ရွာသာကြီးကညနတွင် ယာဉ်မောင်းလိုင်စင် လက်တွေ့ဖြေဆိုခြင်းသာမက ရေးဖြေခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်ရန်စီစဉ်

467

 

ရန်ကုန်၊ ဒီဇင်ဘာ
ကိုဗစ်ကြောင့် ရပ်နားထားရသော ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်း လုပ်ငန်းများကို ရွာသာကြီး ကညနရုံးတွင် ပြန်လည်ပြုလုပ်ရာ၌ ယာဉ် မောင်းလိုင်စင် လက်တွေ့ဖြေဆို ခြင်းသာမက ရေးဖြေ ဖြေဆိုခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်းကိုပါ ဆောင်ရွက်နိုင်ရန်စီစဉ်နေကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ယာဉ်မောင်းလိုင်စင် လုပ် ငန်းတွေပြန်ဖွင့်ရင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်းရော၊ ယာဉ်မောင်းရေးဖြေရော၊ လက် တွေ့ဖြေတာရော ရွာသာကြီးကညနမှာပဲ လုပ်ဆောင်ရမှာပါ၊ အဲဒီအတွက် ညွှန်ကြားထားတာတော့ရှိတယ်၊ ဘယ်ရက်ဖွင့်ဖြစ်မလဲဆိုတာ တော့ ရက်အတိအကျ မသတ်မှတ် ရသေးပါဘူး၊ အဲဒီလုပ်ငန်းတွေ အတွက် အဆောက်အအုံဆောက်လုပ်တာတော့ ပြီးစီးပါပြီ”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်ကယာဉ်မောင်းလိုင်စင် လက်တွေ့ဖြေဆိုခြင်းကို ရွာသာကြီး ကညနတွင် ဖြေဆိုရပြီး ယာဉ်မောင်းလိုင်စင်ရေးဖြေခြင်းကို ရန် ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြင်သာတွင် ဆောင်ရွက်ရခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရွာသာကြီးရုံးခွဲတွင် ယာဉ်မောင်းလိုင်စင် ရေးဖြေနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း သင်တန်းတက်ရောက်ရန်အတွက် အဆောက်အအုံ ဆောက်လုပ်ထားပြီး ဖြစ်သည်။ ယာဉ်မောင်းလိုင်စင် လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရာတွင် Online မှ ကြိုတင်စာရင်း ပေးသွင်းခြင်းစနစ်နှင့် လူဦးရေကန့် သတ်ချက်များ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here