ရုရှားလူကုံထံတို့   တောရိုင်းတိရစ္ဆာန်များကို အိမ်မွေးတိရစ္ဆာန်သဖွယ် ကားပေါ်ခေါ်ဆောင်သည့်အလေ့အထ     တဖြည်းဖြည်းများပြား

994

ရုရှားနိုင်ငံမှ ကျိကျိတက်ချမ်းသာသည့် လူကုံထံအသိုင်းအဝိုင်းသည် တောရိုင်းတိရစ္ဆာန်များကို အိမ်မွေး တိရစ္ဆာန်များသဖွယ် သဘောထားကာ ၎င်းတို့၏တန်ဖိုးကြီး ဇိမ်ခံကားကြီးများပေါ် တင်ဆောင်သွားလာနေကြ သည်ကို တွေ့မြင်နေရသော်လည်း လက်ရှိဥပဒေများအရ မတားမြစ်နိုင်ကြောင်း ရုရှားယာဉ်ထိန်းရဲတပ်ဖွဲ့က ပြော ကြားသည်ဟု Daily Mail သတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။

 

အသက် ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် သူမ၏ဖခင်ဖြစ်သူတို့ စီးနင်းလာ သည့် Daily Mail ကားကြီ ပေါ်တွင် ခြသေင့်္ပေါက်တစ်ကောင် တင်ဆောင်ကာ သွားလာစဉ် အဆိုပါခြသေင့်္ပေါက်က မိန်းကလေး၏ကုတ်အကျအား ကိုက်ဆွဲထားပြီး ကားမောင်းနေသည့် ဖခင်ဖြစ်သူကိုလည်း သွားဖြဲမာန်ဖီနေသည်ကို အင်စတာ ဂရမ်လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ ဗီဒီယိုမှတ်တမ်းတွင် တွေ့မြင်ရသည်။ အခြားဗီဒီယိုဖိုင်တစ်ခုတွင်လည်း အမျိုးသားတစ်ဦးသည် ဝက်ဝံညိုကြီးတစ်ကောင်အား ၎င်း၏ Mercedes AMG ကားပေါ်တင်ဆောင်ကာ သွားလာနေသည်ကို တွေ့မြင်ရပြန်သည်။ ယခုကဲ့သို့ ယာဉ်ပေါ်တွင် တိရစ္ဆာန်များတင်ဆောင်သွားလာခြင်းမှာ ရုရှားနိုင်ငံ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများအရ ပြစ်မှု မမြောက်သဖြင့် ၎င်းတို့အနေဖြင့် အရေးယူ၍မရကြောင်း ရုရှားယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောသည်။ အန္တရာယ်ရှိသော တိရစ္ဆာန်ရိုင်းများကို အိမ်မွေးတိရစ္ဆာန်များကဲ့သို့ မွေးမြူလာကြသည့် ရုရှားလူကုံထံအရေအတွက်မှာ ပိုမို တိုးပွားလာသည်ဟုလည်း သိရသည်။ ဝက်ဝံတစ်ကောင် ကားပေါ်တင်ကာ သွားလာနေ သည့် အမျိုးသားက ”ကားပေါ်မှာ ကျားသစ်တွေတင်သွားကြတဲ့ ဒူဘိုင်းမင်းသားတွေအတွက် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုပေါ့”   ဟု လည်းကောင်း၊ ခြသေင့်္ ပေါက်တစ်ကောင်အား အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသော အမျိုးသားတစ်ဦးကလည်း ”လုံ ခြုံရေးအတွက် အာမခံပါတယ်” ဟုလည်းကောင်း ပြောဆိုနေ ပုံများကို ဗီဒီယိုဖိုင်များတွင် တွေ့ရသည်။

 

ဗီဒီယိုဖိုင်များ ကြည့်ခဲ့သည့် ရုရှားနိုင်ငံသားများ အထိတ်တလန့်ဖြစ်ခဲ့ကြပြီး ”အဲဒီ မိန်းကလေးမျက်နှာကို ရုတ်တရက် ထကိုက်မယ်ဆိုရင် အခုလို ဗီဒီယိုမှတ်တမ်း တင်ထားဦးမှာလား”၊ ”ဒီခြသေင့်္ကို ဘေးလွတ်ရာကို အမြန်ဆုံးလွှတ် ပေးလိုက်ပါတော့၊ သိပ်မကြာခင် ကြီးထွားလာပြီး ပထမဦးဆုံး သားကောင်ကို စမြည်းတော့မှာ”၊ ”သူ့သမီးအတွက် ကစားစရာလို့သဘောထားပြီး တောရိုင်းတိရစ္ဆာန်တစ်ကောင်ရဲ့ ဘဝကို ဖျက်ဆီးနေတာပဲ” စသဖြင့် အမျိုးမျိုးမှတ်ချက်ပြု ရေးသားခဲ့သည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here