ရဲအရာရှိများရှိနေသည့်     ရဲကားတစ်စီးထဲ     ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားသူအမျိုးသား     ဖမ်းဆီးခံရ

601

ဖလော်ရီဒါပြည်နယ်ရှိ အမျိုးသားတစ်ဦးသည် ရဲအရာရှိများရှိနေသော ရဲကားတစ်စီး အပါအဝင် အခြားကား အစီးရေ အတော်များများထဲသို့ ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားခဲ့သည့်အတွက် ဖမ်းဆီးခံလိုက်ရကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

လုံခြုံရေးကင်မရာ မှတ်တမ်းများအရ အသက် ၄၉ နှစ်အရွယ်ရှိ Stephen Titland ဆိုသူသည် နှစ်ရက်ဆက်တိုက် ကားခုနစ်စီးကို ဖောက်ထွင်းဝင် ရောက်ရန်ကြိုးစားခဲ့ရာ တစ်စီးမှာ ရဲကားဖြစ်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဖလော်ရီဒါပြည်နယ်၊ Pasco ခရိုင်၊  Trinity Oaks ရှိ Hawbuck လမ်းပေါ်မှ ကားများကို ဖောက်ထွင်းဝင် ရောက်ရန် ကြိုးပမ်းသော်လည်း ကားတံခါးလော့ခ်များ ချထားသည့်အတွက် ၎င်းအနေဖြင့် မည်သည့်ပစ္စည်းမျှ မခိုးယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်ခဲ့သည်။ ထို့နောက် New Port Richey မြို့၊ Murrow လမ်းပေါ်တွင် ရပ်နားထားသော အမှတ်အသားမပါသည့် Pasco ရဲကားတစ်စီးထဲသို့ ဖောက်ထွင်း ဝင်ရောက်ရန် ကြိုးစားခဲ့ချိန်တွင် Titland ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါရဲကားထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ချိန်တွင် ကားထဲ၌ တာဝန်ကျအထူးတပ်ဖွဲ့ မှ အရာရှိများကိုယ်တိုင်ရှိနေခဲ့သဖြင့် ဖောက်ထွင်းသမား Titland အား လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

 

Trinity Oaks တွင် ဖြစ်ပွားခဲ့သည့်အမှုအပါအဝင် ဖောက် ထွင်းရန်ကြိုးပမ်းမှုပေါင်း ခုနစ်မှုကို Titland ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ၎င်းကို ဖောက်ထွင်းရန်ကြိုးပမ်းမှု၊ ခိုးကြောင်ခိုးဝှက်သွားလာ လှုပ်ရှားမှု၊ မော်တော်ကားများထဲ ဖောက်ထွင်းဝင်ရောက်မှုနှင့် ပြစ် ဒဏ်ချခံထားရသည့် ယခင် ဖောက်ထွင်းမှုဟောင်းအတွက် ခြေချုပ်ခံဝန်ချက်အား ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။     Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here