ရုရှားမိုဒယ်   Irina Shayk     အသက်   ၃၁  နှစ်အရွယ်ရောက်မှ   လော့စ်ဇင်းဂျလိစ်၌    ကားမောင်းသင်

657

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ပေါ်တူဂီဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒို၏ ချစ်သူဟောင်း အသက် ၃၁ နှစ် အရွယ် နာမည်ကျော် ရုရှားမိုဒယ် Irina Shayk သည် ယာဉ်မောင်း လိုင်စင်ရရှိရန် လော့စ်ဇင်းဂျလိစ်၌ ကားမောင်းသင်နေပြီး ‘ပညာလို အိုသည်မရှိ’ ဟူသည့်စကားအား သက်သေပြလိုက်ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

အမေရိကန်လူမျိုး ထက်ဝက်ကျော်သည် အသက် ၁၈ နှစ် ပြည့်ပြီးသည်နှင့် ယာဉ်မောင်းလိုင်စင် ပိုင်ဆိုင်ထားကြသော်လည်း Irina Shayk ကမူ ယခု အသက်အရွယ်ရောက်မှ ကား မောင်းသင်နေခြင်း ဖြစ်သည်။  ခေါင်းစွပ်အကျၤီ အနက်နှင့် ဘောင်းဘီအနက်ရောင်ကို ဆင် တူဝတ်ကာ လတ်တလောခေတ် စားနေသည့် ဖိနပ်ပါးကို လွတ်လပ်ပေါ့ပါးသည့် အသွင်ဖြင့် တွဲဖက်ဝတ်ဆင်ထားသည့် မိုဒယ် Irina Shayk သည် ယာဉ်မောင်း နည်းပြဆရာ၏ သင်ကြားမှုကို စနစ်တကျ လိုက်နာသင်ယူနေပြီး နည်းပြဖြစ်သူအား ပြုံးရယ်ရွှင် မြူးစွာ တက်တက်ကြွကြွ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရသည်။

 

ကလေးတစ်ယောက်အမေ Irina Shayk သည် ပြီးခဲ့သည့် သီတင်းပတ်က ညို့အားပြင်းသည့် Catwoman ဝတ်စုံဝတ်ဆင်ကာ မျက်နှာအပါအဝင် တစ်ကိုယ်လုံးအား ကြောင်တစ်ကောင် အသွင်ပြင်ဆင်ခြယ်သ၍ ချစ်သူ မင်းသား Bradley Cooper နှင့် အတူ လော့စ်ဇင်းဂျလိစ်မြို့တွင်း အလည်ထွက်ခဲ့ပြီး ယင်းဝတ်စုံဖြင့် သူမ၏ဓာတ်ပုံကို ”ကြောင်လေးတစ်ကောင် အပြင်ထွက်တော့မယ်” ဟူသော စာသားရေးသားပြီး အင်စတာဂရမ် စာမျက်နှာ၌ တင်ခဲ့သည်ဟု သိရသည်။

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here