြည့်လွန်နှစ်အစောပိုင်း အတွင်း ကမ္ဘာ့အမြန်ဆုံး ကားတစ် စီးအဖြစ် သတ်မှတ်ခံထားရသည်။

Aston Martin ဒါရိုက်တာ Victor Gauntlett၊ နာမည်ကျော် ကားစုဆောင်းဝါသနာရှင် Paul Vestey အပါအဝင် ပိုင်ရှင်လေး ဦးသာ ပိုင်ဆိုင်ထားသော အဆိုပါ ကားမှာ မိုင် ၁၅,ဝဝဝ ကျော်သာ မောင်းနှင်ထားသေးသည်။ ရှားပါး လွန်းသော အဆိုပါကားကို လာ မည့်စက်တင်ဘာ ၅ ရက်တွင် Gooding & Company မှ လေလံ တင်ရောင်းချသွားမည်ဖြစ်ပြီး အ မေရိကန် ဒေါ်လာ ၉ ဒသမ ၁ သန်းမှ ၁၁ ဒသမ ၇ သန်းကြား ရရှိမည်ဟု ခန့်မှန်းထားသည်။
Ref:Robb Report

LEAVE A REPLY

Please enter your comment!
Please enter your name here