ရွာသာကြီးကညနတွင် ယာဉ်မောင်းလိုင်စင် ဖြေဆိုခြင်းအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းကိုပါ တစ်နေရာတည်း ပေါင်းစည်းဖြေဆိုနိုင်ရန် စီစဉ်နေ

309

 

ရန်ကုန်၊ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန ရုံးခွဲ(ရွာသာကြီး)တွင် ယာဉ်မောင်း လိုင်စင်လက်တွေ့ဖြေဆိုခြင်းအပြင် ရေးဖြေနှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ပညာပေးသင်တန်းပါ တစ်နေရာတည်း ပေါင်းစည်းဖြေဆို နိုင်ရန်အတွက် စီစဉ်နေကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်များ ဖြေ ဆိုရာတွင် လက်တွေ့မောင်းနှင် ဖြေဆိုခြင်းကို (ရွာသာကြီး) ရုံးတွင် ဖြေဆိုရပြီး ယခင်က ယာဉ်စည်း ကမ်းလမ်းစည်းကမ်း တစ်ရက်တာ သင်တန်းနှင့် ယာဉ်မောင်းလိုင်စင် ရေးဖြေ ဖြေဆိုခြင်းကို ရန်ကုန်တိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန (မြင်သာ)ရုံး တွင် ဆောင်ရွက်ကြရသည်။ ထို လုပ်ငန်းစဉ်များကို (ရွာသာကြီး) ရုံးတွင်ဆောက်လုပ်နေသည့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိ ပညာပေးရုံးအဆောက်အအုံ ပြီးစီး ပါက တစ်နေရာတည်း ပေါင်းစည်း ဖြေဆိုနိုင်မည်ဖြစ်ကြောင်း သိရ သည်။

“ဒီရုံးမှာက ယာဉ်မောင်း လက်တွေ့မောင်း ဖြေဆိုတာပဲ ဆောင်ရွက်တာပါ၊ အခု ယာဉ် မောင်းရေးဖြေအတွက်ရော ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း သင် တန်းအတွက်ပါ တစ်နေရာတည်း ဆောင်ရွက်နိုင်ဖို့ အဆောက်အအုံ ဆောက်လုပ်နေပါတယ်၊ အဆောက် အအုံပြီးရင် လုပ်ငန်းစလို့ရပါပြီ၊ သြဂုတ်လမှာ စတင်နိုင်ဖို့ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်း လမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦး စီးဌာနရုံးခွဲ(ရွာသာကြီး)မှ ဦးစီးမှူး ဒေါ်သွင်သွင်ထွေးက ပြောသည်။

ထိုအဆောက်အအုံကို ၂ဝ၁၉ -၂ဝ၂ဝ ဘတ်ဂျက်တွင် စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အအုံပြီးစီးပါက လုပ် ငန်းနေရာ ပြောင်းရွေ့ခြင်းနှင့် စတင်လုပ်ဆောင်နိုင်မည့် နေ့ရက် ကို အသိပေးထုတ်ပြန်မည် ဖြစ် ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here