ရုရှားသမ္မတ Vladimir Putin ပြည်တွင်းဖြစ် စီးတော်ယာဉ်ဇိမ်ခံကားအသစ် စီးနင်းအသုံးပြု

643

ရုရှားနိုင်ငံသမ္မတကြီး Vladimir Putin သည် ၎င်း၏ သမ္မတသက်တမ်းကာလအသစ် ပထမနေ့ဖြစ်သော ပြီးခဲ့သည့် တနလင်ာ္နေ့က Kremlin ရင်ပြင်သို့ သွားရာတွင် ပြည်တွင်းဖြစ် ပွဲတက်မော်တော်ယာဉ်များ စီးနင်းအသုံးပြုလေ့ရှိကြသည့် ဆိုဗီယက်ခေတ် ခေါင်းဆောင်တို့၏ အစဉ်အလာနှင့်အညီ ရုရှားနိုင်ငံထုတ် လေးထောင့်စပ်စပ် ကိုယ်ထည်ရှိသည့် အနက်ရောင် လီမိုဇင်းဇိမ်ခံကားအသစ်ကို အသုံးပြုခဲ့ကြောင်း မေ ၇ ရက်တွင် Car And Bike ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

သမ္မတ Putin သည် ယခင်က အခမ်းအနားများ တက်ရောက်ရာတွင် Mercedes-Benz ကားတစ်စီးကို အသုံးပြုလေ့ရှိပြီး ယခု စီးနင်းအသုံးပြုသော Senate Limousine အမည်ရှိ စီးတော်ယာဉ်သစ်မှာ အခမ်းအနားများတွင် ပြည်တွင်းဖြစ်ကားများကိုသာ အသုံးပြုခဲ့ကြသည့် ဆိုဗီယက်ခေတ် ခေါင်းဆောင်များ၏ အစဉ်အလာကို တစ်ကျော့ပြန်ကျင့်သုံးသည့်အနေဖြင့် စီးနင်းခဲ့ခြင်းဖြစ်သည်။ ယခင် ဆိုဗီယက်ခေါင်းဆောင်များသည် ZIL Limousine များကို အသုံးပြုခဲ့ပြီး အဆင့်နိမ့်အရာရှိများသည် Chaikas ၊ သို့မဟုတ် Seagulls ကဲ့သို့သော ယာဉ်မောင်းပါဝင်သည့် မော်တော်ယာဉ်များကို အသုံးပြုစီးနင်းခဲ့ကြသည်။ Putin သည် ပြီးခဲ့သည့် သမ္မတသက်တမ်းကာလ သုံးခုစလုံးတွင် Mercedes Pullman ကားတစ်စီးကိုသာ စီးတော်ယာဉ်အဖြစ် အသုံးပြုခဲ့သည်။ ယခုစီးတော်ယာဉ်အသစ်ကို နိုင်ငံ့ဘ@ာငွေမှ အမေရိကန်ဒေါ်လာ ၁၉၇ သန်း သုံးစွဲမည့် စီမံကိန်းဖြင့် ၂ဝ၁၃ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လီမိုဇင်းကားသစ်သည် Arsenal ဟု ခေါ်သည့် MPV အမျိုးအစားနှင့် Senate ဟု ခေါ်သည့် ရိုးရိုးရှင်းရှင်း ဆီဒန်ကားအမျိုးအစားတို့ ပါဝင်သော Aurus အမှတ်တံဆိပ် ကားတစ်စီးဖြစ်ကြောင်းနှင့် ကားနာမည်များမှာ Kremlin မျှော်စင်များကို အစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်ကြောင်း ရုရှား ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ကားအမျိုးအစားကို စီးပွားဖြစ်ရောင်းချသွားမည်ဖြစ်ပြီး ကားစျေးနှုန်းမှာ Mercedes MayBach ၊ Bentley ၊ Rolls Royce ကားများနှင့် အပြိုင်ရှိမည် ဖြစ်သည်။

Ref : Car and Bike

LEAVE A REPLY

Please enter your comment!
Please enter your name here