ရောက်ရှိအက္ခရာမှ တတိယမြောက် အက္ခရာအထိသာ ရွေးချယ်ဝယ်ယူခွင့်ပြုပြီးနောက်ပိုင်း ယာဉ်ပိုင်ရှင်စိတ်ကြိုက်နံပါတ်ရောင်းချမှု လျော့နည်းသွား

597

ရန်ကုန်၊ ဇူလိုင် ၂၄
ရောက်ရှိအက္ခရာမှ တတိယမြောက် အက္ခရာအထိသာ ရွေးချယ်ဝယ်ယူ ခွင့်ပြုပြီး နောက်ပိုင်းတွင် ယာဉ်ပိုင် ရှင် စိတ်ကြိုက်နံပါတ် ရောင်းချမှု လျော့နည်းသွားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီး ဌာန၊ ကနဦးမှတ်ပုံတင်ဌာနမှ သိ ရသည်။
စိတ်ကြိုက်နံပါတ် ရွေးချယ် ဝယ်ယူရာတွင် ရောက်ရှိအက္ခရာမှ တတိယမြောက် အက္ခရာအထိသာ ဝယ်ယူခွင့်ရမည်ဖြစ်ပြီး ဥပမာ ရောက်ရှိအက္ခရာသည် 9P ဖြစ် ပါက 2Q အထိသာ ရွေးချယ်ဝယ် ယူခွင့်ရမည် ဖြစ်သည်။ ရောက်ရှိ အက္ခရာမှ တတိယမြောက်အက္ခရာ ထက် ကျော်လွန်ပြီး ဝယ်ယူလိုပါက ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွန်ကြားရေးမှူးချုပ်တို့ထံ သို့ လျှောက်ထားရမည်ဖြစ်သည်။
‘‘ယာဉ်ပိုင်ရှင်တွေ အနေနဲ့ စိတ်ကြိုက်နံပါတ် ရွေးချယ်ဝယ်ယူ တဲ့အခါမှာ ရောက်ရှိအက္ခရာကနေ တတိယမြောက် အက္ခရာအထိပဲ ဝယ်ယူခွင့်ရမှာဖြစ်ပါတယ်၊ တတိယ မြောက်အက္ခရာ ကျော်လွန်ပြီး ဝယ်ယူလိုတယ်ဆိုရင်တော့ ကညန ညွန်ချုပ်နဲ့ ဒုညွန်ချုပ်တို့ဆီ တင်ပြ ရမှာ ဖြစ်ပါတယ်၊ စိတ်ကြိုက်နံပါတ် ရွေးချယ် ဝယ်ယူရာမှာလည်း ငွေ ပေးသွင်းပြီးမှသာ ဝယ်ယူခွင့်ပြုမှာ ဖြစ်ပါတယ်၊ ရောက်ရှိအက္ခရာမှ တတိယမြောက် အက္ခရာအထိပဲ ရွေးချယ်ဝယ်ယူခွင့်ပြုတဲ့ နောက် ပိုင်းမှာ နံပါတ်ဝယ်ယူမှုလျော့နည်း သွားပါတယ်၊ တစ်ရက်ကို အစီးသုံး ဆယ်ကနေ ၁ဝ စီးဝန်းကျင်သာ ဝယ်ယူမှုရှိပါတယ်’’ဟု ထောက် ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
ယာဉ်ပိုင်ရှင်စိတ်ကြိုက် နံပါတ်များ ရွေးချယ်ဝယ်ယူရာတွင် ဝယ်ယူခဲ့သည့် အက္ခရာရောက်ရှိမှ သာ မှတ်ပုံတင်ပြုလုပ်၍ ဖောင်း ကြွနံပါတ်ပြားရရှိမှသာ တရားဝင် မောင်းနှင် အသုံးပြုရမည် ဖြစ် ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here