ရှစ်နှစ်အရွယ်    ပြိုင်ပွဲဝင်မိန်းကလေး ကားတိုက်သေဆုံးခဲ့သဖြင့်    သြစတြေးလျသက်ငယ်တန်း ကားမောင်းပြိုင်ပွဲအားလုံး    ပိတ်သိမ်းခဲ့

649

သြစတြေးလျ မြောက်ပိုင်းတွင် ကျင်းပခဲ့သည့် သက်ငယ်တန်း ကားနှစ်စီးမောင်း Drag Racing ပြိုင်ပွဲတွင် အသက်ရှစ်နှစ်အရွယ် ပြိုင်ပွဲဝင် မိန်းကလေးတစ်ဦး သည် အရှိန်မထိန်းနိုင်ဘဲ ကွန် ကရစ် အတားအဆီးအား ဝင် တိုက်မိခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရပြီး သေဆုံးသွားခဲ့သဖြင့် အားကစားဝန်ကြီးက အဆိုပါကား မောင်းပြိုင်ပွဲအားလုံးကို ရပ် ဆိုင်းစေခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြ ခဲ့သည်။

ကားတိုက်မှုကြောင့် သေ ဆုံးခဲ့ရသူ အသက်ရှစ်နှစ်အရွယ် Anita Board သည် ပါ့သ်မြို့ရှိ ပြိုင်ကားမောင်းသမားမိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး ပါ့သ်မြို့ ရှိ Motorplex ကွင်းတွင်ကျင်းပ လျက်ရှိသော ကားနှစ်စီးမောင်း ပြိုင်ပွဲအားလုံးကို ရဲတပ်ဖွဲ့က စုံ စမ်းစစ်ဆေးမှု ပြီးဆုံးချိန်အထိ ရပ်တန့်ထားရန် အားကစားရေးရာဝန်ကြီး Mick Murray  က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သေဆုံးသူ Anita ၏ ဖခင် Lan Board က ကားမောင်းပြိုင်ပွဲများ ထဲတွင် ယခုသက်ငယ်တန်းကား နှစ်စီးမောင်းပြိုင်ပွဲကို ဘေးအ ကင်းဆုံးဟု ယူဆ၍ သမီးဖြစ်သူ အတွက် ရွေးချယ်ပေးခဲ့ခြင်းဖြစ် ကြောင်း ဝမ်းနည်းစွာပြောပြခဲ့ သည်။ ယာယီဝန်ကြီးချုပ် Roger Cook က ကားနှစ်စီးမောင်း ပြိုင်ပွဲဝင်များအတွက် အသက် ကန့်သတ်ချက်ကို ပြန်လည်ပြင် ဆင်သတ်မှတ်သင့်ကြောင်း ပြော ကြားသည်။ သြစတြေးလျတွင် အသက် ရှစ်နှစ်ပြည့်ပြီးသူများအား ကားနှစ်စီးမောင်း ပြိုင်ပွဲ ဝင်လိုပါက တစ်နာရီလျှင် ၉၆ ကီလိုမီတာနှုန်းအထိ မောင်းနှင် ခွင့်ပြုထားသည်။ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်  ကို ကားမောင်းခွင့်ပြုသည့်ကိစ္စ အား အချို့က ပြစ်တင်ဝေဖန်နေ ကြသလို အချို့ကလည်း Anita ကြုံတွေ့ခဲ့ရသည်မှာ မတော်တဆ မှုသာဖြစ်ပြီး သူ နှစ်သက်မြတ် နိုးသည့်အရာကို လုပ်သွားခြင်း သာဖြစ်ကြောင်း လူမှုကွန်ရက် တွင် တုံ့ပြန်ရေးသားခဲ့ကြသည်။ သြစတြေးလျ သက်ငယ်တန်း ကားနှစ်စီးမောင်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ အသက်အရွယ် ကို ရှစ်နှစ်မှ ၁၇ နှစ်အကြား သတ်မှတ်ထားပြီး အတွေ့အကြုံ အပေါ်မူတည်ကာ ကျွမ်းကျင်မှု အလိုက် အဆင့်သုံးဆင့် ခွဲခြား ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

မကြာသေးခင်ကမှ Anita  ၏ မွေးနေ့ကို မိသားစုနှင့်အတူ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပြီးမှ ယခုကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံ တွေ့ခဲ့ရသည့်အတွက်Anita ၏ဖခင်မှာ သမီးငယ် သေဆုံးရမှု အပေါ် အထူးကြေကွဲဝမ်းနည်းလျက်ရှိကြောင်း သမီးဖြစ်သူ၏ ဓာတ်ပုံများနှင့် တကွ ၎င်း၏ Facebook  စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။ Anita ၏ ကား မှာ ကွန်ကရစ်ဘလောက်တုံး အား အရှိန်ပြင်းစွာ ဝင်တိုက်မိခဲ့ ရာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး နောက် Princess Margaret ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

 

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here