ရှေ့နေချုပ်ရုံးမှ မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေ(မူကြမ်း) အတည်ပြုပြီးပါက ပုဂ္ဂလိကယာဉ်စစ်လုပ်ငန်း ခွင့်ပြုပေးမည်

301

 

ရန်ကုန်၊ ဇွန်
ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံ ခန့်ခွဲမှုဥပဒေ၏နည်းဥပဒေမူကြမ်းကို ရှေ့နေချုပ်ရုံးထံ တင်ပြထားပြီး နည်းဥပဒေ အတည်ပြုပြီးပါက ပုဂ္ဂလိက ယာဉ် စစ်လုပ်ငန်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မေ ၂၆ ရက်တွင် အတည်ပြုကြေညာခဲ့သော ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် မော် တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အခန်း- ၈၊ ပုဒ်မ (၄၃)တွင် မော်တော်ယာဉ် စစ်ဆေးခြင်း၊ ပုဂ္ဂလိက လုပ်ငန်း လုပ်ကိုင်လိုသူသည် ဦးစီးဌာနသို့သတ်မှတ်ချက်နှင့်အညီ လုပ်ငန်း လိုင်စင် လျှောက်ထားရမည်ဟု ဖော်ပြ ထားသည်။ လက်ရှိတွင် နည်း ဥပဒေကို ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ အချောသပ် ရေးဆွဲပြီးဖြစ်၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံးထံ တင်ပြထားကြောင်း သိရသည်။

“ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေမှာ ယာဉ်စစ်လုပ်ငန်းကို ပုဂ္ဂလိကသ့ို ခွင့်ပြုမယ်ဆိုတဲ့ အ ချက်ပဲ ပါပါတယ်၊ ဒီလုပ်ငန်းအ တွက် လုပ်ကိုင်ခွင့်ရဖို့ ဘယ်လို သတ်မှတ်ချက် ပြည့်စုံရမယ်၊ ဘယ်လိုပုံစံနဲ့ ဌာနကို လျှောက်ထားရ မလဲဆိုတာကတော့ နည်းဥပဒေမှာ အသေးစိတ် ပါဝင်လာမှာ ဖြစ်တဲ့အတွက် နည်းဥပဒေထွက်မှ ခွင့်ပြု ပေးလို့ရမှာပါ၊ ဝန်ကြီးဌာအနေနဲ့ နောက်ဆုံး ရေးဆွဲထားတဲ့ နည်း ဥပဒေကို မူကြမ်းအဖြစ် အချော သပ် ရေးဆွဲပြီးပါပြီ၊ ဒါကို မူကြမ်းအနေနဲ့ ပြည်ထောင်စုရှေ့နေချုပ် ရုံးဆီ တင်ပြထားပါတယ်၊ နည်း ဥပဒေကို ရက်ပေါင်းကိုးဆယ် အတွင်း ထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေတဲ့အတွက် ၂ဝ၂၁ ဘဏ္ဍာနှစ်အစမှာ ထွက်လာမှာပါ၊ ယာဉ်စစ်လုပ်ငန်း ခွင့်ပြုတဲ့အခါ ဘာတွေ လိုအပ်သလဲ၊ နိုင်ငံသား လုပ်ငန်းရှင်ကိုပဲ ခွင့်ပြုမှာလား၊ ဒါမှ မဟုတ် နိုင်ငံခြားကုမ္ပဏီတွေရော ခွင့်ပြုပေးမလားဆိုတာနဲ့ ပတ်သက် ပြီး အသေးစိတ်ပါဝင်လာမှာ ဖြစ်ပါ တယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ကားအစီးရေ များပြားလာခြင်းနှင့် အတူ ဝန်ထမ်းအင်အားနှင့်မမျှခြင်း စက်ကိရိယာနှင့် မြေနေရာများ အ တွက် ဘက်ဂျက် လိုအပ်ချက်များ ရှိခြင်းတို့ကြောင့် မော်တော်ယာဉ် စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိက ထံခွင့်ပြုရန် သတ်မှတ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here