ရေပက်ခံကားအငှားစျေးကွက် မြင့်တက်လာဖွယ်ရှိနေသည့် လမ်းလျှောက်သကြင်္န်၊ တောသကြင်္န်နှင့် မြန်မာမှု မန္တလေးသကြင်္န်

1061

”သကြင်္န်ဆို ကျုံးပတ်လည်က ကားကျပ်တာရော၊သကြင်္န်ပြီးကား ပြန်ပြင်ရတာနဲ့ ကားအငှားမလိုက်တော့ဘူးလို့ဆုံးဖြတ်ထားတာ ဒီနှစ် မန္တလေးသကြင်္န်က စိတ်ဝင်စားစရာကောင်းတော့ ယာဉ်ကြောကြပ်တာနည်းသွားနိုင်လို့ ကားမောင်းပြန်လိုက်ရမလားလို့စဉ်းစားထားတယ်၊ ဒါပေမယ့် ရေပက်ခံကားအငှားစျေးကွက်က မြင့်လာနိုင်တယ်”ဟု နှစ်စဉ် သကြင်္န် ပွဲတော်ကာလရောက်တိုင်း ရေပက်ခံကားအငှားလိုက်နေသူ မန္တလေးမြို့ခံ ကိုမြင့်လှိုင်က ၎င်း၏ စဉ်းစားတွေးတောနေမှုကိုဆိုလာသည်။

နှစ်စဉ်မြန်မာရိုးရာသကြင်္န်ပွဲတော်ကာလရောက်တိုင်း ရုံးပိတ်ရက် ကြာရှည်မှုကြောင့် ကုန်စည်စျေးနှုန်း၊ ဓာတ်ဆီ၊ ဒီဇယ်စက်သုံးဆီစျေးနှုန်းမြင့်တက်လေ့ရှိသောကြောင့် ယခုနှစ်သကြင်္န်ပွဲတော်ကာလတွင်လည်း ရေပက်ခံကားအငှားစျေးကွက်မြင့်လာနိုင်ခြင်းကြောင်း ကိုမြင့်လှိုင်က သုံးသပ်ခြင်းဖြစ်သည်။ ယခင်နှစ်များက သကြင်္န်ပွဲတော်မရောက်မီ စက်သုံးဆီစျေးနှုန်းမှာ ယခုနှစ်ကဲ့သို့တက်ခြင်းမရှိသဖြင့် လွန်ခဲ့သည့် ၃ နှစ် တောက်လျှောက် ရေပက်ခံကားအငှားစျေးကွက်မှာလည်း မပြောင်းလဲဘဲ တစ်ပြေးညီဖြစ်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်မှစ၍ ယခုနှစ်ထိတိုင် စက်သုံးဆီ စျေးနှုန်းထိုးတက်လာသည့်အပြင် မန္တလေးစက်မှုဇုန်ထုတ် Light Truck နှင့်ဂျစ်ကားများရှားပါးလာမှုကလည်း ကားခနှုန်းထားများ စျေးတက်စေရန်ဖိတ်ခေါ်မှုဖြစ်စေသည်။

”သကြင်္န်မှာ ဘယ်သူမဆိုကားအကောင်းနဲ့လျှောက်မလည်ဘူး၊ သကြင်္န်တွင်းမှာ တစ်ခုခုတိုက်မှုဖြစ်ရင်အလျော်မရဘူး၊ အလျော်မရတဲ့ အတူတူ ရန်ဖြစ်ကြတာများတော့ လုပ်ငန်းရှင်တွေကသကြင်္န်တွင်းဆို စီးဖြစ်ရုံကားလောက်နဲ့ပဲ အငှားလိုက်ကြတယ်၊ ဒီနှစ်တစ်ခုဆိုးတာက ဇုန်ထုတ်ကားတွေက ရှားသွားပြီ၊ဆီစျေးကလည်းတက်နဲ့မနှစ်ကထက် တစ်ရက်ကားငှားခ သုံးသောင်းလောက် စျေးတက်လာနိုင်တယ်”ဟု ကိုမြင့်လှိုင် က ဆိုသည်။

ယခင်နှစ်များက သကြင်္န်ပွဲတော်ကာလအတွင်း တစ်ရက်လည်ပတ် ပါက Light Truck ကားတစ်စီးလျှင် ကျပ် ၁၅ဝ,ဝဝဝ၊ ဂျစ်ကား ကျပ် ၁၂ဝ,ဝဝဝ စသော နှုန်းများ ပေါက်ခဲ့သော်လည်း ယခုနှစ်တွင်ကျပ် သုံးသောင်းခန့် ပိုလာနိုင်ကာ လမ်းလျှောက်သကြင်္န်အပြင် တောသကြင်္န်ပါ ထည့်သွင်း၍ သံချပ်ပြိုင်ပွဲများအပါအဝင် မြန်မာရိုးရာသကြင်္န်ပုံဖော်မည် ဖြစ်သောကြောင့် လည်ပတ်သူဦးရေပိုမိုများပြားလာနိုင်သည်ဟုလည်း ကားအငှားလုပ်ငန်းရှင်အချို့က ခန့်မှန်းထားကြသည်။

”မြန်မာရိုးရာသကြင်္န်ပုံဖော်မှာရော မြို့ထဲမှာမ@ပ်တွေခွင့်ပြုပေးမှာရောဆိုတော့ မန္တလေးကျုံးဘေးမှာ ယာဉ်ကြောကြပ်တည်းမှုနည်းလာနိုင်တယ်၊ ဒီနှစ် အရင်နှစ်တွေနဲ့မတူတဲ့ အရင်ခေတ်ကသကြင်္န်ပုံစံတွေရော ပုံဖော်ထားတော့ အခြားမြို့တွေထက်ကိုတော်တော်လေးထူးခြားနေတယ် ဒီတော့၊ သကြင်္န်တွင်းခရီးသွားဝင်ရောက်မှုရော၊ လည်ပတ်တဲ့သူရော အရင်နှစ်ထက်ကို မန္တလေးသကြင်္န်မှာ ပိုများလာနိုင်တယ်။ ခရီးသွားဝင်ရောက်မှုများပေမယ့် ကားအဟောင်းတွေကတစ်ဖြည်းဖြည်းနည်းလာပြီ ဖြစ်လို့ ရေပက်ခံကားအငှားလိုက်သူလည်း နည်းလာမယ်၊ ကားခလည်း စျေးတက်လာနိုင်တယ်”မန္တလေးမြို့ခံ ကားအငှားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သို့သော် အချို့စီးပွားရှာသူအချို့ကမူ စီးဖြစ်ရုံသွားလာနိုင်ရုံ ကားများကိုပြင်ဆင်၍ သကြင်္န်တွင်းသီးသန့်ကားအငှားလိုက်သူများလည်း ရှိသကဲ့သို့ Without ကားများဖြင့် ကားအငှားလိုက်သူများလည်းရှိကြောင်း မန္တလေးမြို့ခံများထံမှသိရသည်။ သကြင်္န်ပွဲတော်ကာလတွင် ရေပက်ခံလည်ရင်းကားပျက်စီးနိုင်ခြေများမှုကြောင့် စီးဖြစ်ရုံကားများဖြင့် လည်ပတ်ခြင်းမှာ လုပ်ငန်းရှင်များအတွက် အဆင်ပြေစေသော်လည်း တစ်ဖက်တွင်လည်းယာဉ်အန္တရာယ်များပြားလှသည်။ ယခင်နှစ်က စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ယာဉ်ကြံ့ခိုင်မှုအားနည်းသောယာဉ်များကိုသကြင်္န်မတိုင်မီ ၃ ရက်ကြိုတင်၍ စစ်ဆေးကြပ်မတ်မှု များရှိခဲ့သော်လည်းယခုနှစ်တွင် မည်သို့လုပ်ဆောင်မည်ကို လတ်တစ်လောအခြေအနေထိ မသိရသေးပေ။ သို့သော် ရေပက်ခံကားတစ်စီးလျှင် မည်သည့်ကားမဆို အနည်းဆုံး ၁၅ ဦးမှ ဦး ၃ဝ ကျော်အထိ တင်ဆောင်ကြသဖြင့် ကားမတော်တဆ ချို့ယွင်းသွားပါက လူဦးရေများစွာ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးနိုင်သဖြင့် ဧပြီလဆန်းပိုင်းကတည်းက ကြံ့ ခိုင်မှုအားနည်းသောယာဉ်များကို မန္တလေးတိုင်းအပါအဝင် မြန်မာတစ်နိုင်ငံလုံး စစ်ဆေးကြပ်မတ်သင့်ကြောင်း မန္တလေးမြို့ခံအချို့က ထောက်ပြသည်။

”ရေပက်ခံကားတစ်စီး စက်ချို့ယွင်းပြီး တိုက်မိလိုက်တာ ကားမှောက်တာဖြစ်ပြီဆိုရင်လိုက်ပါလာတဲ့သူတွေ ဒဏ်ရာရတာ သေဆုံးတာတွေဖြစ်နိုင်တဲ့အတွက်စီးဖြစ်ရုံကားတွေနဲ့ မလည်သင့်ဘူး၊ ရေပက်ခံလည်မယ့် လူငယ်တွေကလည်းကားငှားလိုက်လို့ ငှားမယ့်ကားကကောင်းလား မကောင်းဘူးလားဆိုတာလည်း ထည့်စဉ်းစားရမယ်၊ မန္တလေးမှာလည်း သကြင်္န်မတိုင်မီ ယာဉ်ကြံ့ခိုင်မှုအားနည်းတဲ့ယာဉ်တွေကို ကြပ်မတ်အရေးယူစေချင်တယ်၊ ကောင်းတာကသကြင်္န်တွင်းဆို ယာဉ်အိုယာဉ်ဟောင်းတွေ ထော်လာဂျီယာဉ်တွေ Without ကားတွေနဲ့ လည်ပတ်တာမရှိအောင် သေချာကြပ်မတ်ဖို့လိုတယ်”ဟု မန္တလေးမြို့ခံကိုနိုင်ဝင်းထွန်းက ဝေဖန်ထောက်ပြသည်။

သို့သော် လုံခြုံရေးရဲအင်အား၊ ယာဉ်ထိန်းရဲအင်အားနည်းပါးမှုကလည်း သကြင်္န်ပွဲတော်ကာလတွင် ယာဉ်လိုင်စင်၊ယာဉ်ကြံ့ခိုင်မှုနှင့်မော် တော်ယာဉ်ဥပဒေနှင့်မလွတ်ကင်းသောပြစ်ချက်မှန်သမျှ ကြပ်မတ်ရန်လည်း မလွယ်ကူလှပေ၊ မည်သို့ပင်ဆိုစေမြန်မာနိုင်ငံ၏ မြန်မာမင်းများအခြေချခဲ့ရာ ယဉ်ကျေးမှုမြို့တော်ဟုတင်စားကြသော မန္တလေးမြို့တော်တွင် ယခုနှစ် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် မဟာသကြင်္န်ပွဲတော်ကာလကို မြန်မာရိုးရာသကြင်္န်အဖြစ်ပုံဖော်ရန် မန္တလေးတိုင်းအစိုးရအဖွဲ့ကစိုင်းပြင်းလျက်ရှိပေသည်။ ယခင်ကရေဖြုန်း၊ ငွေဖြုန်း၊ စီးပွားဖြစ်သကြင်္န်ဟုနာမည်ကြီးခဲ့သော မန္တလေးမြို့တော်သကြင်္န်ကို ယခင်နှစ်မှစ၍ မြန်မာရိုးရာသကြင်္န် စစ်စစ်အဖြစ် ပြန်လည်မြင်တွေ့လာခဲ့ကြရာ ယခုနှစ်တွင်လမ်းလျှောက်သ ကြင်္န်အပြင် တောသကြင်္န်ညစျေးနှင့် သံချပ်ပြိုင်ပွဲများပါထည့်သွင်းထားခြင်းကြောင့် ပိုမိုစည်ကားဖို့ သေချာလုနီးပါး ဖြစ်နေသည်။

”သကြင်္န်အကြိုနေ့မှာ မြို့တော်မဟာသကြင်္န်မ@ပ်ရှေ့မှာပဲ မန္တလေး ရဲ့ဂုဏ်ဆောင်မြို့မအလှပြယာဉ်နဲ့အတူ ဖွင့်လှစ်သွားမယ်၊ အဓိက အရင်ခေတ်တုန်းကလို မြန်မာရိုးရာသကြင်္န်စစ်စစ်ပုံဖော်နိုင်အောင် လုပ်ဆောင်သွားမယ်၊ မန္တလေးကယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့အတွက် မြန်မာရိုးရာပုံရိပ်တွေကိုဦးစားပေးပုံဖော်မယ်”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ကော်မတီဝင်တစ်ဦးဖြစ်သူ စာရေးဆရာကျော်ရင်မြင့်က ပြောကြားထားသည်။

မြန်မာရိုးရာသကြင်္န်ပုံဖော်မှုကို လူကြီးသူမအများစုက နှစ်သစ်ကြသော်လည်း လူငယ်များအတွက် ခေတ်ပေါ်သကြင်္န်ပျော်ရွှင်ဖွယ်သကြင်္န်ပျောက်ကွယ်သွားမည့်အရေးကိုစိုးရိမ်ကြသူများလည်းရှိသည်။

”မြန်မာ့ရိုးရာသကြင်္န်ပုံဖော်လိုက်လို့ လူငယ်တွေအတွက် ခေတ်ပေါ် သကြင်္န်မပျောက်ကွယ်အောင်လည်း လူငယ်သကြင်္န်သီးသန့်ဖန်တီးပေးဖို့ စီစဉ်ထားပါတယ်၊ကျုံးတောင်ဖက်ခြမ်းမှာ မြန်မာရိုးရာသကြင်္န်ပုံဖော်မယ်၊ မနော်ရမ္မံကွင်းဖက်မှာ လူငယ်သကြင်္န်ပုံဖော်မယ်”ဟု ၎င်းကထပ်မံဆိုသည်။

မန္တလေးမြို့တော်တွင်ယခုနှစ်၌ သကြင်္န်မ@ပ်များကို ကျုံးလေးဖက် ပတ်လည်ချထားပေးခြင်းမဟုတ်ဘဲ ကျုံးအရှေ့ဖက် ၆၆ လမ်း(၁၉လမ်းမှ ၂၅ လမ်းအတွင်း)တွင် တောသကြင်္န်ညစျေး၊၂၆လမ်းမြောက်ဖက် ပေ၄၅ဝ အထိ နေ့ညစျေးဆိုင်တန်းများ၊ ၁၂ လမ်းမှ လမ်း ၂ဝကြားတွင် ရေကစား မ@ပ်များနှင့် လမ်းလျှောက်သကြင်္န်ကို ကျုံးတောင်ဖက်ခြမ်း ၂၆ လမ်း တစ်လျှောက် (၆၆ လမ်းမှ ၇၈လမ်းကြား)တွင် နေရာပေးထား၍နိုင်ငံခြားခရီးသွားလုပ်ငန်းရှင်များအသင်းကို ၂၆လမ်း (၆၆လမ်းနှင့်၆၉လမ်းကြား)တွင်လည်းကောင်း၊ ကျုံးမြောက်ဖက်ခြမ်းတွင် ရေကစားမ@ပ်များ ကိုလည်းကောင်း၊ ကျုံးအနောက်ဖက်ခြမ်းတွင်မိသားစုရေစုပ်စက်များ နှင့် ရေကစားမ@ပ်များကိုလည်းကောင်း စသည်ဖြင့် အသီးသီး နေရာသတ်မှတ်ပေးထားကာ မြို့တွင်းရပ်ကွက်များ၊ ကန်တော်ကြီးအနီးတဝိုက်နှင့် မနော်ရမ္မံကွင်းတွင် လူငယ်များအတွက်ရေကစားနိုင်ရန် နေရာများကိုခွင့်ပြုပေးသွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကထုတ်ပြန်ထားသည်။

”နိုင်ငံခြားသားခရီးသွားတွေ ဆွဲဆောင်နိုင်အောင် မြန်မာရိုးရာ သကြင်္န်ပုံဖော်နိုင်အောင်လို့ ကျုံးတောင်ဖက်ခြမ်းကို ယာဉ်ဝင်ခွင့်ကန့်သတ်ပြီး လမ်းလျှောက်သကြင်္န်လုပ်သွားမယ်၊ကျုံးတောင်ဖက်ခြမ်းမှာ စတုဒီတာကျွေးတာတွေပါမယ်၊တိုင်းရင်းသားအကမျိုးစုံပါမယ်၊ ရေပက်တာကစ မြန်မာမှုပုံစံ ရေခွက်တွေနဲ့ပဲ ပက်ရမယ်”မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း(မန္တလေးဇုန်)မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ ပျောက်ကွယ်နေခဲ့သောမြန်မာရိုးရာသကြင်္န်သည် နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်မည်လား ကားအငှားစျေးကွက်ကို ထိန်းချုပ်နိုင်မည်လား မေးခွန်းများကိုတော့ သကြင်္န်ပွဲတော်အပြီးထိ စောင့်ကြည့်ဦးမည်ဖြစ်သည်။ သကြင်္န်ပွဲတော်တိုင်း ယာဉ်အန္တရာယ်ကင်းပါက စီးဖြစ်ရုံကားများသာမက ကားကောင်းများဖြင့်ပါ ရေပက်ခံလည်ပတ်ကြမည်ဖြစ်ရာ ကားအငှားလိုက်သူရှားပါးမှုနှင့် ကားအငှားစျေးမြင့်တက်မှုလည်း ကြုံတွေ့နိုင်စရာမရှိပေ။ ထိုသို့ယာဉ်အန္တရာယ်ကင်းကင်းဖြင့် မြန်မာမှု သကြင်္န်ပုံဖော်နိုင်ပါက နိုင်ငံခြားသားဝင်ရောက်မှုများမှ ဝင်ငွေပိုမိုရရှိနိုင်ပြီး နိုင်ငံသားတိုင်းအတွက်လည်း မြန်မာနှစ်သစ်ကူးတွင် စိတ်ချမ်းသာကိုယ် ချမ်းသာဖြင့် လည်ပတ်၍ ကုသိုလ်ရရှိနိုင်မည်ဖြစ်သည်။

ယာဉ်အိုယာဉ်ဟောင်းများအသုံးပြု၍ ရေပက်ခံကားကိုယ်စီဖြင့်နှစ်စဉ်လည်ပတ်ခဲ့ကြသော မန္တလေးမဟာသကြင်္န်ပွဲတော်သည် ယခုနှစ်တွင်ရေပက်ခံကားခနှုန်းထားမြင့်တက်လာနိုင်သောကြောင့် သကြင်္န်မတိုင်မီစက်သုံးဆီလုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ဆီစျေးနှုန်းထိန်းချုပ်ခြင်းနှင့် သက်ဆိုင်ရာဌာနများမှ ယာဉ်အန္တရာယ်ကင်းရှင်းရေးစီမံချက်ဖြင့်နေ့စဉ်လုပ်ဆောင်ရန်များစွာအရေးကြီးနေသည်။

”ဆီစျေးနှုန်းစျေးမတက်ဘူးဆိုရင် ရေပက်ခံကားအငှားစျေးလည်းတက်မှာမဟုတ်ဘူး၊ကားရှားလို့ စျေးတက်တာကနည်းတယ်၊ အဓိက သကြင်္န်ဆို ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ယာဉ်ကြောကျပ်တည်းမှုအခြေအနေနဲ့ ဆီစျေးက အဓိကပဲ”ဟု ကားအငှားလိုက်နေသူကိုမြင့်လှိုင်က ဆိုလာပြန်သည်။

ယခုနှစ်အတွင်း တရိပ်ရိပ်တက်လာသောစက်သုံးဆီစျေးနှုန်းကို ဝန်ကြီးဌာနများက သကြင်္န်မတိုင်မီအမြန်ထိန်းချုပ်ရန်လိုအပ်နေသကဲ့သို့ မြန်မာမှုသကြင်္န် လမ်းလျှောက်သကြင်္န်၊တောသကြင်္န်၊ အန္တရာယ်ကင်း ရှင်းသော သကြင်္န်အဖြစ်ပုံဖော်ရန်လည်း ယာဉ်ကျေးမှုမြို့တော်တွင်နေထိုင်သူများအားလုံး တာဝန်ရှိနေပေသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here