ရှေးခေတ်မြန်မာတို့၏ စက်မီး၊ စက်ဒုံးများနှင့် စက်ကြိုးယန္တရားများ

207

 

ရှေးမြန်မာတို့သည် ယမ်းကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်ကြောင်း စက်မီး၊ စက်ဒုံးများက ထင်ရှားစွာ ဖော်ညွန်းနေသည်။ မြန်မာစာပေနယ် ပယ်တွင်တွေ့ရသော စက်မီး၊ စက်ဒုံးတို့သည် အင်္ဂလိပ်ဘာသာဖြင့် Fire Works ဟု ယေဘုယျရေးသားပြောဆိုသော မီးကျည်မီးပန်းများသာမက မျက်မှောက်ခေတ်ဒုံးပျံဟုခေါ်တွင်သော Rocket ၏ အနက်အဓိပ္ပာယ် လည်း ပါဝင်နေသည်။ စက်မီး၊ စက်ဒုံးများကို မြင်တွေ့သွားသော နိုင်ငံ ခြားသားများက Fire Works ဟု ယေဘုယျ ရေးသားခဲ့ကြသကဲ့သို့ Rocket ၊ Sky Rocket ဟုလည်း ရေးသားဖော်ပြခဲ့ကြသည်။
ယုဒသန်၏အဘိဓာန်တွင် စက်မီး၊ စက်ဒုံးနှင့် သဘောတရားတူသော အနက်တူဖွင့်သော ဝေါဟာရအချို့ကို အောက်ပါအတိုင်းတွေ့ရရှိရသည်။
စက်ကျည် – a hollow tube filled with gun powder
စက်မီး – a wheel rocket
တုံး/ဒုံး – a tube filled with gun powder, and made to run on wheels when fired.
မီးကျည် – rocket
မီးပိတုန်း – kind of rocket
မီးပုစဉ်း – kind of rocket
မီးပန်း – fire works
မီးပျံ – rocket
မီးလင်းမြွေ – kind of rocket which hisses in falling
အထက်ဖော်ပြပါ ဝေါဟာရတို့ကို လေ့လာကြည့်ပါက ကုန်းဘောင် ခေတ်၏ စက်မီး၊ စက်ဒုံးတို့သည် မီးကျည်မီးပန်းများနှင့် စက်(ဘီး/ရဟတ်) တပ်ထားသော ဒုံးပျံအမျိုးမျိုးဖြစ်သည်ဟု ကောက်ယူနိုင်သည်။ မီးပိတုန်း၊ မီးပုစဉ်း၊ မီးလင်းမြွေတို့သည် ဒုံးပျံတစ်မျိုးဖြစ်သည်ဟု ဆိုသည်။ မီးလင်း မြွေသည် ကောင်းကင်သို့ ထိုးတက်သွားပြီး နောက်ပြန်အကျတွင် မြွေ ကဲ့သို့ ရှည်လျားတွန့်လိမ်ကာ မြွေတွန်သံကဲ့သို့ တရှီးရှီးမြည်သော ဒုံးပျံ ဖြစ်သည်။ မီးပိတုန်းနှင့် မီးပုစဉ်းတို့သည်လည်း ပိတုန်းသံနှင့် ပုစဉ်းသံများ ထွက်သောကြောင့် ခေါ်ဝေါ်သော အသံစွဲအမည်များ ဖြစ်လိမ့်မည် ဟု ယူဆရသည်။ ရတနာပုံခေတ် သီပေါမင်းလက်ထက် ဝါကျွတ်သဘင် ဆင်ယင်ကျင်းပတိုင်း မဟာလောကမာရဇိန်ဘုရား၊ မာရ်အောင်ရတနာ ဘုရား၊ ရွေနန်းတော်ဦး စွယ်တော်စင်ဘုရားတို့တွင် ရှို့လွတ်မြဲရောင်စုံ မီး၊ ဥပါမီးနှင့် မီးလင်းမြွေစသော မီးပျံအမျိုးမျိုး၊ မီးပဒေသာ၊ မီးတံခွန်၊ မီးပန်း၊ မီးရဟတ်၊ ဆင်သံမြင်းသံမြည်သော ရှို့မီးအမျိုးမျိုးတို့ကို ရှို့လွတ် ပူဇော်ကြသည်။ ထိုမီးမျိုးစုံကို လုပ်ဆောင်ရန် မီးပန်းအရာရှိများက ယူကြရသည်။
စက်မီး၊ စက်ဒုံးအမျိုးမျိုးလုပ်ငန်းကို ရှေးဟောင်းလက်မှုပညာပေါင်း ချုပ်ကျမ်းတွင် တွေ့ရှိရပြီး ထိုကျမ်းတွင် မီးပန်း၊ ဗြောက် အိုးလုပ်နည်းများ ပါရှိသည်။ အဓိကအားဖြင့် ယမ်းချိန်၊ ကန့်ချိန်၊ မီးသွေးချိန်အမျိုးမျိုးအလိုက် မီးပန်းအမျိုးမျိုးထုတ် လုပ်သော နည်းပေါင်း ခုနစ်ဆယ်ကျော်နှင့် ဗြောက်အိုး၊ ဒုံးကျည်အမျိုး မျိုးလုပ်နည်း ၁၄ မျိုးခန့်ကို ဖော်ပြထားသည်။ ဖော်ပြထားသောနည်း များသည် မင်းရင်ဘုန်းတော်ကြီး၊ အင်တွဲရွာနေခင်ကြီးဇိန၊ တောင် ဘက်မင်းရွာနေ နိဗ္ဗာန်ဘုန်းတော်ကြီးနှင့် အမြင့်မြို့နေ လက်သမားမောင်စံ တို့၏ နည်းများဟုဆိုသည်။
ထိုနည်းများထဲမှ တချို့ကို အောက်ပါအတိုင်းတွေ့ရှိရသည်။
ယမ်း ၂ဝ ကျပ်၊ ကန့် ၂ ကျပ် ၂ မတ်၊ မီးသွေး ၅ ကျပ်၊ သံ ၂ဝ ကျပ် – ကျားမြည် မြောက်မြည်မီးပန်းကြီးဖြစ်၏။ ယမ်း ၂ဝ ကျပ်၊ ကန့် ၁ဝ ကျပ်၊ မီးသွေး ၄ ကျပ်၊ သံ ၂ဝ ကျပ် – မီးပန်းကြီး မိုးပေါက်ဖြစ်၏။ ယမ်း ၈ ကျပ်၊ ကန့် ၁ ကျပ်၊ မီးသွေး ၈ ကျပ်၊ ခဲမ ၃ မတ်၊ သံ ၅၊ မဲနယ် ၁ မူးသည် မီးပန်းကြီးအစိမ်းဖြစ်၏။ ယမ်း ၈ ကျပ်၊ ကန့် ၇ ကျပ်၊ မီးသွေး ၆ ကျပ်၊ သံ ၃ ကျပ် ၅ မူးသည် မီးပန်းကြီး အနီဖြစ်၏။ ယမ်း ၄ ကျပ်၊ ကန့် ၆ ကျပ် ၂ မတ်၊ မီးသွေး ၇ ကျပ်သည် မီးလင်းမြွေပွင့်များဖြစ်၏။ ယမ်း ၄ ကျပ်၊ ကန့် ၁၅ ကျပ်၊ မီးသွေး ၄ဝ ကျပ်သည် မီးလင်းမြွေဖြစ်၏။
ယမ်း ၅ ကျပ်၊ ကန့် ၅ မတ်၊ တံစဉ်းစားသံမှုန့် ၂ မတ်၊ ထမင်း ခြောက်မီးသွေး ၁ ကျပ်သည် ဥပါဖော်နည်းဖြစ်၏။ မီးပိတုန်းဖောက်ရန် လေးချိုးတစ်ချိုးထိပ်ရောက်၊ နံဘေးစူသည် လေးချိုးတစ်ချိုးပင်၊ ယမ်းနေ လေးချိုးတွင်ဖောက်၊ မီးဖြူဖော်ရန်ယမ်း ၂ ကျပ်၊ ကန့် ၂ ကျပ်၊ ဆေးဒန်း ကို အနည်းငယ်ပြွတ်သိပ်ခွေ၍ထည့်။ များလျှင်များ၏ သို့ မီးသွေးကို ဆေးဒန်းကဲ့သို့ ထည့်လိုလျှင်လည်းထည့်။ မထည့်သော်လည်းကောင်း၏။ မီးပိတုန်းဝဲဖောက်နည်းမှာ မီးဖြူဆေးကိုပင် ၂ ရက်မာစေ။ ဖောက်နည်း ကား ၆ ချိုးချိုး။ တစ်ချိုးစီချည်။ ခေါင်း ၁ ခု၊ ခြေ ၂ ခု၊ အတောင် ၂ ခု၊ ခြေမှလှမ်းဟန်၊ အတောင်ကဲ့သို့ ဖောက်ရမည်ဟူ၍ ဖြစ်သည်။
ထို့ကြောင့်ပင် မြန်မာ့စက်မီး၊ စက်ဒုံးများမှာ ဒဏာရီမဟုတ်ကြောင်း သိသာလှသည်။ ရှေးအခါက အနောက်နိုင်ငံများတွင်လည်း စက်မီး၊ စက် ဒုံးများကို စစ်ပွဲများ၌ အသုံးပြုခဲ့ကြသည်။ ရှေးမြန်မာတို့က ယမ်းကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးချတတ်ကြောင်း၊ စက်မီး၊ စက်ဒုံး၊ မီးကျည်၊ စက်ကျည်၊ ဒုံးပျံကြီးများ၊ မီးပျံမီးပန်းများပြုလုပ်သော အတတ်ပညာ Pyrotechnics ၌ လွန်စွာစိတ်ပါဝင်စား ကျွမ်းကျင်ကြကြောင်းကို ကိုယ်တွေ့ မျက်မြင်ဖြစ်ခဲ့သော နိုင်ငံခြားသားတို့က မှတ်ချက်ချခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here