နာမည်ကြီး ချေမှုန်းရေးရိုင်ဖယ် AK – 47 အပါအဝင် စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ရောင်းချနေ သော ရုရှားကုမ္ပဏီ Kalashnikov သည် မတူညီသောထုတ်ကုန်အမျိုး အစားအဖြစ် လျှပ်စစ်ဆိုင်ကယ် စတင် တီထွင်ထုတ်လုပ်နေကြောင်း အောက် တိုဘာ ၂၃ ရက်တွင် newatlas သတင်းဝက်ဘ်ဆိုက်က ရေးသား ဖော်ပြခဲ့သည်။
၁၉၄၉ ခုနှစ်မှ စတင်ကာ ကမ္ဘာတစ်ဝန်းသို့ စစ်လက်နက်များ တင်ပို့ရောင်းချနေသည့် Kalashnikov သည် လတ်တလောတွင် စွမ်းအားမြင့် မော်တော်ဘုတ်၊ လူ မပါဘဲ အဝေးမှ ထိန်းချုပ်မောင်းနှင် ရသောUAV လေယာဉ်၊ UAV လေယာဉ်များကို ပစ်ချနိုင်သည့် လက်နက်၊ အမြောက်တင်ဆုံလည်၊ လေထဲပျံနိုင်သည့် Hoverbike တို့ကိုလည်း တိုးချဲ့ထုတ်လုပ်နေပြီး နောက်ဆုံးအဖြစ် လျှပ်စစ် ဆိုင် ကယ်ပါဝင်လာခြင်း ဖြစ်သည်။
Kalashnikov က ထုတ် လုပ်သည့် လျှပ်စစ်ဆိုင်ကယ်ကို မည်သည့်လမ်းမျိုးတွင်မဆို မောင်း နိုင်ရန် ဖန်တီးထားကာ Analogue အချက်ပြ ဒိုင်ခွက်၊ LCD ဒက်ရှ် ဘုတ်၊ လူနှစ်ယောက်စီး ထိုင်ခုံ၊ မတော်တဆ မှောက်ပါက အင်ဂျင် နှင့် အခြားအစိတ်အပိုင်းများ မထိ ခိုက်ရန် တပ်ထားသည့် Cash Bars တို့ပါသော ရိုးရိုးပုံစံမျိုးဖြစ်ပြီး စမတ်ဖုန်းသုံးနိုင်သော အဆင့်မြင့် နည်းပညာပိုင်းများ မပါကြောင်း သိရသည်။ လမ်းကြမ်းများ မောင်း နိုင်ရန် အနောက်ဘက်တွင် ရှော့ ဘားနှစ်ချောင်း တပ်ထားသော Kalashnikov လျှပ်စစ်ဆိုင်ကယ် ကို ရုရှားရဲနှင့် စစ်တပ်သုံးရန်အတွက် နှစ်မျိုးနှစ်စား ခွဲခြား ထုတ်လုပ်သွား မည်ဖြစ်သည်။ ဈေးနှုန်းနှင့် အခြား အချက်အလက်များကို Kalashnikov က ထုတ်ဖော်မကြေညာ သေးသော်လည်း စစ်တပ်သုံး ဆိုင် ကယ်မှာ Dirt Bike မိုဒယ်ပုံစံဖြစ် ကာ လက်ကိုင်ပေါ်တွင် AK-47 တစ်လက် တင်နိုင်သော စင်ပါပြီး တစ်ကြိမ် အားအပြည့်သွင်းထား ပါက ကီလိုမီတာတစ်ရာခရီး မောင်း နိုင်မည်ဖြစ်သည်။ ကီလိုမီတာ ၁၅၀ အထိ မောင်းနိုင်သော ရဲတပ်ဖွဲ့သုံး ဆိုင်ကယ်မှာ Supermoto -Style Bike မိုဒယ်မျိုးဖြစ်ပြီး ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ သုံးစွဲဖို့အ တွက် ပထမဆုံးအစီးရေ ငါးဆယ် စတင်ထုတ်လုပ်သွားရန် Kalashnikov က စီစဉ်ထားသည်။
Ref: Newatlas.com