ရုရှားကားစျေးကွက် ကားရောင်းချရမှုပမာဏ  ၁၂ ရာခိုင်နှုန်းအထိ  မြင့်တက်မည်ဟု KIA မျှော်မှန်း

687

ရုရှားနိုင်ငံ၌ စီးပွားရေးတိုးတက်လာမှုကြောင့် မျှော်မှန်းထားသည်ထက် ဆောလျင်စွာ စီးပွားရေးနာလန် ထူလာခဲ့သည့်အတွက် ယခုနှစ်အတွင်း ရုရှားကားစျေးကွက်၏ ကားရောင်းချရမှုပမာဏ ၁၂ ရာခိုင်နှုန်း အထိ မြင့်တက်လာနိုင်သည်ဟု KIA ကုမ္ပဏီ၏ ရုရှားလုပ်ငန်းခွဲအကြီးအကဲ Alexander Moynov က ပြောကြားလိုက်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

 

ယခုနှစ်တွင် ရုရှားကားစျေးကွက်၏ ကားရောင်းချရမှုပမာဏမှာ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု KIA က ခန့် မှန်းခဲ့သော်လည်း ယခုအခါတွင်မူ ယမန်နှစ် ကားရောင်းအား ၁ ဒသမ ၄၃ သန်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် အစီးရေ ၁ ဒသမ ၅၇ သန်းမှ ၁ ဒသမ ၆ သန်းကြား ရောင်းချနိုင်လိမ့်မည်ဟု မျှော်မှန်း ထားကြောင်း Alexander Moynov က ပြောသည်။ ၂ဝ၁၂ ခုနှစ်တွင် ရုရှား၌ ကားအစီးရေ သုံးသန်း နီးပါးဖြင့် အမြင့်ဆုံးရောင်းအား ရရှိခဲ့သော်လည်း လွန်ခဲ့သည့် ၂ နှစ်အတွင်း ရုရှားစီးပွားရေးဇောက် ထိုးကျခဲ့ပြီးနောက် ကားစျေးကွက် သိသိသာသာ ထိခိုက်ခဲ့ရခြင်း ဖြစ် သည်။ သို့သော် စီးပွားရေးနာလန်ထစ ပြုလာသဖြင့် ကားလုပ်ငန်း အနာဂတ်မှာလည်း ယခုနှစ်တွင် အရောင်တောက်ပလာခြင်း ဖြစ်သည်။ KIA သည် AEB(Association of European Business) ၏ မော်တော်ယာဉ်ကော်မတီတွင် ပါဝင်ပြီး AEB က ၂ဝ၁၇ မော်တော်ယာဉ်ရောင်းအား မျှော်မှန်းချက်ကို ပြီးခဲ့ သည့် ဇန်နဝါရီလက ၁ ဒသမ ၄၈ သန်းဟု မျှော်မှန်းထားရာမှ ယခုနှစ် အောက်တိုဘာလတွင် ၁ ဒသမ ၅၇ သန်းဝန်းကျင် ရှိနိုင်သည်ဟု ပြောင်းလဲမျှော်မှန်းခဲ့သည်။ Moynov က ၂ဝ၁၈ ခုနှစ်တွင် ကားစျေးကွက် ဆက်လက်ဖွံ့ဖြိုးနိုင်ပြီး ရောင်းအားမျှော်မှန်းချက် ၁ ဒသမ ၈ သန်းအထိ ရှိနိုင်သည်ဟု ဆိုသည်။ KIA နှင့် Hyundai  တို့သည် ရုရှားစီးပွားရေးကျဆင်းနေ ချိန်တွင် စျေးကွက်ဝေစု ပိုမိုရရှိနိုင်ရေးအတွက် အရည်အသွေးကောင်းပြီး စျေးနှုန်းသက်သာသည့် ကားများ ထုတ်လုပ်ရန် အာရုံစိုက်လုပ် ဆောင်ခဲ့သည်။

 

ယခုနှစ် ဇန်နဝါရီလမှသြဂုတ်လအတွင်း ရုရှားကားစျေးကွက် ကားရောင်းချရမှု ပမာဏ၏ ၁၁ ဒသမ ၉ ရာခိုင်နှုန်းမှာ KIA အမှတ် တံဆိပ် ကားများဖြစ်ပြီး ယမန်နှစ် ကာလတူ ရောင်းအား ၁ဝ ဒသမ ၄ ရာခိုင်နှုန်းထက် မြင့်တက်ခဲ့သည်။ ရုရှားတွင် Lada အမှတ် တံဆိပ်ပြီးနောက် KIA သည် ဒုတိယမြောက် ရေပန်းအစားဆုံး ကားအမှတ်တံဆိပ် ဖြစ်သည်။ ကားဝယ်ယူမှုများ၏ ၄၅ မှ ၅ဝ ရာခိုင်နှုန်းမှာ အကြွေးဝယ်စု ဝယ်စနစ်ဖြင့် ဝယ်ယူကြခြင်းဖြစ်ပြီး အတိုးနှုန်းသက်သာခြင်းက ကားရောင်းအားကို အထောက်အကူ ဖြစ်စေခဲ့သည်ဟု Moynov က ဆိုသည်။

Ref: Reuters, Auto News

LEAVE A REPLY

Please enter your comment!
Please enter your name here