ရောင်းကားများထွက်ပြီး အ၀ယ်လိုက်လာခြင်းကြောင့် ပြန်လည်လှုပ်ခတ်လာသည့် အောက်တိုဘာလကားဈေးကွက်

821
Page(Test)

အောက်တိုဘာ လလယ်ရက်များတွင် နယ်အ၀ယ်များ ပြန်ဆင်းလာပြီး ၁၃၀၀ စီစီကားများနှင့်အတူ ၀င်​ငွေခွန်နှင့် စလစ်​ဈေးသက်သာမှု​ကြောင့် အမြင့်ကားများလည်း အရောင်းအ၀ယ် ပြန်လိုက်လာသည်။ အ၀ယ်အများ စုကြိုက်နှစ်သက်သည့် နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင် ၁၃၀၀ စီစီ ကားတချို့မှာ ယခင်တက်ဈေးများမှ ပြန်ချရောင်းလာသောကြောင့် ဈေးအနည်းငယ် ကျဆင်းသွားပြီး ကျပ်သိန်း တစ်​ထောင်နှင့်အထက် ကားများလည်း အ၀ယ်ပြန်လိုက်လာသည်။ ရန်ကုန်အ၀ယ်တင်မက နယ် အ၀ယ်ပါ ပြန်ဆင်းလာသောကြောင့် နယ်လိုင်စင်ကားလည်း အ၀ယ်ပြန် လိုက်လာသည်။ ၀င်ငွေခွန်နှုန်းထားများ လျှော့ပေါ့ပေးလိုက်သဖြင့် ပြည် တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် SKD ကားများမှာ ၀ယ်လိုအား​ကောင်း လာသလို CBU ဖြင့် တင်သွင်းထားသော Brand New ကားများလည်း အ၀ယ်ပြန်လိုက်လာသည်။

”ဒီရက်ပိုင်းမှာ နယ်အ၀ယ်တွေ ပြန်ဆင်းလာပါတယ်၊ အ၀ယ်တွေ ဆင်းလာတဲ့အတွက် ၁၃၀၀ စီစီ ကားတွေတင်မက အမြင့်ကားတွေလည်း အရောင်းအ၀ယ် ဖြစ်လာပါတယ်၊ ကျပ်သိန်း ၁၅၀ ကနေ သုံးရာကြားမှာ ရှိတဲ့ နံပါတ်ထွက်ပြီးသား ညာမောင်းကားတွေထဲက နယ်လိုင်စင်ရော ရန်ကုန်လိုင်စင်ကားတွေပါ ရောင်းရပါတယ်၊ ၀င်ငွေခွန်​​ ဖြေ​လျှော့​ပေးလိုက် တဲ့အတွက် ကားသစ်ဈေးကွက်ကတော့ အရင်လ​တွေထက် ပိုပြီး ကောင်း လာပါတယ်၊ ၀င်​ငွေခွန် သက်သာသွားတဲ့အတွက် ညာမောင်းအမြင့်ကား​တွေလည်း အ၀ယ်ပြန်လိုက်လာပါတယ်၊​ နောက်ပြီး ပွင့်လင်းရာသီရောက် လာလို့ ခရီးသွားလုပ်ငန်းတွေနဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း​တွေမှာ တိုးချဲ့ဖို့အတွက် လုပ်ငန်းသုံးကားတွေ အရောင်းအ၀ယ် ဖြစ်ပါတယ်”” ဟု ‘JPM ကားအရောင်းစင်တာ’မှ ဒါရိုက်တာ ကိုထိန်လင်းအောင်က ဆိုသည်။

ငွေလှည့်ချင်သူများနှင့် ကားတစ်စီးကို အကြာကြီး မကိုင်ထားချင်သည့် ၀ယ်/ရောင်းများက ဂျပန်ညာမောင်းကားအချို့ကို ဈေးချရောင်းလာကြ သဖြင့် ကားဈေးများ အနည်းငယ် ဆင်းသွားခဲ့သည်။ ကားအချို့ ဈေး အနည်းငယ် ကျဆင်းသွားသလို ရောင်းကားများလည်း ထွက်လာပြီး Mazda Demio ၂၀၀၈ မိုဒယ်ကို ကျပ်သိန်း ၁၆၀ ၀န်းကျင်၊ Toyota Vitz ၂၀၁၁ မိုဒယ်ကို ကျပ်သိန်း ၁၉၀ ၀န်းကျင်၊ Toyota Probox ၂၀၀၇/၂၀၀၈ မိုဒယ်ကို ကျပ်သိန်း ၁၆၀ ၀န်းကျင်၊ Honda Fit ၂၀၀၈ မိုဒယ်(အဖြူရောင်) ကျပ် ၁၈၅ သိန်း၀န်းကျင်တွင် အရောင်းအ၀ယ် ဖြစ်နေသည်။ အမြင့်ကားများထဲတွင် Toyota Crown ၂၀၀၄ မိုဒယ်ကို ကျပ်သိန်း ၃၉၀ ၀န်းကျင်၊ Honda CR-V ၂၀၀၆ မိုဒယ်ကို ကျပ် ၃၈၅ သိန်း ၀န်းကျင်၊ Toyota Kluger ၂၀၀၆ မိုဒယ်ကို ကျပ်သိန်း ၄၈၀ ၀န်းကျင်၊ Toyota Alphard၂၀၀၄ မိုဒယ်ကို ကျပ်သိန်း ငါးရာ၀န်းကျင် နှင့် ွှToyota Vanguard ၂၀၁၀ မိုဒယ်ကို ကျပ် ၆၄၅ သိန်း၀န်းကျင် ပေါက်ဈေးရှိနေသည်။ တက္ကစီများထဲတွင် နယ်လိုင်စင် Toyota Probox ၊ Toyota Fielder ၊ Nissan AD Van တို့မှာ အ၀ယ်အေးသောကြောင့် ဈေးအနည်းငယ် ပြန်ကျသွားသည်။ ရာသက်ပန် ကုမ္ပဏီအမည်ပေါက် တက္ကစီများကို အခွန်ပေးဆောင်စေပြီး လူအမည်ပေါက် ပြောင်းလဲခွင့် ပေးမည်ဟု သတင်းများ ထွက်ပေါ်နေကာ ထိုကိစ္စကို အကောင်အထည် ဖော် ဆောင်ရွက်ပါက တက္ကစီများလည်း အရောင်းအ၀ယ် ပြန်ကောင်းလာ မည် ဖြစ်သည်။

“”ဒီရက်ပိုင်းမှာ အရောင်းအ၀ယ်တွေ ပြန်လိုက်လာပါတယ်၊ ဈေး ကွက်အကြိုက်ဖြစ်တဲ့ Honda Fit ၊ Fit Shuttle ၊ Toyota Axio ၊ Toyota Vitz ၊ Toyota Probox ၊ Fit GK3 နဲ့ ၆၆၀ စီစီ ပစ်ကပ်လေး တွေ ရောင်းရပါတယ်၊ ကားသစ်တွေထဲမှာ Toyota ၊ Nissan ၊ Changhe ၊ Brilliance ၊ Borgward နဲ့ Soueast တို့လည်း အ၀ယ်လိုက်လာပါတယ်။ ဘဏ်စနစ် အားကောင်းလာတဲ့အတွက် အရစ်ကျစနစ်နဲ့ ၀ယ်တဲ့သူ ပိုများ လာပါတယ်၊ ဒီရက်ပိုင်းမှာ နယ်အ၀ယ်နဲ့ ရန်ကုန်အ၀ယ် မျှပါတယ်၊ ဒူဘိုင်းဘက်က​နေသွင်းတဲ့ အမြင့်ကား​တွေလည်း အ၀ယ်လိုက်ပါတယ်”ဟု ‘မင်းမြန်မာချစ်ခန့်မိသားစု ကုမ္ပဏီလီမိတက်’မှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းဇော်ဖေက ဆိုသည်။

၀င်ငွေခွန် လျှော့ချလိုက်ခြင်းကြောင့် ကားသစ်ဈေးများ ကျဆင်းသွား သလို ကျပ်သိန်း တစ်ထောင်နှင့်အောက်ကို ၃ ရာခိုင်နှုန်းသာ ပေးဆောင် ရမည်ဖြစ်၍ ဂျပန်ညာမောင်းကားများလည်း အရောင်းအ၀ယ် ပိုဖြစ်လာ သည်။ ဖောက်စွပ်/ဖြတ်ဆက်ကားများ အပ်နှံခွင့်ပေးပြီး စလစ်ထုတ်ပေး ခြင်းကြောင့်လည်း စလစ်ဈေးများ ကျပ် ၁၀ သိန်းကျော် ကျဆင်းသွားကာ Brand New ကားများနှင့် Consignment လက်ကျန် ဂျပန် ညာမောင်း အမြင့်ကားများလည်း အရောင်းအ၀ယ် ပြန်ဖြစ်လာသည်။

”ယာဉ်ရောင်း၀ယ်ရေးစခန်းတွေမှာ ၁၃၀၀ စီစီ​တွေ​နဲ့ အမြင့်ကား​တွေပါ အ၀ယ်ပြန်လိုက်လာပါတယ်၊ ရောင်းကားတွေ ထွက်လာပေမဲ့လည်း တချို့အ၀ယ်တွေက ဈေးကျဦးမလားဆိုပြီး စောင့်ကြည့်နေကြတဲ့အတွက် ထင်ထားသလောက်တော့ အရောင်းအ၀ယ် မဖြစ်ပါဘူး၊ တချို့ငွေပေါ် ချင်တဲ့သူတွေကတော့ တက်ဈေးနဲ့ ၀ယ်ထားပြီး ဈေးချရောင်းတာမျိုး လည်း ရှိပါတယ်၊ Fit Shuttle ၊ Vitz ၊ Ertiga Type 2 နဲ့ Ertiga Type 3 ရောင်းကားလေးတွေလည်း ထွက်လာတာ တွေ့ရပါတယ်”ဟု ကား၀ယ်/ ရောင်း ကိုကြည်လင်းက ပြောသည်။

ဖောက်စွပ်/ဖြတ်ဆက်ကားများ စလစ်ထုတ်ပေးပြီးနောက်ပိုင်းတွင် စလစ်ဈေး သိသိသာသာ ကျဆင်းသွားပြီး ရန်ကုန်လိုင်စင် သက်တမ်းနှစ် နှစ်ဆယ်စလစ် ကျပ်သိန်း ၁၃၀ ၀န်းကျင်၊ တိုက်ကြေစလစ် ကျပ် ၁၁၈ သိန်း၀န်းကျင် ပေါက်ဈေးရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here