ရှန်ဟိုင်းတွင် စက်ရုံတည်ဆောက်ခွင့်ရရှိရန် Tesla ကုမ္ပဏီ နီးစပ်လာ

524

 

Tesla ကုမ္ပဏီသည် တရုတ်နိုင်ငံ မြို့တော်ရှန်ဟိုင်း၌ စက်ရုံတည် ဆောက်ရန် ဒေသန္တရအစိုးရနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိရာ ယခု နှစ်ကုန်ပိုင်းခန့်တွင် လုပ်ငန်းဆောင် ရွက်ခွင့်ရရှိရန် မျှော်လင့်ထားသည် ဟု ထပ်လောင်းအတည်ပြုခဲ့သော် လည်း အပြီးသတ်သဘောတူညီမှု ရရှိခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ ခြင်း မှန် မမှန်ကိုမူ ထုတ်ဖော်ပြော ကြားခြင်းမရှိကြောင်း အောက်တို ဘာ ၂၄ ရက်တွင် နိုင်ငံတကာ သတင်းမီဒီယာများက ရေးသား ဖော်ပြခဲ့သည်။

တရုတ်အစိုးရသည် ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်များ အပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်း ကြပ်ပြီး ပြည်ပကားထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း နိုင်ငံအတွင်း တစ်ဦးတည်းပိုင်စက်ရုံများ တည် ဆောက်ခွင့်မပြုသဖြင့် ကမ္ဘာ့အကြီး ဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ် နိုင်ငံ၏ ကြီးထွားလျက်ရှိသော လျှပ်စစ်ကားဈေးကွက်တွင် နေရာ ပိုမိုချဲ့ထွင်လိုသည့် Tesla အတွက် အခက်တွေ့စရာ ဖြစ်ခဲ့ရသည်။ နိုင် ငံတွင်း လျှပ်စစ်ကားနှင့် ဟိုက်ဘရစ် ကား တိုးမြှင့်ထုတ်လုပ်မှု အားပေး သည့်အနေဖြင့် သတ်မှတ်ကုန်သွယ် ရေး လွတ်လပ်ဇုန်များတွင်သာ ပြည်ပကားကုမ္ပဏီများကို တစ်ဦး တည်းပိုင်စက်ရုံများ တည်ဆောက် ခွင့်ပေးရန် တရုတ်အစိုးရက စဉ်း စားထားသည်။ Tesla အနေဖြင့် ကုန်သွယ်ရေး လွတ်လပ်ဇုန်တွင် ကားများ ထုတ်လုပ်ပါကလည်း အခွန် ၂၅ ရာခိုင်နှုန်း ဆက်လက် ပေးဆောင်ရဦးမည် ဖြစ်သော်လည်း ထုတ်လုပ်မှုစရိတ် သက်သာဖွယ်ရှိ သည်ဟု ဆိုသည်။ ရှန်ဟိုင်းသည် တရုတ်နိုင်ငံ၏ မော်တော်ကားထုတ် လုပ်မှုမြို့တော်ဟု ခေါ်ဆိုခံရပြီး တန်ဖိုးကြီး ဇိမ်ခံကား အားလုံး အတွက် အရေးပါသော ဈေးကွက် ကြီးလည်း ဖြစ်သည်။ တရုတ် အင် တာနက်ကုမ္ပဏီ Tencent  သည် Tesla ၏ ရှယ်ယာ ၅ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားပြီး တရုတ်ဈေး ကွက်သို့ဝင်ရောက်ရန် ကြိုးစားနေ သည့် Tesla အတွက် အလားအ လာရှိသော မိတ်ဖက်ဖြစ်လာဖွယ် ရှိသည်။

Tesla သည် ကယ်လီဖိုးနီးယား ပြည်နယ်၊ ဖရီးမောင့်ရှိ ကုမ္ပဏီ၏ တစ်ခုတည်းသော စက်ရုံ၌ ထုတ် လုပ်မှုပြဿနာနှင့် ရင်ဆိုင်နေရပြီး ၎င်း၏ ဆီဒန်ကားသစ် Model 3ကို အရှိန်အဟုန်မြှင့် ထုတ်လုပ်နိုင် ရန် ကြိုးပမ်းနေသော်လည်း မျှော် မှန်းထားသည့် အရေအတွက်အထိ ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Ref: Reuters ,Auto News China

LEAVE A REPLY

Please enter your comment!
Please enter your name here