မကြာသေးမီက ကျင်းပခဲ့သော (၄၅) ကြိမ်မြောက် တိုကျိုမော်တော် ယာဉ်ပြပွဲတွင် Niken အမည်ရှိ ထူးထူးခြားခြား သုံးဘီးဆိုင်ကယ် မိုဒယ်ကို Yamaha ကုမ္ပဏီက မိတ် ဆက်ပြသခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် multimatemotorcycling ဝက်ဘ်ဆိုက်က ရေးသား ဖော်ပြခဲ့သည်။
ဂျပန်ဘာသာဖြင့် Ni (နှစ်ခု)၊ Ken (ဓား)တို့ကို ပေါင်းစပ် မှည့်ခေါ် ထားသော အဆိုပါ သုံးဘီးဆိုင်ကယ် မှာ ပုံမှန် သုံးဘီးဆိုင်ကယ်များကဲ့သို့ နောက်ဘက်တွင် ဘီးနှစ်ဘီး တပ်ဆင် ခြင်း မဟုတ်ဘဲ ရှေ့ဘက်သို့ ပြောင်း လဲ တပ်ဆင်ထားခြင်း ဖြစ်သည်။
လူကြိုက်များသည့် MT-09 အောက်ခံပလက်ဖောင်းကို အခြေ ပြုထားသည့် Niken သုံးဘီးဆိုင် ကယ်ရှေ့တွင် ၁၅ လက်မအရွယ်ရှိ ဘီးနှစ်ဘီးအတွက် အပေါ်အောက် ရွေ့လျားနိုင်သော ဖောက် (Fork )နှစ်ချောင်းစီကို သုံးစွဲထားကာ အ ကွေ့အကောက်များသော လမ်းမျိုး ၌ အကောင်းဆုံး မောင်းနှင်နိုင်ရန် Leaning Multi-Wheeler (LMW) နည်းပညာ အသုံးပြုထားကြောင်း Yamaha ကုမ္ပဏီ ဥက္ကဋ္ဌ Hiroyuki က မိတ်ဆက်ပွဲတွင် ရှင်း လင်း ပြောကြားခဲ့သည်။
Niken သည် သုံးဘီးဆိုင်ကယ်ဈေးကွက်အတွင်း အကောင်း ဆုံးထိုးဖောက်နိုင်ရန် စတိုင်လ်ကျ လှပသည့် Yamaha မိုဒယ်ကို တီထွင် ခဲ့ခြင်းဖြစ်ကာ LMW နည်းပညာ၊ ဆလင်ဒါ သုံးလုံးထိုး 900 CC အင်ဂျင်၊ ရှေ့ဘက်တွင် ဖောက်နှစ် ချောင်းစီတပ်ထားသော ဘီးနှစ်ဘီး တို့ကြောင့် လေထန်သော အကွေ့ အကောက်လမ်းများကို တည်ငြိမ်စွာ ကျော်ဖြတ်နိုင်စွမ်းရှိကြောင်း Hiroyuki Yanagi က ဆိုသည်။
Niken သုံးဘီးဆိုင်ကယ်နှင့် ပတ်သက်သည့် အသေးစိတ် အချက် အလက်များကို Yamaha က လတ် တလော မကြေညာသေးဘဲ လာမည့် နိုဝင်ဘာ ၆ ရက်တွင် ပြုလုပ်မည့် မီလန် ဆိုင်ကယ်ပြပွဲတွင်သာ ထုတ် ပြန်သွားမည်ဟု သိရသည်။ ဘီးနှင့် ဖောက်တို့ကို အပိုသုံးစွဲထားသကဲ့သို့ ထုတ်လုပ်ရာတွင် ရှုပ်ထွေးမှု ရှိ သောကြောင့် Niken သုံးဘီးဆိုင်ကယ်တစ်စီးလျှင် ဗြိတိန် ပေါင် စတာလင် တစ်သောင်းမှ ၁၂,ဝ၀ဝ ကြား ပေးရနိုင်ကြောင်း မီဒီယာ အချို့က ကြိုတင်ခန့်မှန်းထားသည်။
Ref :ultimatemotorcycling.com